မက်စီအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းပဲ ပြောကြားခဲ့တဲ့ ရော်နယ်ဒို

အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပြီး ရုပ်သံတင်ဆက်သူတစ်ဦးဖြစ်သူ ပီးယာ့စ်မော်ဂန်ကမက်ဆီနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက သူ့ကို ဘာပြောခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရော်နယ်ဒိုက မန်ယူကိုမပြောင်းခင်မှာ မော်ဂန်နဲ့တွေ့ဆုံ ညစာစားရင်း ပြောခဲ့တာဖြစ်ပါတယ်။




မော်ဂန်က သူ့ရဲ့ ပုံမှန်ရေးနေကျ သတင်းစာကော်လံမှာ ဒီအကြောင်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ “ခင်ဗျား ရင်ဆိုင်ခဲ့ရတဲ့အထဲမှာ ဘယ်သူက အကောင်းဆုံးကစားသမားလဲလို့ ကျွန်တော်က ရော်နယ်ဒိုကို မေးလိုက်ပါတယ်။ဒီအချိန်မှာ ကျွန်တော်တို့နှစ်ယောက်က တူရင်မှာရှိတဲ့ ရော်နယ်ဒိုအကြိုက်ဆုံး စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေတာပါ။ သူက အဲဒီအချိန်တုန်းက ယူဗင်တပ်စ်မှာ ကစားနေဆဲဖြစ်ပြီး မန်ယူကိုပြောင်းဖို့ မဆုံးဖြတ်ရသေးပါဘူး”

“ကျွန်တော်နဲ့ ရော်နယ်ဒိုက အကောင်းစားဂျပန်စာကိုစားပြီး အီတလီဝိုင်နီကို သောက်နေကြပါတယ်။ ကျွန်တော်ကတော့ ပိုသောက်ဖြစ်တယ်ထင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ဘောလုံးအကြောင်းလည်း




ပြောဖြစ်ကြပါတယ်။ ဒီအချိန်မှာ သူရင်ဆိုင်ခဲ့ရတဲ့အထဲမှာ ဘယ်ဘောလုံးသမားက အကောင်းဆုံးလဲလို့ကျွန်တော်က မေးလိုက်တာပါ”“သူက မက်ဆီလို့ဖြေပါတယ်။ တကယ်လားလို့ ကျွန်တော်က မေးလိုက်ပါတယ်။




သူက သူ့ရဲ့အကြီးမားဆုံးပြိုင်ဘက် မက်ဆီကိုရွေးလိုက်လို့ ကျွန်တော် အံ့ဩသွားတာပါ။ ဒါနဲ့ရော်နယ်ဒိုကဆက်ပြောပါတယ်။ မက်ဆီက သူရင်ဆိုင်ခဲ့ရတဲ့အထဲမှာ အကောင်းဆုံး ဘောလုံးသမားဖြစ်တယ်လို့ ရော်နယ်ဒိုက ထပ်ပြောပါတယ်။အဲဒီနောက်တော့ သူက ရယ်လိုက်ပါတယ်။ ပီယာ့စ် ခင်ဗျားမေးတဲ့မေးခွန်းမှားနေပြီလို့ ပြောပါတယ်။




ကျွန်တော်က ဒါဆိုမေးခွန်းအမှန်က ဘာဖြစ်ရမှာလဲလို့ ပြောလိုက်တော့ ရော်နယ်ဒိုက ဘယ်သူကအကြီးကျယ်ဆုံးကစားသမားလဲလို့ ခင်ဗျားမေးရမှာလေလို့ ပြောလိုက်ပါတယ်။




ဒီမေးခွန်းရဲ့အဖြေကို ကျွန်တော်သိပါတယ်လို့ ကျွန်တော်ပြန်ပြောလိုက်တော့ ရော်နယ်ဒိုက ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ပြီးတော့ ဝိုင်ခွက်ကို ကိုင်လိုက်ပါတယ်။ ရော်နယ်ဒိုက သူသာလျှင် ကမ္ဘာ့အကြီးကျယ်ဆုံးကစားသမားလို့ ယုံကြည်နေပုံပါပဲ”လို့ ပီယာ့စ်မော်ဂန်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.