ကစားသမားတိုင်းသွားချင်နေတဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကိုငြင်းပြီး မန်ယူမှာပဲ ဆက်နေမယ်ဆိုတဲ့ သရဲနီစစ်စစ်မက်ဂွိုင်းယား

မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမတ်ဂွဲယားဟာ လက်ရှိ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အခွင့်အရေးတချို့ကို ငြင်းဆန်ပြီး မန်ယူနိုက်တက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။မတ်ဂွဲယားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း တော်တော်လေးကို ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အသင်းပရိသတ်တွေကတောင် မတ်ဂွဲယားကို အသင်းကနေ ရောင်းချလိုက်ဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။




ဒါပေမဲ့ နည်းပြသစ် တန်ဟတ်ဟာ လာမယ့်ဘောလုံးရာသီမှာလည်း အသင်းရဲ့ ကပ္ပတိန် အဖြစ် မတ်ဂွဲယားကပဲ ဆက်ပြီးတော့ ရှိနေမယ်ဆိုတာကို ကြေညာခဲ့ပြီးတဲ့နောက် အသင်းမှာ ဆက်ရှိနေမယ့် အကြောင်းကို အတည်ပြု သွားခဲ့ပါတယ်။Mirror သတင်းစာရဲ့ အဆိုအရ ဘာစီလိုနာဟာ လက်ရှိ နွေရာသီ ဈေးကွက်ထဲမှာ မတ်ဂွဲယားကို ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မတ်ဂွဲယားကတော့ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို သူ့ရဲ့ ကိုယ်စားလှယ်တွေကနေတဆင့် ငြင်းပယ်မှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ မတ်ဂွဲယားဟာ ဖရန့်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့မှာ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ဒါပေမဲ့ မတ်ဂွဲယားကတော့ မန်ယူနိုက်တက်ကို စွန့်ခွာပြီး၊ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် လုံးဝကို ဆန္ဒမရှိခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားခဲ့ကြတာပါ။




သတင်းတွေရဲ့ ဖော်ပြချက်ထဲမှာ ” ဝေဖန်မှုတွေ ခံနေရတဲ့ အချို့သော ကစားသမားတွေ အတွက် ဘာစီလိုနာကသာ ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အသင်းပြောင်းဖို့ အတွက်ကို တော်တော်လေး စိတ်အားထက်သန်လျက် ရှိနေမှာပါ၊




ဒါပေမဲ့ ဟယ်ရီကတော့ မတုန်မလှုပ်နဲ့ ဖြစ်နေခဲ့တာပါ၊ သူက မန်ယူနိုက်တက်နဲ့ အတူ အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ချင်နေတာပါ၊ ဒီလိုမျိုး စိတ်ဓာတ်ကြံ့ခိုင်မှုတွေက တန်ဟတ်လိုချင်နေတာနဲ့ ကွက်တိပါပဲ၊ လာမယ့်ရာသီမှာ သူ အကောင်းဆုံးလုပ်ပြပါလိမ့်မယ် ” လို့ ပါရှိခဲ့ပါတယ်။မတ်ဂွဲယားနဲ့ နီးစပ်တဲ့ သူငယ်ချင်းတစ်ဦးကလည်း ” မတ်ဂွဲယားက ပြီးခဲ့တဲ့ ရာသီက ပုံစံကောင်းတွေ ပြသနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် ဝေဖန်မှုတွေကို တော်တော်လေး ခံခဲ့ရတာပါ၊




ဒါပေမဲ့ ကျွန်တော်တို့ ဟာ တကယ့် ဂန္ဓဝင် ကစားသမားကြီးတွေလို့ သက်မှတ်ထားကြတဲ့ ကစားသမားတွေမှာတောင် မတ်ဂွဲယားထက် ပိုဆိုးတဲ့ ဆိုးရွားတဲ့ ပွဲစဉ်တွေကို ကြုံတွေ့ခဲ့ ကြရတာပါ၊ တစုံတယောက်က ဈေးနှုန်းတဲ့ထိုက်တန်တဲ့ ခြေစွမ်းပြရမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။မတ်ဂွဲယားဟာ လီဗာပူးလ်ကို (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်ကို လွဲချော်ခဲ့ရပေမဲ့ နောက်ထပ် (၃)ပွဲမှာတော့ မန်ယူနိုက်တက်ရဲ့ ခံစစ်နေရာမှာ ပါဝင်လာခဲ့တာကိုတွေ့ခဲ့ရပါတယ်။




အသင်းရဲ့ ခံစစ်ပိုင်းမှာ အေဂျက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ကိုလည်း မန်ယူနိုက်တက်ကိုလည်း ခေါ်ယူထားခဲ့ပြီး ဖြစ်တာကြောင့် မတ်ဂွဲယားအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် ခြေစွမ်းကောင်းတွေ ပြန်လည်ပြီးတော့ပြသနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ဒါပေမဲ့ တန်ဟတ်ကတော့ လာမယ့်ရာသီသစ်မှာလည်း မတ်ဂွဲယားက အသင်းရဲ့ ပထမဦးစားပေး ကစားသမား ဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.