မြေးကို ရှင်ပြုပေးချင်တဲ့စိတ်ကြောင့် ပင်ပန်းစွာ ဈေးရောင်းနေရှာတဲ့ အဘိုးတစ်ဦးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ မိုးစက်

မိုးစက်က လတ်တလောမှာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေနဲ့ လမ်းပေါ်မှာ ခက်ခဲစွာ ရုန်းကန်နေရသူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေ သူတစ်ယောက်ပါ ။




မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ် ။

အခုလည်း အသက်ကြီးပေမယ့် မြေးဖြစ်သူကို ရှင်ပြုပေးချင်တာကြောင့် လမ်းမထက်မှာ ပင်ပင်ပန်းပန်း ဈေးရောင်းကာ သမာအာဇီဝ ကျကျ လုပ်ကိုင်နေတဲ့ သက်ကြီး အဘိုးတစ်ဦးကို ကူညီမှုတွေ ပေးခဲ့ပြန်ပါတယ် ။ အလှူပုံတွေနဲ့ အတူ လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်း အရာလေးတွေကိုလည်း ရေးသားဖော်ပြထားပါသေးတယ် ။




“အဖိုးနဲ့အဖွားရဲ့ မြေးလေးကို ရှင်ပြုချင်လို့ပါ.”တဲ့ ။ မုန့်ဖတ်ထုပ်ရောင်းတဲ့ အပြုံးချိုချိုနဲ့အဘ ပေါ့ အဘ မုန့်ဖက်ထုပ်လေး အားပေးချင်လို့ပါ ..” ဟုတ်ကဲ့ ရပါတယ် သား အဘ မုန့်ဖက်ထုပ်ရောင်းပြီး မြေးလေးကိုရှင်ပြုပေးချင်တဲ့




အကြောင်းလေး လိုင်းပေါ်မှာ သိရလို့…” ဟုတ်ပါတယ် သား.. အဘရဲ့ သားလေးက မရှိတော့ဘူးဆိုတော့ မြေးလေးကိုရှင်ပြုပေးချင်တါပေါ့ကွယ်…”ဒါဆို အဘရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးမယ် မိုးဖွားတွေလဲ ကျနေပြီဆိုတော့




အဘဈေးရောင်းတာ သိမ်းပြီး အဘ အိမ်ကို ပြန်ကြရအောင်…” ဒီလိုနဲ့ အဘ အိမ်ကိုလိုက်သွားပြီး အဘဈေးရောင်းဖို့ အတွက် အိမ်မှာ သေချာပြင်ဆင်ပြီး လုပ်ကိုင်ပေးနေတဲ့ အဖွားနဲ့ ဆုံခဲ့ပါသေးတယ်။အဖွား ဒီအိမ်လေးက အပိုင်လား …” မဟုတ်ရပါဘူး သားရယ် …ငှါးနေတာပါ ၊ တစ်လကို (၆၀၀၀၀)ပေးရတယ်…” ဒီကြားထဲက အဖွားမြေးလေးအတွက် စုပေးနေတာပေါ့…” သူ့မှာ အဖေမရှိတော့ဘူးဆိုတော့ အဖိုးနဲ့အဖွား မှာ လုပ်ပေးရမယ့် တာဝန်ရှိတယ်လေဒါကြောင့် စုဖြစ်တာတောင် သိပ်မကြာသေးပါဘူး..”




ကဲ ဒါဆို အဖိုးနဲ့အဖွားရဲ့ ဆန္ဒလေးပြည့်သွားအောင်လို့ ၊ ဒီငွေလေး လက်ခံပေးပါနော်…” ဟာ..ပိုက်ဆံတွေက အများကြီးဘဲ…” (၅)သိန်းကျပ်ပါ အဖွား အဘတို့ အဖွားတို့ ဆန္ဒပြည့်မြောက်ဖို့အတွက် သားက တစ်သိန်းကျပ် မသန္တာဝင်း က မွေးနေ့အလှူအဖြစ် နှစ်သိန်းကျပ်ဆုရတနာ ဘုရားဆင်းတုတော် ရောင်းဝယ်ရေးက နှစ်သိန်း ကျပ် ၊ စုပေါင်းပြီး လှူဒါန်းပေးတာပါ အဖွား ..” ကျေးဇူးတင်ပါတယ် သားတို့ရယ်..” ဒါပေမယ့်လေ အဘတို့ အဖွားတို့ လက်ထဲမှာတော့ ပိုက်ဆံထားခဲ့ရင် ၊ ဒီအချိန်မှာ အန္တရာယ် ရှိနိုင်လို့ ကလေးတို့ ရှင်ပြုတော့မယ်ဆိုတာနဲ့ သားကို ဆက်သွယ်လိုက်ပါ …”” ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်

crd

Leave a Reply

Your email address will not be published.