ရော်နယ်ဒိုကို ခေါ်မှာလား မခေါ်ဘူးလားဆိုတာ အတည်ပြုပြောကြားလာတဲ့ အက်သလက်တီကို ဥက္ကဌ

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်၀င်ခွင့်မရတဲ့ မန်ယူအသင်းကနေထွက်ဖို့ အပြင်းအထန်ကြိုးစားနေတာဖြစ်ပြီး အက်သက်လက်တီကိုမက်ဒရစ်နဲ့ အပြောင်းအရွေ့သတင်းတွေထွက်နေတာဖြစ်ပါတယ်။




မနေ့ကတော့ မန်ချက်စတာမြို့ကို ရောက်ရှိလာပြီး နည်းပြတန်ဟန်နဲ့ မန်ယူဘုတ်အဖွဲ့တွေကို သူရဲ့အနာဂတ်အကြောင်းဆွေးနွေးခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ ချန်ပီယံလိဂ်ကန်ရဖို့ဖြစ်ပြီး မန်ယူအသင်းကထွက်ခွာချင်နေတာဖြစ်ပါတယ်။

မန်ယူအသင်းကလည်း နည်းပြတန်ဟန်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ရော်နယ်ဒိုဟာ ရောင်းဖို့မဟုတ်ဘူးလို့ ပြောကြားရင်း အသင်းမှာပဲ ဆက်ထိန်းထားဖို့ ကြိုးစားနေပါတယ်။




အက်သလက်တီကိုအသင်းထံ ရော်နယ်ဒိုဟာ အငှားဖြစ်ဖြစ်တစ်ရာသီလောက်သွားကစားမယ်လို့ သတင်းတွေထွက်နေတဲ့ အပေါ် အက်သလက်တီကိုဥက္ကဋ္ဌကတော့ ရော်နယ်ဒိုကို သူတို့အသင်းကခေါ်မယ်ဆိုတာ မဖြစ်နိုင်ကြောင်းပြောပြခဲ့ပါတယ်။




အက်သက်လက်တီကို ဥက္ကဌဖြစ်သူ Enrique Cerezo မှ ရော်နယ်ဒို အပြောင်းအရွေ့နှင့်ပက်သက်ရ်” Cristiano Ronaldo နဲ့ ကျွန်တော်တို့အသင်းရဲ့အပြောင်အရွေ့ပုံပြင်လေးကို ဘယ်သူက စပြီးတီထွင်လိုက်လဲကျွန်တော်တို့မသိပါဘူး ပြီးတော့ ဒါတွေဟာလည်းလုံး၀မမှန်ကန်ပါဘူး”




“Cristiano အနေနဲ့လည်း Atletico ကိုလာရောက်ကစားဖို့ဆိုတာ သူ့အနေအထားနဲ့လက်တွေ့မှာမဖြစ်နိုင်ပါဘူး”ဟူရ်ပြောကြားခဲ့ကြောင် Fabrizio Romano မှ ပြောကြားခဲ့သည်။




အက်သက်လက်တီကိုအသင်းရဲ့ ပရိတ်သတ်တွေကလည်း သူတို့အသင်းရဲ့ မဟာရန်သူတော်ကြီး ရော်နယ်ဒိုကို မခေါ်ယူဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

crd

Leave a Reply

Your email address will not be published.