အသင်းနဲ့ခုထိလာမပူးပေါင်းသေးတဲ့ ရော်နယ်ဒိုကို သတိပေးအမိန့်ပေးထုတ်ပြန်လိုက်တဲ့ မန်ယူအသင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ မိသားစုကိစ္စကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းရဲ့ရာသီကြို ခြေစမ်းပွဲတွေကို ပျက်ကွက်ခဲ့တဲ့ တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုကို ဒီတစ်ပတ်အတွင်း အသင်းနဲ့ပြန်လည် ပူးပေါင်းဖို့ကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းဖို့သတိပေးခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။




၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၂၁-၂၂ ရာသီကုန်ကတည်းက အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ကြိုးစားနေတာဖြစ်ပါတယ်။ နာမည်ကျော်အေးဂျင့် ဂျော့မန်းဒက်စ်ကိုယ်တိုင် ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီအပါအဝင် ဥရောပထိပ်တန်းအသင်းတွေနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက စံချိန်တင်ရလဒ်ဆိုးတွေ ရရှိခဲ့တဲ့ ယူနိုက်တက်အတွက် ၃၈ ပွဲကစားပြီး ၂၄ ဂိုးသွင်း ၃ ဂိုးဖန်တီးခဲ့ပါတယ်။

ယူနိုက်တက်မှာ ပြဿနာပေါင်းစုံလည်း ဖြစ်ပွားခဲ့ပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့အကောင်းဆုံး ပုံစံကို ဆက်ထိန်းပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။




သတင်းတွေအရ ရော်နယ်ဒိုဟာ အသင်းပြောင်းရွှေ့နိုင်ဖို့ သူ့ရဲ့လစာ ပေါင် ၁၅ သန်းကိုလည်း လျှော့ယူသွားမယ်လို့ ပြောခဲ့ပေမယ့် လျှော့ယူမယ့်လစာပမာဏကိုက သူ့ထက်ငယ်ရွယ်တဲ့ ကစားသမားတွေထက်ကို အဆပေါင်းများစွာ ပိုများနေခဲ့ပါတယ်။




ယူနိုက်တက်ကတော့ စနေနေ့ကပဲ နောက်ထပ်ရာသီကြိုခြေစမ်းပွဲအဖြစ် သြစတေးလျနိုင်ငံ ပတ်ထ်မြို့မှာ အက်စတွန်ဗီလာနဲ့ ကစားခဲ့ပြီး ၂-၂ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။




ပွဲပြီးအင်တာဗျူးမှာောတ့ နည်းပြတန်ဟတ်က အသင်းရဲ့ခြေစွမ်းအပေါ်မှာ မကျေနပ်နိုင်ကြောင်း ပြောခဲ့သလိုရော်နယ်ဒိုအကြောင်း မေးမြန်းရာမှာတော့ တိုက်စစ်မှူးကိုသူ့ရဲ့လူစာရင်းထဲမှာ ထည့်သွင်းထားဆဲဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။




ယူနိုက်တက်ဟာ နော်ဝေနိုင်ငံ အိုစ်လိုမြို့ကို ဇူလိုင်လ ၃၀ ရက်နေ့မှာ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားဖို့သွားရဦးမှာ ဖြစ်ပါတယ်။ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကိုတော့ သြဂုတ်လ ၇ ရက်နေ့မှာ ဘရိုက်တန်နဲ့ စတင်ကစားရမှာ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.