နည်းပြသစ်အောက် ခြေစွမ်းပွဲတွေမှာ ပြသခဲ့တဲ့ သူ့ခြေစွမ်းအပေါ် အမှန်အတိုင်း ရင်ဖွင့်ပြောကြားလာတဲ့ ရက်ဖို့ဒ်

ယူနိုက်တက် အသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲ ကစားခွင့် ရတာဟာ တန်ဖိုး ဖြတ်မရကြောင်း ထုတ်ဖော် ပြောကြားလိုက်ကာ




အင်္ဂလန် အသင်းထံ ပြန်သွားဖို့တော့ အင်တင်တင် ဖြစ်နေပါတယ်။ ယူနိုက်တက် စတားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ယူရို ၂၀၂၀ မှာ အီတလီကို အရေးနိမ့်ခဲ့တုန်းကလည်း ရက်ရှ်ဖို့ဒ်တစ်ယောက် ပင်နယ်တီ လွဲချော် ခဲ့သေးတာ ဖြစ်ကာ အဲ့နောက် စွမ်းဆောင်ရည် နဲ့ဒဏ်ရာ အခြေအနေကြောင့် အင်္ဂလန် အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နည်းပြသစ် တန်ဟက် လက်အောက်မှာ ရာသီကြို ခြေစမ်းပွဲ အတွင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။




“ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရ ရာသီကြိုခြေစမ်းပွဲတွေက တန်ဖိုးဖြတ်မရပါဘူး။ တစ်ခါတလေမှာ နွေရာသီခြေစမ်းပွဲတွေကနေ အများကြီးမျှော်လင့်လို့မရပါဘူး။




ဒီနှစ်မှာတော့ ကျွန်တော် အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ရာသီကြို တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် အရမ်း ပျော်နေပါတယ်”လို့ ရက်ရှ်ဖို့်ဒ်က ပြောကြားခဲ့ပါတယ်။




အင်္ဂလန်သားဟာ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ နိုင်ငံ အသင်း အတွက် ပါဝင် ကစားခွင့်ရဖို့ လုပ်ဆောင်သွားမယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။




“နွေရာသီကတည်းက ကျွန်တော် နဲ့ ဆောက်ဂိတ်ကြားမှာ စကား မပြောရသေးပါဘူး။ ယူနိုက်တက်အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့နောက် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”လို့ ရက်ရှ်ဖို့ဒ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.