တည်ငြိမ်တဲ့ကစားပုံနဲ့ လှပတဲ့ဂိုးတွေကိုတွေမြင်ခဲ့ရပေမယ့် ပွဲပြီးခါနီးမှာချေပဂိုးပေးလိုက်ရပြီး သရေကျခဲ့တဲ့မန်ယူ(ပွဲပြီးသုံးသက်ချက်)

ဒီနေ့ညနေ ၄:၁၅ မှာဟမန်ယူအသင်းအက်စတွန်ဗီလာအသင်းနဲ့ ဩစတေးတီးယားနိုင်ငံမှာ ရင်ဆိုင်ကစားခဲ့ပါတယ်။ပထမပိုင်းမှာအသင်းရဲ့ စီနီယာကစားသမားတွေဖြစ်တဲ့ ဒီဂီယာ၊လုခ်ရှော၊မက်ဂွိုင်းယား၊လင်ဒီလော့ဒ်နဲ့ ဒါးလော့ဒ်တို့ကို နောက်တန်းမှာပွဲထုတ်ခဲ့ပါတယ်။




ကွင်းလယ်မှာတော့ ဗန်ဒီဘိခ်၊ဖရက်ဒ်နဲ့ ဖာနန်ဒတ်၊ဆန်ချို၊ရက်ဖို့ဒ်နဲ့ မာရှယ်ကိုတော့ အထောင်တိုက်စစ်မှာထားကစားခဲ့ပါတယ်။ပွဲစစခြင်းမှာ မန်ယူအသင်းကအဆက်မပြတ်တိုက်စစ်ဆင်နေပြီး လုခ်ရှောတင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို မက်ဂွိုင်းယားခေါင်းတိုက်လိုက်ပြီး အက်စတွန်ဗီလာဂိုးသမား မာတီနက်က ကာကွယ်နိုင်ခဲ့လို့ စောစောစီးစီးဦးဆောင်ဂိုးရမယ့်အရေးကနေ ​ေ၀းခဲ့ရပါတယ်။

ပွဲကိုမန်ယူအသင်းကပဲ စိုးမိုးထားပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ထိန်းချုပ်ထားနိုင်ပါတယ်။၂၅မိနစ်မှာတော့ ဒီဂီယာက စတင်လိုက်တဲ့ ဘောလုံးကို အသင်းရဲ့လှပေးတဲ့ပေးပို့မှုတွေနဲ့ ရှေ့တန်းမှာ လုခ်ရှောရဲ့ပေးပို့မှုကနေ ဆန်ချိုရဲ့ လှပတဲ့ ကန်ချက်ကြောင့်မန်ယူအသင်းက အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။




​ဦးဆောင်ဂိုးပေးလိုက်ရတဲ့ အက်စတွန်ဗီလာက ချေပဂိုးရဖို့ ကြိုးစားလာပေမယ့် မန်ယူအသင်းရဲ့ ကစားကွက်ကတည်ငြိမ်နေတာကြောင့် ခက်ခက်ခဲကို ကြိုးစားနေရပါတယ်။ပထမပိုင်းပြီးခါနီးမှာပဲ ဆန်ချိုရဲ့ ပေးပို့မှုကို ရက်ဖို့ဒ်ပိတ်သွင်းရာမှ နောက်ခံလူနဲ့ထိပြီး နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးကိုထပ်ရခဲ့ပါတယ်။ပထမပိုင်းမှာတော့ မန်ယူအသင်းက တော်တော်လေးကို တည်ငြိမ်တဲ့ကစားကွက်နဲ့ပွဲကိုစိုးမိုးကစားနေတာကိုတွေ့မြင်ရမှာပါ။




ဒုတိယပိုင်းမှာလည်း မန်ယူကတိုက်စစ်ကိုမချပဲ ဆက်တိုက်တိုက်စစ်ဆင်ကစားနေပေမယ့် တန်ပြန်တိုက်စစ်ကနေ အက်စတွန်ဗီလာအသင်းက ချေပဂိုးတစ်ဂိုးပြန်ရသွားပါတယ်။တန်ပြန်တိုက်စစ်ကထွက်လာတဲ့ ဘောလုံးကို အက်စတွန်ဗီလာတိုက်စစ်မှူး ဘေလီက လင်ဒီလော့ဒ်ကို ကျော်ဖြတ်ကာ ထောင့်ထဲကိုကန်သွင်းသွင်းပြီး ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့တာဖြစ်ပါတယ်။ဂိုးပေးလိုက်ရလို့ မန်ယူအသင်းက တိုက်စစ်ကိုထပ်မြှင်ဖို့ကြိုးစားခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းက ကစားကွက်မိလာတာကြောင့် မန်ယူနောက်တန်းမှာပဲ ဘောလုံးက၀ဲနေပါတယ်။




မန်ယူအသင်းရဲ့ ဘယ်ခြမ်း လုခ်ရှောဘက်ကနေ ဆက်တိုက်ဆိုသလိုပေါက်နေပြီး အက်စတွန်ဗီလာတိုက်စစ်မှူး ဘေလီကိုထိန်းချုပ်ရခက်နေပါတယ်။ဒီဂီယာကို လိမ်ပြီးကျော်သွားတဲ့ အလုံးကိုလည်း မက်ဂွိုင်းယူးကာကွယ်ပေးနိုင်ခဲ့လို့ ချေပဂိုးထပ်မပေးခဲ့ရတာပါ။




နောက်ပိုင်းမှာတော့ လူငယ်တွေကိုထည့်သွင်းခဲ့တာကြောင့် ကစားကွက်ကသိပ်မမိတော့ပဲ အက်စတွန်ဗီလာအသင်းက ခပ်ကြမ်းကြမ်းကစားနေတာကြောင့် မန်ယူအသင်းအတွက် ကစားရခက်နေပါတယ်။ပွဲပြီးဖို့အချ်န်ပို၂မိနစ်မှာပဲ အက်စတွန်ဗီလာအသင်းဟာ ထောင့်ကန်ဘောကတစ်ဆင့်ခြေပဂိုးသွင်းယူခဲ့ပြီး ၂-၂ဆိုတဲ့ရလဒ်နဲ့ပွဲပြီးသွားခဲ့ပါတယ်။

HH

Leave a Reply

Your email address will not be published.