ခြေစမ်းပွဲမှာ ခြေစွမ်းကောင်းတွေပြသနိုင်ပြီးဂိုးသွင်းနိုင်ခဲ့တာ နည်းပြရဲ့ အကြံပေးမှုတွေကြောင့်လို့ ရင်ဖွင့်လာတဲ့ ရက်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အားထားရတဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်က သူ့နဲ့အတူ အသင်းဖော်တွေဖြစ်တဲ့ မာရှယ်နဲ့ ဆန်ချိုတို့ကိုပါ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ နည်းပြ အဲရစ်တန်ဟတ်က လမ်းညွှန်မှုတွေ ပြုလုပ်ထားတဲ့ အကြောင်း ပြောဆိုလိုက်တာပါ။




ပြီးခဲ့တဲ့ရာသီ၌ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ကြုံတွေ့နေခဲ့ရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်က ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး နိုင်ငံလက်ရွေးစင်အသင်းကပါ ရွေးချယ်ခြင်း မခံခဲ့ရတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြတန်ဟတ်ရဲ့ လက်အောက်မှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ၄ပွဲ၌ ၂ဂိုး သွင်းယူကာ ခြေစွမ်း ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသင်းဖော်တွေဖြစ်တဲ့ မာရှယ်နဲ့ ဆန်ချိုတို့ကတော့ ၃ဂိုးစီ သွင်းယူထားနိုင်ခဲ့ကြပါပြီ။ ရက်ရှ်ဖို့ဒ်က နည်းပြ တန်ဟတ်ရဲ့ အပြုသဘောဆောင်တဲ့ သင်ပြမှုတွေကြောင့် သူ့အနေနဲ့ ခြေစွမ်းပြန်လည် ပြသထားနိုင်ခြင်း ဖြစ်တဲ့ အကြောင်းကို “နည်းပြက ကစားသမားတွေနဲ့ ပတ်သက်လို့ အကောင်းမြင်ပေးနိုင်ပြီး ခြေစွမ်းကောင်းတွေ ပြသလာနိုင်အောင် ညွှန်ပြပေးတာကြောင့် ကစားသမားတွေ




အနေနဲ့လည်း အချင်းချင်းချိတ်ဆက်ကစားရာမှာ ပိုမိုလွယ်ကူ လာစေခဲ့တာ ဖြစ်ပါတယ်” “ပွဲကစားဖို့ပျော်ရွှင်နေတဲ့အခါ တက်ကြွစွာ ကစားနိုင်တာကြောင့် ကစားပုံမိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်” “ဒဏ်ရာပြဿနာကင်းကင်းနဲ့  ဒီခရီးစဉ်ကို ထွက်ခွာလာနိုင်တာကြောင့် ကြံ့ခိုင်မှု ပိုကောင်းလာသလို ခံစားလာရပြီး အခုအချိန်မှာ အသင်းသားတွေအားလုံးက ကြံ့ခိုင်းမှုပိုမို တိုးတက်လာပြီဖြစ်တာကြောင့် ရာသီသစ်မှာ ကောင်းမွန်စွာ ကစားနိုင်မှာပါ”




“ကျွန်တော်အတွေ့အကြုံအရ ပြောရရင်တော့ ဒီနှစ်ရဲ့ ရာသီကြိုလေ့ကျင့်မှုတွေက ကြုံဖူးသမျှထဲမှာ အထိရောက်ဆုံးလို့ ထင်ပါတယ်” “ဒီနှစ်မှာ ကျွန်တော်အနေနဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာပါ တိုးတက်မှုရှိလာအောင် လုပ်ဆောင်ထားနိုင်ပြီးတော့ ကောင်းမွန်တဲ့ ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်တွေကို ကြုံတွေ့ခဲ့ရတာကြောင့် ပျော်ရွှင်နေပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။




ယူနိုက်တက်အသင်းက နည်းပြအဲရစ်တန်ဟတ်လက်အောက်မှာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ၄ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၃ပွဲ အထိ နိုင်ပွဲ ရရှိခဲ့ပြီးနောက် အက်စ်တွန်ဗီလာ တစ်သင်းနဲ့သာ သရေရလဒ် ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။




နောက်ထပ်ခြေစမ်းပွဲစဉ်အဖြစ် ယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားသွားမှာကတော့ အိမ်ကွင်းအို့ထရက်ဖို့ဒ်ကွင်းကြီး၌ ကစားမယ့် ဗယ်လ်ကာနို အသင်းနဲ့ ပွဲစဉ်မတိုင်မီ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ကစားသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.