ရော်နယ်ဒိုကို မန်ယူမှာဆက်နေဖို့ နားချရန် ကာရစ်တန်ကို ရောက်ရှိလာတဲ့ ဖာဂူဆန်

ရော်နယ်ဒိုက ဒီနေ့မှာပဲ မန်ချက်စတာမြို့ကို ရောက်ရှိလာခံပြီး ယခုအခါမှာတော့ ကာရစ်တန်လေ့ကျင့်ရေးကွင်းကို သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒတ်နဲ့အတူ ရောက်ရှိလာပြီပဲဖြစ်ပါတယ်။




မန်ယူအသင်းရဲ့ ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ဟာလည်း ကာရစ်တန်လေ့ကျင့်ရေးကွင်းက်ု ရောက်ရှိလာပြီပဲဖြစ်ပါတယ်။မန်ယူအသင်းရဲ့ ဂန္ဓ၀င်နည်းပြ ဖာဂူဆန်ဟာလည်း ကာရစ်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ရော်နယ်ဒိုက အစပိုင်းမှာ ချန်ပီယံလိဂ်မရတဲ့ မန်ယူအသင်းကနေ ထွက်ချင်တယ်လို့ မန်ယူအသင်းထံတောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေက ဖော်ပြခဲ့ပါတယ်။




လက်ရှိအချိန်ထိလည်း ချန်ပီယံလိဂ်၀င်ခွင့်ရတဲ့ အသင်းတွေဖြစ်တဲ့ အေတီကို၊ချဲလ်ဆီးတို့လိုအသင်းတွေနဲ့ အပြောင်းအရွေ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။




ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်မှာ စံချိန်ပေါင်းများစွာ စိုက်ထူထားတဲ့ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ဘုရင်ကြီးလို့တောင် တင်စားရတဲ့ ကစားသမားဖြစ်ပါတယ်။သူရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားသက်တမ်းတစ်လျောက် ယူဒိုပါလိဂ်ကိုတစ်ခါမှမကစားဖူးပါဘူး။




ဒါကြောင့် မန်ယူမှာဆက်နေဖို့ မဖြစ်နိုင်ဖူးဆိုပေမယ့် ဖာဂူဆန်ပါ ပါ၀င်လာတာကြောင့် မန်ယူမှာလည်း ဆက်နေဖို့ဖြစ်သွားနိုင်ပါတယ်။မန်ယူကိုမလာခင်မှာ မန်စီးတီးကို ပြောင်းမယ်လို့သတင်းတွေထွက်ခဲ့ပေမယ့် အပြောင်းအရွေ့မှာ ဖာဂူဆန်ပါ၀င်လာတာကြောင့် မန်ယူကို ရောက်ရှိလာတာဖြစ်ပါတယ်။




မန်ချက်စတာယူနိုက်တက်နဲ့ နည်းပြတန်ဟန်တို့ကလဘ်း ရော်နယ်ဒိုကို ဆက်လက်ထိန်းသိမ်းလိုနေပြီး တန်ဟန်ကတော့ ရော်နယ်ဒိုဟာ ရောင်းဖို့မဟုတ်ဘူးလို့ အတိအလင်းပြောကြားထားပါတယ်။

crd

Leave a Reply

Your email address will not be published.