အသင်းနဲ့ခုထက်ထိလာမပူးပေါင်းသေးတဲ့ ရော်နယ်ဒိုနဲ့ပတ်သတ်ပြီး ပြတ်ပြတ်သားသားပဲ ​ပြောခဲ့တဲ့ တန်ဟန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ တိုက်စစ်မှူး ရော်နယ်ဒို အသင််း နဲ့ ဘယ်တော့ ပူးပေါင်းမလဲဆိုတဲ့ မေးခွန်းကို တိတိိကျကျ မဖြေသွားခဲ့ပေမဲ့ သူ ရောက်လာမှ အသင်းရဲ့ စာရင််းထဲ ထည့်သွင်းဖို့ အချိန် မရှိဘူးလို့ ပြောခဲ့လိုက်တာပဲ ဖြစ််ပါတယ် ။




ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို ဟာ မိသားစု ကိစ္စတွေကို အကြောင်းပြပြီး အခုထိ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေမှာ ပါဝင် ပူးပေါင်းခြင်း မရှိခဲ့သေးပါဘူး ။ အခြားတဖက်မှာတော့ သူ့ရဲ့ အနာဂတ် သတင်းတွေဟာလည်း မရေမရာ ဖြစ်နေဆဲပါပဲ ။

ရော်နယ်ဒိုဟာ ယူနိုက်တက်တို့ ထိုင်းနိုင်ငံ ၊ သြစတြေးလျနိုင်ငံ တွေမှ ခြေစွမ်းပွဲတွေမှာ လုံးဝ ပါဝင်ခြင်း မရှိခဲ့ပါဘူး ။ နောက်တစ်ပါတ်မှာတော့ ယူနိုက်တက် တို့ဟာ မန်ချက်စတာမှာ အက်သလက်တီကို မက်ဒရစ် ၊ ဗယ်လက််ကာနို တို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။ဒါပေမဲ့ ရော်နယ်ဒို ရဲ့ အသင်းနဲ့ ပြန်လည် ပူးပေါင်းမယ့် သတင်းတွေကတော့ မရေမရာ ဖြစ်နေသေးဆဲပါပဲ ။ အခုလို အနေအထားမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန််ဟတ် ကလည်း ရော်နယ်ဒို နဲ့ ပတ်သက်လို့ update မေးခံခဲ့ရတဲ့ အခါမှာတော့ အရင်တစ်ပါတ်လိုပဲလို့ ပြန်လည် ဖြေကြား သွားခဲ့လိုက်ပါတယ် ။




” နိုးပါ ၊ update ကတော့ အရင် တစ်ပါတ် တုန်းကလို ပါပဲ ။ သူမရှိတာ နဲ့ ပတ်သက်လို့ ‘ စိုးရိမ်မိလား ‘ လို့ ပြောတဲ့ စကားလုံးက မှန်ကန်တဲ့ စကားလုံးတော့ မဟုတ်ပါဘူး ။ ကျွန်တော်ကတော့ လက်ရှိ အသင်းမှာ ရှိနေကြတဲ့ အသင််းသားတွေ အပေါ်ပဲ အာရုံစိုက်နေပါတယ် ”




” အခု သူတို့ရဲ့ ကစားပုံတွေက ကောင်းမွန်နေတယ်လေ ။ သူတို့တွေဟာ ပုံစံကောင်း ပိုင်ဆိုင်နေကြပြီး အဲ့တာကို ပိုပြီး တိုးတက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ အပေါ်ပဲ ကျွန်တော် အာရုံစိုက် နေရတာပါ ။ သူ အသင်းကို ရောက််လာမှ သူ့ကို ဒီထဲ ထည့်သွင်းဖို့ ကျွန်တော် စောင့်နေလို့ မရနိုင်ပါဘူး ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ယူနိုက်တက် နည်းပြဟောင်း တစ်ဦး ဖြစ်သူ လူးဝစ် ဗန်ဟားလ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စီးပွားရေးဆန်တဲ့ အသင်းပဲလို့ ပြောဆိုခဲ့ဖူးပြီး တန်ဟတ်ကို မပြောင်းဖို့ မှာကြားခဲ့ပါသေးတယ် ။ အဲ့တာနဲ့ ပတ်သက််လို့ တန်ဟတ် က




” အဲ့တာက အခုခေတ် ဘောလုံး အားကစား လောကရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပါပြီ ။ မန်နေဂျာ တစ်ဦး အသင််း တစ်ခု အဖြစ််နဲ့ ခင်ဗျားတို့ ဒါကို လက်ခံရပါ့မယ် ။ အဲ့ဒီထဲကနေ အကောင်းဆုံး ဖြစ်နိုင်အောင် ခင်ဗျားတို့ လုပ်ဆောင်ရပါ့မယ် ။ အခု ကျွန်တော်တို့ လုပ်နေခဲ့တာကလည်း အဲ့တာပါပဲ ”” အခု အသင်းလိုက် စိတ်ဓါတ် ကောင်းနေပါပြီ ။ ကျွန််တော်တို့ အတူတကွ အနေကြာလေ ၊ အသင်းကို ပိုတိုးတက််အောင် လုပ်ဆောင်နိုင်လေ ဖြစ်ရပါ့မယ် ။ အသင်း နဲ့ ပတ်သက်လို့ ကျွန်တော် အလုပ်တွေ အများကြီး လုပ်ရပါဦးမယ် ။ ကျွန်တော်တို့ အနေ နီးဖို့ လိုအပ်ပါတယ် ”




” အခုလို လှပတဲ့ မြို့တွေဆီ ( ဘန်ကောက် ၊ မဲလ်ဘုန်း ၊ ပါ့သ် ) အတူ သွားလာရတာ တကယ့်ကို ကောင်းမွန်လှပါတယ် ။ ကျွန်တော်တို့ ဒီလို နေရာတွေကို နေ့တိုင်း လာလို့ မရနိုင်ဘူးလေ ။ ဟုတ်ပါတယ် ၊ ဒီလို ကိစ္စတွေမှာ အကျိုးမရှိတဲ့ အရာတွေလည်း ရှိတာပေါ့ဗျာ ”” ဒါပေမဲ့ ပရော်ဖက်ရှင်နယ် တစ်ဦး အနေနဲ့ ခင်ဗျားတို့ ဒါကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လိုအပ်လှပါတယ် ။ ကျွန််တော်တို့ အဲ့တာတွေရဲ့ လွှမ်းမိုးတာ မခံပဲ ကိုယ့်အလုပ်တွေ လုပ်နိုင်ဖို့ လိုပါတယ် ။ ကျွန်တော်တို့ရဲ့ point ကလဲ အဲ့တာပါပဲ ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.