နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ သရေကျသွားခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ​ေ၀ဖန်ထောက်ပြလိုက်တဲ့ တန်ဟန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ ညနေပိုင်းမှာတော့ အာရှ ခရီးစဥ် ရာသီကြို ခြေစမ်းပွဲရဲ့ နောက်ဆုံး ပွဲစဥ်အဖြစ် သြစတြေးလျမြေမှာ အက်စတွန်ဗီလာ အသင််းနဲ့ ယှဥ်ပြိုင် ကစားခဲ့ရပြီး တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ် နဲ့ ပွဲစဥ်ဟာ ပြီးဆုံးသွားခဲ့ရပါတယ် ။




ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ပထမပိိုင်းမှာ ဆန်ချို ၊ ရပ်ရှ်ဖို့ (ကပ်ရှ် OG) တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲစဥ်ကို ဦးဆောင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင််းမှာ လီယွန် ဘိုင်လီ နဲ့ ကလမ် ချန်ဘားစ် တို့ရဲ့ သွင်းဂိုးတွေကြောင့် သရေ ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲစဥ်မတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဘန်​ကောက်မှာ လီဗာပူး ၊ သြစတြေးလျမှာ မဲလ်ဘုန်း ဗစ်ထရီ ၊ ခရစ္စတယ် ပဲလေ့စ် အသင်းတွေနဲ့ ရင်ဆိုင််ခဲ့ရပြီး 4 – 0 ၊ 4 – 1 ၊ 3 – 1 ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့ပါသေးတယ် ။




အခုတော့ တန်ဟတ်ရဲ့ ယူနိုက်တက် နည်းပြ ဘဝ အစပိုင််း အာရှမြေမှာ ယူနိုက်တက် တို့ဟာ ရာနှုန်းပြည့် နိုင်ပွဲ မရပဲ ပြန်လာရပါတော့မယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ အဆိိုပါ ပွဲစဥ်တွေက ယူနိုက်တက်တို့ ဘယ်နေရာမှာ တိုးတက် လာခဲ့ကြသလဲ ၊ ဘယ်နေရာမှာ လိုအပ်ချက် ရှိသေးသလဲဆိုတာတွေကို သိသာထင်ရှားစေခဲ့ပါတယ် ။




အခုတော့ အက်စတွန် ဗီလာ နဲ့ သရေပွဲ အပြီးမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ရာသီကြို ပွဲစဥ်တွေကို ခြုံကြည့်လိုက်ရင် အသင်းရဲ့တိုးတက်လာမှုအပေါ် အားရကျေနပ်မိကြောင်း ၊ အပေါင်းလက္ခဏာတွေ ဆောင်ကျဥ်းခဲ့ကြောင်း မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။




” အသင်းဖက် နဲ့ ကစားသမားတွေဖက်ကို ကြည့်ရှုလိုက်မယ်ဆိုရင် ကျွန်တော်တို့ အဆင့်တွေ အများကြီး တက်လှမ််း နိုင်ခဲ့ကြပြီလို့ ဆိုရပါ့မယ် ။ အဆုံးသတ်မှာတော့ ကျွန််တော်တို့ဟာ အပေါင်း လက္ခဏာ ဆောင်ကျဥ်းတဲ့ အရာတွေ အများကြီး ရခဲ့ကြတယ်လို့ ကျွန်တော် ပြောလိုပါတယ်် ”” ရာသီကြို ပွဲစဥ်တွေဆိုတာက ရာသီသစ်ရဲ့ အစိတ်အပိုင််း တစ်ခုပါပဲ ။ ဘောလုံး ရာသီက မစတင်သေးဘူးလေ ။ ကျွန်တော်တို့ ဒီကြားထဲ အချိန်ကုန်တာတွေ ၊ ဆုတ်ယုတ်တာမျိုး ရှိဦးမှာပါပဲ ။ အဲ့တာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်လှပါတယ် ”




” ဒီနေ့ပွဲစဥ်ရဲ့ ပထမပိုင်း စွမ်းဆောင်ရည်ကတော့ တကယ့်ကို ကောင်းမွန်ခဲ့ ပါတယ် ။ ကျွန်တော်တို့ 2 – 0 နဲ့ ပွဲစဥ်ကို ဦးဆောင်နိုင်ခဲ့ကြတယ်လေ ။ ဒါပေမဲ့ အဝတ်ခဲခန်းထဲက ထွက်လာပြီးနောက် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံ ဆိုးရွားခဲ့ရပါတယ် ”” ကျွန်တော်တို့ ပွဲစဥ်ကို ထိန်းချုပ်နိုင်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ထိန်းချုပ်မှုတွေ ဟာသွားခဲ့ရပါတယ် ။ ဒါတော့ မကောင်းပါဘူး ။ ကျွန်တော်တို့ ဒီကနေ သင်ခန်းစာတွေ ယူရပါ့မယ် ” လို့ တန်ဟတ် က ပွဲစဥ် အပြီး သတင်းစာရှင််းလင်းပွဲမှာ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.