မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်၀င်ခွင့်ရခဲ့ရင် တန်ဟန်ရရှိမယ့် ဆုကြေးပမာဏပေါ်ထွက်လာ

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကိုလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင်စွမ်းဆောင်ပေးနိုင်ပါကအပိုဆုကြေးငွေပေါင်၃သန်းအထိရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။ယူနိုက်တက်ဟာလာမယ့်ရာသီတွင်၂နှစ်ဆက်ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရမည်ဆိုပါကငွေများစွာနစ်နာဆုံးရှုံးလာဦးမှာလည်းဖြစ်ပါတယ်။




အဲရစ်တန်ဟက်ဟာယူနိုက်တက်တွင်တစ်နှစ်လုပ်ခပေါင်၉သန်းရရှိကာပရီးမီးယားလိဂ်သမိုင်းတွင်လုပ်ခအများဆုံးဒတ်ချ်နည်းပြဖြစ်လာပေမဲ့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာရဲ့လုပ်ခနှင့်နှိုင်းယှဉ်ပါကလုပ်ခတစ်ဝက်အထိနည်းပါးနေပါတယ်။

ဒါပေမဲ့အဲရစ်တန်ဟက်ဟာလာမယ့်ဘောလုံးရာသီတွင်ယူနိုက်တက်ကိုချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်မည်ဆိုပါကစာချုပ်ပါအချက်အရအပိုဆုကြေးငွေပေါင်၃သန်းအထိရရှိလာပါမယ်။




ယူနိုက်တက်ဟာယခုနှစ်တွင်ချန်ပီယံလိဂ်ဝင်ခွင့်မရရှိမှုကြောင့်ပေါင်သန်း၉၀နီးပါးနစ်နာထားပြီးဖြစ်ကာလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါကပိုမိုနစ်နာလာဦးမှာလည်းဖြစ်ပါတယ်။




ယူနိုက်တက်ဟာ၂နှစ်ဆက်ချန်ပီယံလိဂ်ဝင်ခွင့်မရပါက Adidasနှင့်ချုပ်ဆိုထားတဲ့တစ်နှစ်ပေါင်၇၅သန်းတန်စပွန်ဆာစာချုပ်မှဝင်ငွေပေါင်၂၅သန်းလျှော့ကျလာမှာဖြစ်သလို Team Viewer အပြင်အခြားဒုတိယစပွန်ဆာများနှင့်ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်ကြောင့်ငွေများစွာနစ်နာလာပါတယ်။




ယူနိုက်တက်အတွက်ပိုမိုအထိနာလာစေမယ့်အရာကချန်ပီယံလိဂ်ဝင်ခွင့်မရရှိမှုကြောင့် ရုပ်သံလွှင့်ခဝင်ငွေ၊ဆုကြေးနှင့်ဂိတ်ဝင်ကြေးတို့ဖြစ်ပါတယ်။




ယူနိုက်တက်ဟာယခုရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်မရမှုကြောင့်ထိပ်တန်းကစားသမားများကိုဆွဲဆောင်နိုင်ရန်ခက်ခဲလျက်ရှိပြီးလာမယ့်ရာသီတွင်လည်းချန်ပီယံလိဂ်ဝင်ခွင့်မရပါကပိုမိုဆိုးရွားလာဖို့ရှိနေပါတယ်။

crd

Leave a Reply

Your email address will not be published.