ချန်ပီယံလိဂ်ကန်ရဖို့ အရေးကြီးလို့ တစ်နှစ် အငှားထွက်ခွာမယ့် အသင်းတွေ့သွားပြီး အပြင်းအထန်ညိနှိုင်းနေတဲ့ ရော်နယ်ဒို

မန်ယူသည် အသင်းမှထွက်ခွာလိုသော ရော်နယ်ဒိုကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုလျှင် အေတီကိုအသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် အသင်းပြောင်းရွှေ့ခွင့်ပြုရန် စဉ်းစားနေကြောင်း မိုင်ရာ သတင်းစာက ဖော်ပြသည်။




ရော်နယ်ဒိုသည် မိသားစုအကြောင်းပြချက်ဖြင့် မန်ယူအသင်း၏ ရာသီအကြိုလေ့ကျင့်ရေးနှင့် ရာသီအကြိုခြေစမ်းခရီးစဉ်များတွင် ပါဝင်ခြင်းလုံးဝမရှိသလို တန်းဟက်၏ လက်အောက်တွင် တစ်ချက်မျှ ဘောလုံးကန်ရခြင်းလည်းမရှိသေးချေ။ သို့ရာတွင် ၎င်း၏ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ရန် အတွက် ပေါ်တူဂီတွင်တစ်ဦးတည်းလေ့ကျင့်မှုများကို ပြုလုပ်နေသည်။




ရော်နယ်ဒိုသည် ချန်ပီယံလိဂ်တွင်ပါဝင်ကစားချင်နေပြီး မန်ယူက ချန်ပီယံလိဂ်ဝင်ခွင့်မရသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရသည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့လိုနေပြီး အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကလည်း ၎င်းအတွက်အသင်းသစ်ရှာနေသည်။ မန်ဒက်စ်သည် ချဲလ်ဆီးနှင့် ဘိုင်ယန်အသင်းများသို့ ဆက်သွယ်ခဲ့ သော်လည်း အဆိုပါအသင်းများက အကြောင်းအမျိုးအမျိုးဖြင့် ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်း မရှိချေ။

ယခုအခါ ရော်နယ်ဒိုသည် ရီးရဲ၏ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့နိုင် ရန် မန်ဒက်စ်၊ နည်းပြချုပ် ဆီမြွန်နီနှင့် အေတီကို တာဝန်ရှိသူများ ဆွေးနွေးမှုများရှိနေသည်။ အေတီကိုသည် အသင်းမှ ဂရိဇ်မန်းကိုဖယ်ထုတ်ပြီးနောက် ရော်နယ်ဒိုကို ခေါ်ရန် စိတ်ဝင်စားသည်။




မန်ယူအသင်းက ရော်နယ်ဒိုကိုလက်မလွတ်လိုသော်လည်း ၎င်းအနေဖြင့် ယခုနှစ်တွင် ချန်ပီယံလိဂ်ကစားချင်ပါက အေတီကိုတွင် အငှားဖြင့်သွားရောက်ကစားရန်စီစဉ်လိုသည်။ ရော်နယ်ဒိုသည် မန်ယူနှင့်စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည်။ ထို့ကြောင့် မန်ယူက ရော်နယ်ဒိုကို သက်တမ်းတိုးစာချုပ် အရင်ချုပ်ဆိုပြီးနောက် အေတီကိုသို့ တစ်နှစ်အငှားဖြင့် သွားရောက်ကစားခွင့်ပြုမည်ဟု ညှိနှိုင်းလိုနေခြင်းဖြစ်သည်။ အငှားစာချုပ် သက်တမ်းပြည့်မည့် ၂၀၂၃-၂၄ ဘောလုံးရာသီတွင် မန်ယူသည် ချန်ပီယံလိဂ်ပြန်လည်ဝင်ခွင့်ရရန် မျှော်လင့်နေပြီး ထိုအချိန်တွင် ရော်နယ်ဒိုကို အသင်းသို့ပြန်လာစေခြင်းဖြစ်သည်။




မန်ယူသည် ရော်နယ်ဒိုမပါပဲ ခြေစမ်းပွဲ ၄ ပွဲကစားရာတွင် လီဗာပူး၊ မဲလ်ဘုမ်း၊ ပဲလေ့စ်အသင်းတို့ကို အနိုင်ရပြီး မနေ့က ကစားသည့်ဗီလာနှင့်ပွဲတွင် နှစ်ဂိုးအသာနှင့် ဦးဆောင်နိုင်ခဲ့ပြီးမှ ပွဲ၏နောက်ဆုံး အခိုက်အတန့်တွင် ပေးခဲ့ရသည့် ချေပဂိုးအပါအဝင် နှစ်ဂိုးပြန်ပေးလိုက်ရပြီး နှစ်ဂိုးစီသရေ ကျခဲ့သည်။ ရော်နယ်ဒိုမပါချိန်တွင် မာစီရယ်ကို တိုက်စစ်မြှားဦးနေရာတွင် ထားသုံးပြီး ၎င်းကလည်း ခြေစွမ်းပြနိုင်ခဲ့ သည်။ မန်ယူသည် အိုင်းယက်စ်မှ အန်ထော်နီကိုလည်း ခေါ်ယူရန်ဆွေးနွေးနေသည်။




မန်ယူသည် လာမည့်တစ်ပတ်စနေနေ့တွင် အေတီကိုအသင်းနှင့် အော်စလိုမြို့တွင် ခြေစမ်းပွဲကစားရန်ရှိပြီး ရော်နယ်ဒိုအသင်းပြောင်းဖြစ်ပါက ရော်နယ်ဒိုနှင့် မန်ယူသည် ပြိုင်ဘက်များအဖြစ် အဆိုပါခြေစမ်းပွဲတွင် ပြန်တွေ့နိုင်ဖွယ်ရှိသည်။ မန်ယူသည် ရာသီအကြိုခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်အဖြစ်လည်း ရီးရဲဗယ်လာဒိုးလစ်နှင့် လာမည့်တစ်ပတ် တနင်္ဂနွေနေ့တွင်ကစားရန်စီစဉ်ထားသည်။

crd

Leave a Reply

Your email address will not be published.