တစ်နှစ်သက်တမ်းတိုးမယ် ဒါပေမယ့် သူတို့တောင်းဆိုတာ လိုက်လျောရမယ်လို့ ရော်နယ်ဒိုနဲ့အေးဂျင့်က တောင်းဆိုအကြပ်ကိုင်

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်၀င်ခွင့်မရတဲ့ မန်ယူအသင်းကနေထွက်ဖို့ အပြင်းအထန်ကြိုးစားနေတာဖြစ်ပြီး အက်သက်လက်တီကိုမက်ဒရစ်နဲ့ အပြောင်းအရွေ့သတင်းတွေထွက်နေတာဖြစ်ပါတယ်။

မနေ့ကတော့ မန်ချက်စတာမြို့ကို ရောက်ရှိလာပြီး နည်းပြတန်ဟန်နဲ့ မန်ယူဘုတ်အဖွဲ့တွေကို သူရဲ့အနာဂတ်အကြောင်းဆွေးနွေးခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ ချန်ပီယံလိဂ်ကန်ရဖို့ဖြစ်ပြီး မန်ယူအသင်းကထွက်ခွာချင်နေတာဖြစ်ပါတယ်။

မန်ယူအသင်းကလည်း နည်းပြတန်ဟန်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ရော်နယ်ဒိုဟာ ရောင်းဖို့မဟုတ်ဘူးလို့ ပြောကြားရင်း အသင်းမှာပဲ ဆက်ထိန်းထားဖို့ ကြိုးစားနေပါတယ်။

ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒတ်ကတော့ မန်ချက်စတာဟူနိုက်တက် အနေနဲ့ ခရစ္စတီဟာနိုရော်နယ်ဒိုကို သက်တမ်းတိုးဖို့ တောင်းဆိုခဲ့ပါတယ်။ အပြန်အလှန်သဘောမျိုးဖြင့်

အသင်းအနေနဲ့ ယခုရာသီမှာ ကစားသမားကို အငှားထွက်ခွာခွင့်ပေးရမယ်လို့ဆိုခဲ့ပြီး ပေါ်တူဂီသားဟာ ယခုနှစ်မှာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ လက်ရှိနည်းပြသစ်တန်ဟန်နဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေမှာ ရှုံးပွဲမရှိသေးပဲ ဂိုးတွေဆက်တိုက်သွင်းနေပြီး ၃ပွဲနိုင် ၁ပွဲ သရေဆိုတဲ့ ရလဒ်ထွက်ပေါ်ထားပါတယ်။

မာလာစီယာ၊အဲရစ်ဆင် နဲ့ မာတီနက်ဇ်တို့ကိုလည်း တရား၀င်ခေါ်ယူနိုင်ခဲ့ပြီသလို လက်ရှိတိုက်စစ်ကလဘ်း ခြေစွမ်းပြနေပြီး မာရှယ်၊ဆန်ချိုနဲ့ ရက်ဖို့ဒ်တို့ကလည်း ဂိုးမြူးနေပါတယ်။ဒါပေမယ့်အပြောင်းအရွေ့မပိတ်ခင်မှာ တိုက်စစ်မှူးတစ်ဦးလောက်ခေါ်ဦးမယ်လို့သိရပါတယ်။

crd

Leave a Reply

Your email address will not be published.