​လက်ရှိခြေစွမ်းပြနေတဲ့မာရှယ်နဲ့ပတ်သတ်ပြီး မော်ရင်ဟိုပြောဖူးခဲ့တဲ့ အကြံအတိုင်း အသုံးချနေတဲ့ တန်ဟန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ အန်သိုနီမာရှယ်ဟာ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ တောက်ပလာနိုင်ခဲ့တာ အားလုံးအမြင်ပဲဖြစ်ပါတယ် ။ သူဟာ ရာသီကြိုပွဲစဥ်တွေမှာ တကယ့်ကို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ် ။




အန်သိုနီ မာရှယ်ဆိုတာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပုံစံကောင်း မပြသနိုင်ခဲ့မှုကြောင့် ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးပြီး ဆီဗီလားအသင်းဆီကို အငှားထွက်ခဲ့ရပါသေးတယ် ။ အဲ့ဒီမှာလည်း သူဟာ မျှော်လင့်သလို ခြေစွမ််းကောင်းမျိုး မပြသနိုင်ခဲ့ပါဘူး ။ ဒါ့ကြောင့် ဒီနွေမှာ သူဟာ ယူနိုက်တက်မှ ရောင်းထုတ်ခံရလိမ့်မယ်လို့တောင် ထင်ကြေးပေးခံခဲ့ရပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ မာရှယ်ဟာ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ အထောင် တိုက်စစ်မှူး အဖြစ်် ကစားရင်း ခြေစွမ်းပြသွားနိုင်ခဲ့ပါတယ် ။ အခုတော့ အန်သိုနီ မာရှယ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ရာသီကြို ပွဲစဥ် 3 ပွဲ ကစားရာမှာ 3 ပွဲလုံး တစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။




ယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟို ကိုယ်တိုင်က အန်သိုနီ မာရှယ် ဆိုတာ အထောင် တိုက်စစ်မှူးအဖြစ် ကစားလိုကြောင်း ၊ ရပ်ရှ်ဖို့ ရဲ့ ကစားအား အရ တောင်ပံ တိုက်စစ် နေရာမှာ ကစားသင့်ကြောင်း ၊ မာရှယ် တိုက်စစ်မှူး အဖြစ် ကစားတာကို မြင်ရရင် အံ့အားသင့်မှာ မဟုတ်ကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။




” မာရှယ်ဟာ နံပါတ် 9 ကစားသမား အဖြစ် ကစားချင်ခဲ့တာကို ကျွန်တော် သိပါတယ် ။ တစ်ခါတလေမှာ မှားယွင်းကောင်း မှားယွင်းနိုင်ပါတယ် ။ သေချာတာတစ်ခုကတော့ သူဟာ အထောင် တိုက်စစ်မှူး အဖြစ် ကစားလိုတယ် ဆိုတာပါပဲ ”” ဒါကို မားကပ်စ် ရပ်ရှ်ဖို့ လည်း လုပ်နိုင်ပါတယ် ။ ဒါပေမဲဲ့ သူဟာ ဘယ်တောင်ပံမှာ ပိုပြီး အံဝင်အောင် ကစားနိုင်သူပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒီအခြမ်းမှာ ပိုပြီး တာဝန်ကျေအောင် ကစားနိုင်သလို ကစားအားလည်း တကယ့်ကို ကောင်းမွန်လွန်းလို့ပါပဲ ”




” သူဟာ နောက်ခံ အစွန်လူတွေလို ခံစစ်ကိုလည်း ဆင်းကူပေးနိုင်စွမ်းရှိပါသေးတယ် ။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းက မာရှယ်ကို အထောင်တိုက်စစ်မှူး အဖြစ်ထားပြီး ရပ်ရှ်ဖို့ ကို ဘယ်တောင်ပံ တိုက်စစ် နေရာမှာ ထားပြီး ကစားစေရင် ကျွန်တော် အံ့သြမှာ မဟုတ်ပါဘူး ”




” အကယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်က ကျွန်တော် ပြောတာကို ပြောင်းပြန်လှန်လိုက်ရင်လည်း အံ့သြမိမှာ မဟုတ်ပါဘူး ။ အကယ်လို့ ကွင်းလယ်လူ ဖြစ်သူက ဘယ်တောင်ပံကို အလေးထားပြီး ဘယ်တောင်ပံ က ကစားသမားကို လွတ်လပ်မှုပေးရင် သူတို့ ပုံစံကောင်း ပြနိုင်မှာပါပဲ ” လို့ မော်ရင်ဟို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ်ဟာ ရောင်းထုတ်ခံရဖို့ သတင်းကြီးနေခဲ့တဲ့ မာရှယ်ကို တိုက်စစ်မှူး အဖြစ် ကစားစေရင်း ရပ်ရှ်ဖို့ နဲ့ ဆန်ချို တို့ကို တောင်ပံ တဖက်တချက်မှ ဝန်းရံ ကစားစေခဲ့ပါတယ် ။ မာရှယ်သည် 2015 ခုနှစ်တွင် မိုနာကိုမှ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့ပြီး ကလပ်အသင်းအတွက် 269 ပွဲ ကစားပေးထားသည်။ ထိုအချိန်တွင် ပြင်သစ်တိုက်စစ်မှူးသည် ပြိုင်ပွဲအရပ်ရပ်တွင် ၇၉ ဂိုး သွင်းယူခဲ့ပြီး အသင်းဖော်များအတွက် ဂိုး ၅၀ ဖန်တီးမှု ပေးခဲ့သည်။

crd

Leave a Reply

Your email address will not be published.