အသင်းသစ်ရသွားတဲ့လင်ဂတ်၊ခြေစွမ်းပြနေတာကြောင့် မာရှယ်နဲ့ပတ်သတ်ပြီးဆုံးဖြတ်ချက်ပြောင်းသွားတဲ့ တန်ဟန်

မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားလင်ဂတ်ကို စာချုပ်သက်တမ်းမတိုးပဲ ဒီနှစ်မှာပဲ အလွတ်နဲ့ထွက်ခွာစေခဲ့ပါတယ်။မနှစ်ကလည်းတစ်နှစ်လုံးနီးပါးအရန်ခုံထိုင်နေရပေမယ့်

လူစားလဲကာ သူ၀င်လာတဲ့အချိန်တိုင်းမှာအသင်းအတွက် အကျိုးရှိတာတွေကိုလုပ်ပြနိုင်ခဲ့ပါတယ်။ဒါပေမယ့် အတွင်းသတင်းတွေထူတ်ပြောတဲ့အပြင် ပွဲချိန်ပြည့်ကစားတဲ့ အခါတိုင်းမှာလည်း ခြေစွမ်းပြဖို့ရုန်းကန်ရပါတယ်။

ယူနိုက်တက်နှင့်စာချုပ်ကုန်ဆုံးကာ အလွတ်ထွက်ခွါသွားသော ဂျက်ဆီလင်ဂတ်သည် တန်းတက်နော်တင်ဟမ်ဖောရက်စ်နှင့် ဆေးစစ်မှုအောင်မြင်ခဲ့ပြီး တစ်နှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

ယူနိုက်တက်က တိုက်စစ်မှူး မာစီယဲလ်ကို (2022)နွေ အပြောင်းအရွှေ့၌ ရောင်းချဖို့ အစီအစဥ်ဖျက်လိုက်ပြီး ဖြစ်ကြောင်းသိရသည်။ ခြေစမ်းပွဲမတိုင်ခင် တန်ဟက် အပါအဝင် ယူနိုက်တက်ဘုတ်အဖွဲ့က သင့်လျော်သည့် ကမ်းလှမ်းမှုရလာလျှင်

ရောင်းထုတ်မည်ဟု ကြံရွယ်ထား ပေမယ့် ယခု၌ အစီအစဥ်ကိုပြောင်းလဲလိုက်ပြီးဖြစ်သည်။ စီရော်နယ်ဒို၏အနာဂတ်မတည်ငြိမ်ချိန် တိုက်စစ်မှူး အသစ်ခေါ်ယူဖို့မသေချာ နေခြင်းကြောင်း ဖြစ်သည်။

မာရှယ်ဟာခြေစွမ်းပွဲ ၃ပွဲဆက်တိုက် ၃ဂိုးသွင်းကာ တစ်ဂိုးဖန်တီးထားပြီး တည်ငြိမ်တဲ့ ခြေစွမ်းတွေကို ပြသထားနိုင်ပါတယ်။လက်ရှိတိုက်စစ်အစုအဖွဲ့ကလည်း အတွဲအဖက်မိနေတာကြောင့် တန်ဟန်အနေနဲ့ မာရှယ်ကိုထိန်းထားဖို့ စိတ်ပြောင်းလာခဲ့တာဖြစ်ပါတယ်။

မနှစ်ကတော့ မန်ယူမှာခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတဲ့အပြင် အငှား၆လသွားကစားတဲ့ဆီဗီလာကမှာပါ ထပ်မံရုန်းကန်ခဲ့ရလို့ ဒီနွေမှာပဲ မာရှယ်ကိုထုတ်ရောင်းမယ်လို့ ဆုံးဖြတ်ပြီး အရောင်းစာရင်းတင်ခဲ့ပေမယ့် ခုလက်ရှိပြနေတဲ့ ခြေစွမ်းတွေကြောင့် အသင်းမှာပဲ ဆက်ထိန်းထားဖို့ တန်ဟန်က ဆုံးဖြတ်လိုက်တာပါ။

crd

Leave a Reply

Your email address will not be published.