နည်းပြတန်ဟန်နဲ့ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး မန်ယူမှာပဲ ဆက်နေတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီနေ့မှာပဲ မန်ချက်စတာမြို့ကိုရောက်လာပြီး နည်းပြသစ်တန်ဟန်နဲ့ သူ့ရဲ့အနာဂတ်အကြောင်းစတင်ဆွေးနွေးခဲ့ပါတယ်။




ရော်နယ်ဒိုဟာ ခုချိန်ထိအသင်းနဲ့မပူးပေါင်းသေးသလို ရာသီကြိုခြေစမ်းပွဲ၄ပွဲမှာလည်း တစ်ပွဲမှ ပါ၀င်ကစားခဲ့ခြင်းမရှိပါဘူး။မိသားစုကိစ္စကြောင့် အသင်းနဲ့မပူးပေါင်းသေးတာလို့တော့ အသင်းက်ုအသိပေးခဲ့ပါတယ်။

ဒါပေမယ့် ထွက်ပေါ်လာတဲ့သတင်းတွေအရ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်၀င်ခွင့်မရတဲ့ မန်ယူအသင်းမှာဆက်နေလိုစိတ်မရှိပဲ ချန်ပီယံလိဂ်၀င်ခွင့်ရတဲ့ အသင်းတစ်သင်းသင်းကိုသာ ပြောင်းရွေ့ကစားလိုတယ်လို့သိရပါတယ်။




မန်ယူအသင်းကတော့ ရော်နယ်ဒိုကိုဆက်ထိန်းဖို့ကြိုးစားနေပြီး နည်းပြသစ်တန်ဟန်ကလည်းရော်နယ်ဒိုနဲ့အတူ ရှေ့ဆက်ဖို့ အစီအစဥ်တွေရှိတယ်လို့ ပြောရင်း ရော်နယ်ဒိုကရောင်းဖို့မဟုတ်ဘူးလို့လဲပြောကြားခဲ့ပါတယ်။




တန်ဟန်ရဲ့ လက်အောက် ခြေစမ်းပွဲ၄ပွဲမှာတော့ မန်ယူအသင်းဟာ လီဗာပူးကို ၄-၀၊မဲဘုန်းဗစ်တိုရီကို ၄-၁ ၊ခရစ္စတယ်ပဲလေ့စ်က်ု ၃-၁ နဲ့ အက်စတွန်ဗီလာကို ၂-၂ ဆိုတဲ့ ရလဒ်ထွက်ပေါ်အောင်ကစားနိုင်ခဲ့ပြီး တိုးတက်ကစားလာတဲ့ကစားဟန်နဲ့ကစားကွက်ကလည်းအားရစရာဖြစ်ပါတယ်။




ရော်နယ်ဒိုကတော့ နည်းပြသစ်တန်ဟန်ရဲ့စွမ်းဆောင်ရည်တွေကို သဘောကျနေပြီး ဒီနေ့မှာတော့ နည်းပြသစ်တန်ဟန်နဲ့ အကြိတ်အနယ်ဆွေးနွေးလို့အပြီးမှာတော့ မန်ယူမှာပဲ ဆက်နေမယ်လို့ ​ဆုံးဖြတ်ချက်ချခဲ့ပါတယ်။




ရော်နယ်ဒိုဟာ မနှစ်က ၂၄ဂိုးအထိသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၈ဂိုးအထိသွင်းကာ ပရီးမီးယားလိဂ်ရဲ့ တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.