နည်းပြတန်ဟန်နဲ့ သူ့ရဲ့အနာဂတ်အကြောင်းဆွေးနွေးရန် မန်ချက်စတာကို ဒီနေ့ရောက်လာပြီဖြစ်တဲ့ ရော်နယ်ဒို

ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီရာနို ရော်နယ်ဒိုဟာ နည်းပြ အဲရစ်တန်းဟက်ဂ်နဲ့ မန်ချက်စတာယူနိုက်တက်အနာဂတ်ကစားသမားဘဝ ဆွေးနွေးဖို့ရာအတွက် အင်္ဂလန်သို့ ပြန်လာခဲ့ပြီဖြစ်ပါတယ်။




ရော်နယ်ဒိုဟာ မိသားစုကိစ္စအကြောင်းပြပြီး ယူနိုက်တက်အသင်းရဲ့ ထိုင်းနဲ့ ဩစတြေးလျနိုင်ငံ ရာသီကြိုခြေစမ်းပွဲစဉ်တွေကို လွဲချော်ခဲ့သလို ယခုထက်ထိလည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းရသေးဘူးဖြစ်ပါတယ်။

အသက် (၃၇) နှစ်အရွယ်ကစားသမားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားလိုတာကြောင့် အိုးထရက်ဖိုဒ့်ကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားသူဖြစ်ကြောင်း သတင်းတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားကြတာဖြစ်ပါတယ်။




လက်ရှိမှာ ယူနိုက်တက်အသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိနေပြီဖြစ်တာကြောင့် ရော်နယ်ဒိုအနေနဲ့ မဖြစ်မနေအသင်းနဲ့ ပူးပေါင်းဖို့လိုတာကြောင့် အင်္ဂလန်ဆီ ပြန်လာခဲ့ရတာလို့လည်းဆိုပါတယ်။




အင်္ဂါနေ့မှာ ပြုလုပ်မယ့် လေ့ကျင့်ရေးအစီအစဉ်ကို ဘောလွန်းဒေါ ငါးဆုရှင်အနေနဲ့ ပူးပေါင်းမှာလားဆိုတာလည်း မသိသေးဘူးဖြစ်ပါတယ်။ ရော်နယ်ဒိုက ရာသီကြိုခြေစမ်းပွဲစဉ်တွေက ယူနိုက်တက်ရဲ့ ခြေစွမ်းက တိုးတက်လာတယ်လို့တော့ ယူဆနေတာဖြစ်ပါတယ်။




ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၁၈) ဂိုး သွင်းယူပေးထားသူဖြစ်ပေမယ့် အသင်းကတော့ ချန်ပီယံလိဂ်မဝင်ပဲ ရမှတ်အနည်းဆုံးရာသီအဖြစ် အဆင့် (၆) နေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။




ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်နှစ်ပွဲကစားဖို့ ကျန်ရှိနေသေးပြီး တစ်ပွဲကတော့ အက်သလက်တီကို မက်ဒရစ်ဖြစ်ကာ နောက်တစ်ပွဲကတော့ ရေယို ဗလီကာနိုဖြစ်ပါတယ်။ အဲ့ဒီနောက် ဩဂုတ်လ ၇ ရက်နေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.