အက်စတွန်ဗီလာကို သရေကျတဲ့ပွဲမှာ မြင်ခဲ့ရတဲ့ မန်ယူအသင်းရဲ့အားနည်းချက်များနဲ့ မဖြစ်မနေခေါ်ရဦးမယ့်ကစားသမားသစ်

မန်ယူအသင်းဟာ ဆန်ချိုနဲ့ ရက်ဖို့ဒ်ရဲ့ ကန်ချက်ကရလာတဲ့O.Gဆိုကြောင့် ပထမပိုင်းမှာအနိုင်ရခဲ့ပါတယ်။ပထမပိုင်းမှာ မန်ယူအသင်းကပဲ ပွဲကိုစိုးမိုးထားပြီး ကစားပုံကစားကွက်ကောင်းကောင်းနဲ့ အက်စတွန်ဗီလာကိုရင်ဆိုင်ကစားနိုင်ခဲ့ပါတယ်။




ဒါပေမယ့် အက်စတွန်ဗီလာအသင်းမှာ တိုက်စစ်မှူး ဘေလီ၀င်ရောက်လာချိန်မှာတော့ ပွဲက ပြောင်းပြန်ဖြစ်သွားပြီး ဆက်တိုက်ဆိုစလို လုခ်ရှောရှိတဲ့ ဘေလီဘက်ခြမ်းက ပေါက်နေခဲ့ပါတယ်။

လုခ်ရှောဟာ ရှေ့ကိုတက်ကူရင် အချိန်မှီပြန်မဆင်းနိုင်တာကြောင့် ဘေလီကို လင်ဒီလော့ဒ်တစ်ယောက်ထဲရင်ဆိုင်နေရပြီး မကြာခဏဆိုသလို ဂိုးကို ခြိမ်းခြောက်ခံခဲ့ရပါတယ်။




ပထမဆုံးပေးလိုက်ရတဲ့ခြေပဂိုးကလည်းတန်ပြန်တိုက်စစ်က ထွက်လာတဲ့ဘောလုံးကို ဘေလီက ဆွဲပြေးလာပြီး လင်ဒီလော့ဒ်က်ုကျော်ဖြတ်ကာ ထောင့်ထဲကိုကန်သွင်းရယူသွားတာဖြစ်ပါတယ်။




ဒုတိယမြောက်ခြေပဂိုးမှာလည်း သူ့ကြောင့်ပေးခဲ့ရတာဖြစ်ပါတယ်။မန်ယူခံစစ်ကတော့ မက်ဂွိုင်းယားနဲ့လင်ဒီလော့ဒ်၊ ဘိုင်လီနဲ့ ဗာရန်းတို့က်ုပြောင်းလဲခဲ့ပေမယ့် ခံစစ်က လျင်မြန်တဲ့တိုက်စစ်တွေကိုထိန်းချုပ်ရာမှာတော့ ရုန်းကန်ခဲ့ပါတယ်။ဘေလီလိုတိုက်စစ်မှူးပါလာရင် ပြာယာခတ်နေအောင် ရုန်းကန်ရလေ့ရှိပါတယ်။




အခုနွေမှာတော့ မာလာစီယာနဲ့မာတီနက်ဇ်တို့ကိုခေါ်ယူအားဖြည့်ထားပါတယ်။မာတီနက်ဇ်ကခုချိန်ထိအသင်းနဲ့မပူး​ပေါင်းရသေးပေမယ့် မာလာစီယာကတော့ ပါ၀င်ကစားတဲ့အချ်န်တိုင်းခြေစွမ်းပြထားပါတယ်။




ကွင်းလယ်မှာလည်း ဖရက်ဒ်တစ်ယောက်တည်းခံစစ်ကိုဆင်းကူနေရတာကြောင့် ကွင်းလယ်ခံစစ်ကောင်းကောင်းတစ်ယောက်လောက် ၀ယ်ဖို့လိုအပ်ပါသေးတယ်။ဗန်ဒီဘိခ်ကတော့ဒီပွဲမှာ လုံး၀က်ုပျောက်နေခဲ့တာဖြစ်ပြီး ပွဲထွက်ခွင့်ရဖို့တောင်ရုန်းကန်ရနိုင်ပါတယ်။တိုက်စစ်ကလည်းလက်ရှိမှာ ဆန်ချိုတစ်ယောက်လောက်သာ ခြေစွမ်းကောင်းပြနေပြီး မာရှယ်နဲ့ရက်ဖို့ဒ်တို့ကတော့ ထိပ်တန်းအဆင့်ခြေစွမ်းတွေက်ုမပြသနိုင်သေးပ့ဘူး။ဒါကြောင့် မန်ယူအသင်း သေချာပေါက်ကစားသစ်တွေခေါ်ယူဖို့လိုအပ်ပါသေးတယ်။

HH

Leave a Reply

Your email address will not be published.