အာဆင်နယ်ကို ၄ဂိုးပြတ်ရှုံးပြီးနောက် ရော်နယ်ဒိုအမြန်ခေါ်ယူပေးဖို့ ချဲလ်ဆီးပရိတ်သတ်များတောင်းဆို

ဖလော်ရီဒါဖလား ခြေစမ်းပြိုင်ပွဲမှာ မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ၄-၀ နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးပရိသတ်တွေဟာ သူတို့အသင်းကို သူတို့ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။




ဂန်းနားတွေဟာ နည်းပြသောမတ်စ်တူချယ်ရဲ့ အသင်းကို ဂါဘရီရယ်ဂျီးဆပ်၊ မာတင်အိုဒီဂတ်၊ ဘူကာယိုဆာကာနဲ့ အဲလ်ဘတ်ဆမ်ဘီလိုကွန်ညာတို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းရော၊ ဒုတိယပိုင်းမှာပါ အသာစီးရယူနိုင်ခဲ့ပါတယ်။ 

ဒီပွဲကချဲလ်ဆီးအသင်းရဲ့ ရလဒ်နဲ့ခြေစွမ်းဟာ ပရိသတ်တွေအတွက် ဘယ်လိုမှလက်ခံနိုင်စရာ မရှိခဲ့ပဲ ရာသီသစ်ကို ဒီခြေနဲ့ဘယ်လိုမျိုး စတင်မှာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ ပရိသတ်တစ်ယောက်ကဆိုရင် “ ချဲလ်ဆီးကို အားပေးလာတဲ့ တစ်သက်နဲ့တစ်ကိုယ် အရှက်အရဆုံးပွဲပဲ ” လို့ မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်ကလည်း “ လိဂ်စတင်မယ့်အချိန်ကို ရွှေ့ပေးပါလား၊ ချဲလ်ဆီးက အဆင်သင့်မဖြစ်သေးလို့ ” ဆိုပြီး လှောင်ခဲ့ပါတယ်။




နောက်တစ်ယောက်ကတော့ “ ရာသီသစ်စတင်ဖို့ ၂ ပတ်ပဲကျန်တော့တယ်၊ ငါတို့တိုက်စစ်က သုံးစားမရသေးဘူး။ မင်းတို့ကြိုက်ကြိုက်မကြိုက်၊ ရော်နယ်ဒိုသာရှိရင် ဂိုးတွေရဖို့ သေချာတယ်၊ ရာသီသစ်ပထမဆုံးပွဲ မစမီသူ့ကိုခေါ်ဖို့ အချိန်ကျပြီလို့ ထင်တယ် ” ဆိုပြီး ပြောခဲ့ပါတယ်။




မန်ချက်စတာယူနိုက်တက် ဝါရင့်တိုက်စစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေပြီး ချဲလ်ဆီးအသင်းကလည်း ပြီးခဲ့တဲ့အပြောင်းအရွှေ့ အစောပိုင်းကာလတွေမှာ ရော်နယ်ဒိုကိုချိတ်ဆက်ခဲ့ပါသေးတယ်။




တစ်ဖက်က အာဆင်နယ်အတွက်တော့ ရာသီကြိုခြေစမ်းပွဲတွေမှာ အဓိကနိုင်ပွဲတစ်ပွဲ ရရှိခဲ့တာကြောင့် ရာသီသစ်အတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကပ်လွဲခဲ့ပေမယ့်




ဒီနွေရာသီမှာတော့ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဂျီးဆပ်နဲ့ အိုလက်ဆန်းဒါးဇင်ချန်ကို၊ ဖေဘီယိုဗီအဲရာ၊ မာကွင်ဟိုနဲ့ မတ်တာနာတို့ကိုလည်း ခေါ်ထားပါသေးတယ်။ နည်းပြမီခေးလ်အာတီတာရဲ့အသင်းဟာ ပုံစံအသစ်နဲ့ ပွဲထွက်လာခဲ့ပြီး ဂန်းနားဖန်တွေကတော့ အသင်းရဲ့ခြေစွှမ်းကို တော်တော်လေးအားရလျက်ရှိပါတယ်။

crd

Leave a Reply

Your email address will not be published.