အသင်းရဲ့ကစားပုံတိုးတက်လာတာ တန်ဟန်ရဲ့ ဆုပေးဒဏ်ပေးစနစ်က တိကျလွန်းလို့လို့ ပြောလိုက်တဲ့ ဖာနန်ဒတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကွင််းလယ်လူ ဘရူနို ဖာနန်ဒက်စ် က နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာရင် အပြစ််ပေးခံရလိမ့်မယ်လို့ ပရိသတ်တွေဆီ သတင်းစကားပါးသွားခဲ့လိုက်ပါတယ် ။




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်သူ အဲရစ် တန်ဟတ်ဟာ ဇွန်လ 27 ရက်​နေ့တုန်းက အသင််းသားတွေနဲ့ လေ့ကျင့််ရေး စတင်ခဲ့တာ ဖြစ်ပြီး 4 ပါတ်တာ အချိန်ကာလ အတွင်းမှာ တင်းကြပ်တဲ့ စည်းမျဥ်းစည််းကမ်းတွေနဲ့ အတူ ကစားသမားတွေကို အုပ်ချုပ်ခဲ့ပါတယ် ။

အဆိုပါ အချိန်တို အတွင်းမှာ သူဟာ ကစားသမားတွေနဲ့ အနေနီးခဲ့ပြီး တိုက်ရိုက် ပြောဆိုဆက်ခံခဲ့ပြီး လိုချင်တဲ့ အချက််တွေကို တိကျစွာ လိုက်နာဖို့ ညွှန်ကြားပေးခဲ့ ပါတယ် ။ ဒါဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရပါ့မယ် ။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက် အသင်းရဲ့ အသင်းလိုက် ကစားဟန်ဟာ သိသိသာသာ တိုးတက်လာခဲ့လို့ပါပဲ ။မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကြို ပွဲစဥ်တွေအဖြစ် ထိုင်းနဲ့ သြစတြေးလျမြေတွေမှာ လီဗာပူး ၊ မဲလ်ဘုန်း ဗစ်ထရီ ၊ ခရစ္စတယ် ပဲ​လေ့စ် အသင်းတို့နဲ့ ရင်ဆိုင််ခဲ့ရပြီး 4 – 0 ၊ 4 – 1 ၊ 3 – 1 ဆိုတဲ့ ရလဒ် တွေနဲ့ ဂိုးပြတ် နိုင််ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။




အဆိုပါပွဲစဥ်တွေမှာတော့ ယူနိုက်တက်ကစားသမားတွေဟာ ဖိအားပေးတိုက်စစ်ဆင်တဲ့ ကစားဟန်ကို အသားပေး ကစားခဲ့ကြပြီး အသင်းလိုက် စုဖွဲ့မှုလည်း ပြီးခဲ့တဲ့ ရာသီတွေတုန်းကထက် သိသိသာသာ တိုးတက်လာခဲ့ရပါတယ် ။အခုတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က နည်းပြသစ် တန်ဟတ် ဟာ အသင်းကို တိုက်ရိုက်ကိုင််တွယ် ပြောဆိုဆက်ဆံနေခဲ့ပြီး သူ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာသူတွေအား အပြစ်ပေးဖို့အထိ တင်းကြပ််ထားကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။




” ကျွန်တော့်တို့တွေကို ယုံကြည်မှုတွေ ပေးဆောင်နိုင်ခဲ့တာက တိုက်ရိုက်ပြောဆိုဆက်ဆံတဲ့ ပုံစံမျိုးပါပဲ ။ သူက အသင်းသားတွေ ဒါလုပ်ရမယ်ဆိုတာမျိုး သတ်မှတ်ခဲ့ပြီး မလုပ်နိုင်တဲ့ သူတွေကို ပွဲထွက်ကစားသမား စာရင်းကနေ ချန်လှပ် အပြစ်ပေးခဲ့ပါတယ် ”” အကယ်လို့ ကျွန်တော်တို့တွေ ဘာလုပ်ကြရမလဲဆိုတာ အားလုံံး နားလည်ကြရင် ၊ နည်းပြ ရဲ့ demand ၊ အသင်းရဲ့ demand တွေကို လိုက်နာ ကျင့်သုံးရင် အားလုံးရဲ့ ဦးတည်ရာ လမ်းကြောင်းဟာ တူညီသွားပါလိမ့်မယ် ။ အဲ့ဒီလို ဖြစ်နိုင်မှ အသင်းဟာ အောင်မြင်နိုင်ပါလိမ့်မယ် ”




” အကယ်လို့ အသင်း အောင်မြင်ရင် ဒါဟာ အားလုံး နဲ့ သက်ဆိုင်နေပါလိမ့်မယ် ။ အချို့က ဂိုးတွေ ပိုသွင်း ၊ ဖန််တီးမှုတွေ ပိုလုပ် ၊ အချို့က ပိတ်ဆို့မှုတွေ အများကြီးလုပ််ပြ ၊ ဒေးဗစ်လည်း ပေးဂိုး ပိုနည်း သွားပါလိမ့်မယ် ။ ထိို့အတူ အားလုံးလည်း ပျော်ရွှင်ရပါလိမ့်မယ် ”” တန်ဟတ် ကတော့ ရှင်းပါတယ် ၊ သူ ဘာလိုချင်တာလဲ ၊ ဘာတွေ demand လုပ်လိုလဲ ဆိုတာတွေကို ရှင်းရှင်းလင််းလင်း သိအောင် ပြောဆို ရှင်းပြတတ်ပါတယ် ။ သူပြောသလို မလုပ်နိုင်ရင် အပြစ်ဒဏ် ပေးခံရလိမ့်မယ် ဆိုတာကို အသင်းသား အားလုံး သိရှိထားကြပါတယ် ”




” စည်းကမ်း အကြောင်းပြောရရင် သူက ရှင်းလင်းပြတ််သားလှပါတယ် ။ ဒီအချက်တွေက ဘယ်သူမှ လွတ်မြောက််ခွင့် မရှိပါဘူး ။ အားလုံးတန်းတူပါပဲ ။ သူပြောတာကို နားလည်ဖို့ လိုပါတယ် ။ အင်္ဂလိပ်လို ပြောတာကိုတောင် နားမလည်ရင် အခြားနည်းနဲ့ နားလည်အောင် လုပ်တတ်ပါတယ် ”” ဒါက အရေးကြီးလွန်းတယ်လို့ ထင်ပါတယ် ။ အကယ်လို့ အားလုံးရဲ့ လမ်းကြောင်းက တူညီနေမယ်ဆိုရင် စည်းကမ််းချက်တွေ လိုက်နာကျင့်သုံးရင်… ဒါတွေကို စီနီယာ ကစားသမားတွေက ရှေ့ဆောင်လမ်းပြအဖြစ် ကျင့်သုံးရပါ့မယ် ။ အားလုံး ဦးတည်ချက် တူနေရင် အောင်မြင်မှုနဲ့ သိပ်ဝေးမှာ မဟုတ်ပါဘူး ” လို့ ဘရူနို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.