အက်သလက်တီကိုပရိသတ်တွေဟာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို မခေါ်ယူဖို့ တွစ်တာမှာ campaign လုပ်ပြီး တောင်းဆိုလျက် ရှိနေပါတယ်။ ၃၇နှစ်သားဟာ ယူနိုက်တက်ကို ပြန်လာပြီး ၁နှစ်အကြာမှာပဲ အသင်းက ပြန်လည် ထွက်ခွာလိုနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားလိုနေပါတယ်။
ယခုနှစ်နွေရာသီအတွင်း ချဲလ်ဆီးအပါအဝင် ဥရောပအသင်းကြီးတွေနဲ့ ရော်နယ်ဒိုတစ်ယောက် သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဘယ်အသင်းကိုမှ ပြောင်းရွှေ့နိုင်ခြင်းမရှိသေးဘဲ
ယခုအချိန်မှာတော့ အက်သလက်တီကိုနဲ့ သတင်းတွေနဲ့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တီကိုပရိသတ်တွေကတော့ ရော်နယ်ဒိုကို မခေါ်ယူဖို့ လူမှုကွန်ရက်ကနေ အသင်းကို တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
“Contra CR7”လို့ခေါ်တဲ့ Hashtagကို အသုံးပြုပြီး တီကိုပရိသတ်တွေက ရီးရဲလ်ကစားသမားဟောင်းကိုသာ ခေါ်မယ်ဆိုရင် အသင်းဝင်မှု ဖျက်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “ရော်နယ်ဒိုသာ တီကို ကို လာမယ်ဆိုရင် ငါအသင်းဝင်ထားတာတွေ ဖျက်ပစ်မယ်။ ငါတို့အသင်းက လူဆိုးတွေကိုထားတဲ့ အရူးထောင်မဟုတ်ဘူး”လို့ ရေးသားခဲ့ပါတယ်။
နောက်တစ်ဦးကလည်း “ပေါ်တူဂီကကောင်ကို ခေါ်လိုက်တာထက် ကားလို့စ် မာတင် ထွက်သွားတာ ပိုကောင်းတယ်။ အရူးမထချင်စမ်းပါနဲ့”လို့ ဆိုပါတယ်။ နောက်တစ်ယောက်ကလည်း
ရော်နယ်ဒိုပုံအပေါ်မှာ အမှားခြစ်ထားတဲ့ပုံကို လူမှုကွန်ရက်ပေါ်တင်ပြီး သူ့ရဲ့သဘောထားကို ပြသခဲ့ပါတယ်။ ပရိသတ်တစ်ဦးကလည်း “ငါ့အသင်းကို ဘယ်တော့မှ မလာနဲ့။ ငါတို့ရဲ့ တန်ဖိုးက မင်းရဲ့ ရည်မှန်းချက်တွေထက် မြင့်တယ်”လို့ ဆိုပါတယ်။
သတင်းတွေအရ ပေါ်တူဂီသားဟာ အက်သလက်တီကိုထံ ပြောင်းရွှေ့ခွင့်ရဖို့ လစာလျော့ယူဖို့ အသင့်ဖြစ်နေကြောင်း သိရပါတယ်။
crd