သရေပွဲမှာပြာသလောက်ဖွဲမထွက်ခဲ့ကြတဲ့ ကစားသမားတစ်ချို့နဲ့ ခြေစွမ်းကောင်းပြခဲ့ကြတဲ့ ကစားသမားတွေရဲ့ Ratingများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ ညနေပိုင်းမှာတော့ သြစတြေးလျမြေမှာ စတီဗင် ဂျရတ် ရဲ့ အက်စတွန် ဗီလာ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 2 – 2 ဆိုတဲ့ ရလဒ် နဲ့ သရေပွဲ တစ်ပွဲကိုသာ ပိုင်ဆိုင်သွားခဲ့ရပါတယ် ။ဒါဟာ ရာသီကြို ပွဲစဥ် 3 ပွဲ ကစားထားခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ် အတွက် ပထမဆုံး နိုင်ပွဲ ပျောက်ဆုံံးတဲ့ ပွဲစဥ် ဖြစ်သွားခဲ့ရပါတယ် ။




ဒီပွဲမှာလည်း ယူနိုက်တက်အတွက် ပထမပိုင်းမှာ ဆန်ချို ၊ ရပ်ရှ်ဖို့ ( ကပ်ရှ် OG ) တို့က 1 ဂိုးစီ သွင်းယူပေးခဲ့ကြပြီး ပွဲစဥ်ကို ဦးဆောင်စေနိုင်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ဒုတိိယပိုင်းမှာတော့ လီယွန် ဘိုင်လီ ၊ ချန်ဘားစ် တို့ရဲ့ သွင်းဂိုးတွေကြောင့် သရေကျခဲ့တာပဲ ဖြစ်ပါတယ် ။ယူနိုက်တက်တို့ စျေးကွက်ထဲ လူထပ်ရှာဖို့ လိုနေသေးတယ််ဆိုတာကို သိခဲ့ရတဲ့ အဆိုပါပွဲစဥ်မှ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (5)ဘိုင်လီရဲ့ ဂိုးအတွက် ဘာမှ လုပ်ခွင့် မရှိခဲ့ပါဘူး ။ ကောင််းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု လုပ်နိုင်ခဲ့ပေမဲ့ ခြေပဂိုးမှာတော့ အမှားမကင်းသူ ဖြစ်ခဲ့ရပါတယ် ။ဒါလော့ (7)ဆန်ချိုရဲ့ အဖွင့်ဂိုး ရရှိအောင် ကစားကွက်ကို အစပြုပေးနိုင်ခဲ့ပါတယ် ။ တန်ဟတ် လက်အောက်မှာ ပွဲထွက်ခွင့် ရရှိဖို့ သေချာသလောက် ရှိနေပါပြီမက်ဂွားယား (7)နာမည်စာရင်း ကြေငြာချိန်မှာ အလှောင်ခံခဲ့ရပါတယ် ။ ဒါပေမဲ့ ပုံစံကောင်း ပြနိုင်ခဲ့သလို သရေ ဖြစ်သွားစေနိုင်တဲ့ ကန်ချက်ကို ပိတ်ဆို့ ကာကွယ်နိုင်ခဲ့ပါသေးတယ် ။




လင်ဒီလော့ဖ် (6)ပထမပိုင်းမှာ ခံစစ်လုံအောင် ကစားနိုင်ခဲ့ပေမဲ့ ဘိုင်လီ ကိုတော့ ပိတ်ဆို့နိုင်ခြင်းမရှိပဲ ကန်ခွင့် ပေးခဲ့ပါတယ် ။လုခ်ရှော (6)ပထမပိုင်းအတွင်း တိုက်စစ်လိုက်ပါပုံ အတော်လေးကို ကောင်းမွန်ခဲ့ပြီး ဆန်ချိုအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်် ။ ဘိုင်လီ ကိုတော့ မဟန့်တားနိုင်ခဲ့ပါဘူး ။ဗန်ဒီ ဘိခ် (4)ပွဲထွက်ခွင့် ရခဲ့တဲ့ ကစားသမား ခြေစွမ်းပြနိုင်ဖို့ ပရိသတ််တွေ မျှော်လင့်ခဲ့ကြပေမဲ့ နယ်သာလန်သားရဲ့ ခြေစွမ်းက ဘာမှ မထူးခြားခဲ့ပါဘူး ။ဖရက်ဒ် (7)တန်ဟတ် က ‘ ချိတ်ဆက်ပေးသူ ‘ ဆိုပြီး ချီးကျူးခဲ့တာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ် ။ ဘုရားစူး ဘရာဇီးသား ဆိုတဲ့ လေသံတွေကို တိတ်ဆိတ်စေနိုင်ခဲ့ပြန််ပါပြီ ။




ဆန်ချို (8)အဖွင့်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့သလို နောက်တစ်ဂိုး ရရှိအောင်လည်း ပေးပို့ပေးနိုင်ခဲ့ပါတယ် ။ 4ပွဲမှာ 3ဂိုးထိ သွင်းယူခဲ့ပါပြီ ။ဘရူနို (6)ရာသီကြို ပွဲစဥ်တွေအနက် အညံ့ဆုံးပွဲစဥ် ပိုင်ဆိုင်ခဲ့ရပါတယ် ။ ချိတ်ဆက် ကစားပုံ ကောင်းခဲ့ပေမဲ့ ပေးပို့မှုအချို့နဲ့ ကန်ချက်တွေ ညံ့ခဲ့ပါတယ် ။ရပ်ရှ်ဖို့ (6)သွင်းဂိုး နှစ်ဂိုးလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ် ။ ကစားပုံံ တိုးတက်လာခဲ့ပေမဲ့ လိုအပ်ချက်တွေ ရှိနေသေးဆဲပါပဲ ။ ထပ်မံ ကြိုးစားရပါဦးမယ် ။




မာရှယ် (6)သုံးပွဲဆက် ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးဟာ ဒီပွဲမှာတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ဘောလုံး မရှိချိန် လှုပ်ရှားမှု ၊ ကစားကွက်ထဲ ပါဝင်မှုတွေ တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်် ။လူစားဝင် ကစားသမားများ…ဘစ်ဆာကာ (5)ဒီဂီယာ ကို စိတ်ပျက်စေခဲ့ပါတယ် ။ဗာရန်း (5)လီယွန် ဘိုင်လီ ရဲ့ မြန်နှုန်းကို မထိန်းနိုင်ခဲ့ပါဘူး ။ဘိုင်လီ (5)ကစားပုံ မသေသပ်မှုအတွက် အဝါကဒ် ပြသခံခဲ့ရပါတယ် ။မာလာစီယာ (6)ကစားသမားကောင်းဖြစ်ကြောင်း ခြေစွမ်းနဲ့ သက််သေပြနိုင်ခဲ့ပြန်ပါတယ် ။




ဂါနာ (6)ပထမဆုံး အကြိမ် ကစားခွင့် ရခဲ့ပြီး ခြေစွမ်းကောင်း ပြနိုင်ခဲ့ပါတယ် ။တဲလက်စ် (5)ကွင်းလယ်မှာ ကစားခဲ့ရပြီး ခြေစွမ်း မပြနိုင်ခဲ့ပါဘူး ။ဇီဒန်း (6)မျှော်လင့်ချက်ထားလို့ရနိုင်သူ ဖြစ်ကြောင်း ပရိသတ်တွေဆီ မက်ဆေ့ပို့ပေးနိုင်ခဲ့ပြန်ပါတယ် ။ဟန်နီဘယ် (6)ခြေစွမ်းကောင်းခဲ့ပေမဲ့ စည်းကမ်းတကျ ကစားဖို့ ကြိိုးစားရပါဦးမယ် ။အီလန်ဂါ (5)ပြီးခဲ့တဲ့ ရာသီက ပရိသတ် အချစ်တော် ကစားသမားလေးဟာ ဒီရာသီတော့ ခြေစွမ်းပျောက်နေပါပြီ ။တာဟစ်ချောင် (6)ဘောလုံးကိုင် ကစားပုံ ကောင်းခဲ့ပါတယ် ။

crd

Leave a Reply

Your email address will not be published.