မန်ယူအသင်းကို မထင်ထားပဲ ရောက်လာတာလို့ ရင်ဖွင့်ပြောကြားလာတဲ့ အဲရစ်ဆင်

“မန်ချက်စတာ ယူနိုက်တက်ကစားသမား ဖြစ်ရတာ သိပ်ကိုထူးခြားပါတယ်”ဆိုတဲ့ အဲရစ်ဆင်ရဲ့ အိုးထရက်ဖို့ဒ်ရောက် ပထမဆုံး ရင်ဖွင့်စကားသံများ မနေ့က ညနေပိုင်းမှာ မန်ယူနိုက်တက်တို့ဟာ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို တရားဝင်ခဲ့ ပြီ ဖြစ်ကြောင်းကို အသင်းဂျာစီနဲ့တကွ မိတ်ဆက်ကာ ကြေညာမှုတွေ ပြုလုပ်သွားခ့ဲပါတယ်။




အဲရစ်တင်အနေနဲ့ မန်ယူနိုက်တက်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး ဘရန့်ဖို့ဒ် အသင်းထံကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာလည်းပဲ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိနေပြီ ဖြစ်တဲ့ အဲရစ်ဆင်ကတော့ မန်ယူနိုက်တက်နဲ့အတူ စွန့်စားခန်း အသစ်တွေကို ရင်ဆိုင်သွားရတော့မှာပဲဖြစ်ပါတယ်။

လီဆန်ဒရို မာတီနက်ရဲ့ တရားဝင်အပြောင်းအရွှေ့အတွက် ကြေညာမှုကိုတော့ မန်ယူနိုက်တက်ဘက်ကနေ ဒီနေ့မှာ ကြေညာသွားဖွယ်ရှိနေတယ်လို့လည်း သတင်းတွေဘအရ သိရပါတယ်။အဲရစ်ဆင် အနေနဲ့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့် ရခဲ့တာနဲ့ ပတ်သက်ပြီး ပမထဆုံး အင်တာဗျူး အစီအစဥ်မှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။




အဲရစ်ဆင်က ” အရမ်းကို သစ်လွင်ပါတယ်၊ မယုံနိုင်စရာပါပဲ၊ဒါတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တေယ် တကယ်ကို မထင်ထားခဲ့တာပါ၊ ဒါ့ကြောင့်မလို့ ခင်ဗျားပြောသလိုပါပဲ မန်ယူနိုက်တက် ကစားသမားတစ်ယောက် ဖြစ်ရတာကညအရမ်းကို ထူးခြားပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။အဲရစ်ဆင်ဟာ ၂၀၂၀ယူရိုပြိုင်ပွဲမှာ နှလုံးအမောဖောက်ကာ အသက်ဆုံးရှုံးကလုနီးပါးအထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အပြီး ၂၀၂၁ ခုနှစ်မှာ ဘရန့်ဖို့ဒ်အသင်းကို ပြောင်းရွှေ့ပြီး ကစားသမားဘဝကို တဖန်ပြန်လည် စတင်နိုင်ခဲ့တာလည်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်မှာ ကစားခဲ့ပြီး နွေစျေးကွက်ထဲမှာ မန်ယူနိုက်တက်ထံကို ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။




အဲရစ်ဆင်အနေနဲ့ ပရီးမီးယားလိဂ်မှာ ထပ်ကစားဖို့ အစီအစဥ်မရှိသေးပဲနဲ့ မန်ယူနိုက်တက်ထံကို ပြောင်းရွှေ့လာဖြစ်ခဲ့တဲ့ အကြောင်းတွေကိုလည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။အဲရစ်ဆင်က “ကျွန်တော့်ရဲ့ အစီအစဥ်တွေက ယူကေမှာ ဘောလုံးဆက်ကစားဖု့ိ ်ဟုတ်ခဲ့ပါဘူး၊ မန်ယူနိုက်တက်ကို မပြောင်းလာခင် ကျွန်တေယ့်ရဲ့ အချိန်တွေကို စဥ်းစားဖြစ်ခဲ့ပါတယ်၊ ကျွန်တော် စပါးမှာ ရှိခဲ့တယ်၊ အဲ့ဒီနောက် အီတလီကို သွားကစားခဲ့တယ်၊ အခုတော့ ဒီနေရာမှာ ရှိနေပါပြီ၊




ကျွန်တော် ဒါကို လုံးဝကို မျှော်လင့်မထားခဲ့တာပါ၊ ဒါပေမဲ့ ဒီနေရာမှာ ရှိနေရတာကိုညကျွန်တော် အရမ်းပဲ ပျော်ပညတယ်၊ ကောင်းမွန်တဲ့ ခံစားချက်တွေကို ခံစားရပါတယ်၊ ဒီနေရာမှာရှိနေရတာ တော်တော်လေးကို ကောင်းပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။မန်ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်သူ တန်ဟတ်ဟာ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် အသင်းရဲ့ ဘုတ်အဖွဲ့ထံကို တိုက်ရိုက်တောင်းဆိုခဲ့တာ ဖြစ်ပြီး လာမယ့်ရာသီ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမိုအင်အားတောင့်တင်းစေဖို့ အတွက် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။




လက်ရှိမှာ အဲရစ်ဆင်ဟာ ၂၀၂၀ ယူရိုပြိုင်ပွဲက အ​ြဖစ်အပျက်အပြီး ဘောလုံးပြန်ကစားခွင့်ရနေခဲ့ပေမဲ့ နှလုံးမှာ စက်တပ်ပြီးတော့သာ ကစားနေခဲ့ရတာ ဖြစ်ပါတယ်။အဲရစ်ဆင်ရောက်ရှိလာမှုကြောင့် ကွင်းလယ်နေရာအတွက် ပြိုင်ဘက်ကင်းနေတဲ့ ဖာနန်ဒက်စ်အတွက်လည်း ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်လာရတော့မှာ ဖြစ်ပြီး လာမယ့်ရာသီအတွက် မန်ယူနိုက်တက် ကွင်းလယ်မှာ အတွဲအဖက် အသစ်တွေကို မြင်တွေ့သွားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.