ချစ်လှစွာသော ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးကတော့ ထရက်ရှာလေးပဲဖြစ်ပါတယ်။ စကားတက်ပြီးလည်လွန်းလို့ (၃) နှစ်အရွယ်ကလေးလို့ မထင်ရလောက်အောင်ကို ပရိတ်ကချစ်ခင်နေရတာပဲဖြစ်ပါတယ်..။
ထရက်ရှာကတော့ ဖေချစ်လေးတစ်ယောက်ဖြစ်ပြီး မေမဒီးကိုတောင် ဖေဖေအနားအကပ်မခံဘဲ သူတစ်ယောက်တည်း အပိုင်ချစ်ချင်တဲ့ ချစ်စရာအပြုမှုလေးတွေကြောင့် ပရိသတ်တွေက
ဖေချစ်ထရက်ရှာလေးကို အသဲယားချစ်နေခဲ့ကြပါသေးတယ်။ ဒီနေ့မှာလည်း ထရက်ရှာလေးကို ဖေဖေကဖျားနေလို့ အနားမကပ်နဲ့ဦးလို့ ပြောတာကို ဖေချစ်လေးကတော့မရဘဲ အတင်းကို ဖေဖေ့အနားကပ်နေခဲ့တာပဲဖြစ်ပါတယ်..။
ထရက်ရှာရဲ့ ဖေဖေကတော့ အနားကပ်ချွဲနေတဲ့သမီးလေးကို အချစ်ပိုပြီး ဗီဒီယိုလေးရိုက်ကူးကာ မျှဝေခဲ့ပြီး ပရိသတ်တွေကတော့ ဖေချစ်လေးထရက်ရှာလေးဗီဒီယိုထဲမှာ ပြောတဲ့စကားလေးကိုလည်း သဘောကျနေခဲ့ကြပါသေးတယ်။
ပရိသတ်ကြီးရေ ထရက်ရှာလေးကတော့ တကယ်ကို ဖေချစ်လေးပါပဲနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
crd