ချန်ပီယံလိဂ်ကစားချင်တဲ့ ရော်နယ်ဒိုကို ထွက်ခွင့်ပေးလိုက်ပြီး စာချုပ်သက်တမ်းတိုးကာအငှားချမယ့် မန်ယူ

မန်ချက်စတာယူနိုက်တက်ဟာယခုနွေရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒိုကို လက်လွှတ်ရမည့်အရေးအပေါ်လက်ခံလိုက်ပြီဖြစ်ပါတယ်။




ဒါပေမဲ့ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုအငှားသာချထားပါမယ်။ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်သက်တမ်းတိုးပြီးအငှားချရန်ဆုံးဖြတ်လာတာလည်းဖြစ်ပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရယူနိုက်တက်ဟာချန်ပီယံလိဂ်ကစားလိုနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဆန္ဒအတိုင်းချန်ပီယံလိဂ်ကစားခွင့်ရအသင်းတစ်သင်းသို့အငှားချရန်လက်ခံလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။




ဒါပေမဲ့ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စာချုပ်ပါအချက်အတိုင်း လက်ရှိစာချုပ်ကိုတစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားပါမယ်။ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်ဘောလုံးရာသီအကုန်တွင်ယူနိုက်တက်သို့ပြန်လာရပါမယ်။




ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်သက်တမ်းတိုးပြီးအငှားချထားရေးအတွက် အေးဂျင့်ဂျော့မန်ဒက်စ်နှင့်စတင်ဆွေးနွေးနေပြီလည်းဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုပယ်ချလာဖို့တော့သေချာပါတယ်။




ယူနိုက်တက်တာဝန်ရှိသူများနှင့်ကလပ်ရဲ့စပွန်ဆာများဟာအသင်းသို့ပြန်လည်ရောက်လာပြီးနောက်တစ်ရာသီကစားပြီးချိန်မှာဘဲအသင်းပြောင်းလိုနေတဲ့စူပါစတားအခြေအနေအပေါ် စိတ်ပျက်လျက်ရှိကြပါတယ်။




ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးနောက်ဆုံးကြိုးပမ်းလာတဲ့ကလပ်က အက်သလက်တီကိုဖြစ်ပါတယ်။အက်သလက်တီကိုဟာခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်ရေးအတွက်အန်တိုနီယိုဂရက်ဇ်မန်းကိုအသင်းမှဖယ်ရှားနိုင်ရန်ကြိုးပမ်းနေရပါတယ်။အက်သလက်တီကိုဟာဂရက်ဇ်မန်းကို၂နှစ်အငှားစာချုပ်ဖြင့်ခေါ်ယူထားတာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀ပေးနေရပါတယ်။

crd

Leave a Reply

Your email address will not be published.