ရော်နယ်ဒိုက မက်စီထက်ပိုပြီးပြည့်စုံတဲ့ကစားသမားလို့ ပြောလိုက်တဲ့ ဘိုင်ယန်ကွင်းလယ်လူကင်းမစ်

ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီနဲ့ မန်ယူနိုက်တက်ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ဟာ လက်ရှိ အချိန်အထိ ဘောလုံးလောကရဲ့ အကြီးအကျယ်ဆုံးသော ကစားသမားတွေအဖြစ် ရပ်တည်လျက် ရှိနေကြပါတယ်။(၁၀)စုနှစ် တစ်ခုကျော်ကြာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကြားက ပြိုင်ဆိုင်မှုတွေက ပြင်းထန်ခဲ့ကြတာ ဖြစ်ပြီး နှစ်ဦးလုံးရဲ့ နောက်ဆုံးနေ့ရက်တွေကိုရောက်လာတဲ့ အထိ ပြိုင်ဆိုင်မှုတွေက ရှိနေဆဲပါပဲ။




ဒါ့အပြင် မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူက ပိုကောင်းတယ်ဆိုတဲ့ ငြင်းခုန်မှုတွေကလည်း ဆယ်စုနှစ်တစ်ခုကျော်ကြာလာတဲ့ အထိ ပြီးဆုံးသွားခဲ့ ခြင်းမရှိသေးပဲ ဘောလုံးလောကမှာ အရှည်ကြာဆုံး ငြင်းခုမှု တစ်ခု အဖြစ်လည်း ရှိနေတာ ဖြစ်ပါတယ်။ဒီငြင်းခုန်မှုတွေထဲမှာ ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား ကင်မစ်လည်း ပါဝင်လာခဲ့ပြီး၊ မက်ဆီနဲ့ စီရော်နယ်ဒိုမှာ ဘယ်သူက ပိုပြီးတော့ ပြည့်စုံ ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်သလဲဆိုတာကို ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ကင်မစ်က ” သွင်းဂိုးတွေအကြောင်း ပြောရမယ်ဆိုရင် စီရော်နယ်ဒိုက ထိပ်ဆုံးမှာ ရှိနေပါတယ်၊ အထူးသဖြင့် သူ့ရဲ့ ချန်ပီယံလိဂ် သွင်းဂိုးတွေ ပေါ့၊ ဒါပေမဲ့ မက်ဆီကတော့ လုံးဝကို ကွဲပြားခြားနားတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်၊စီရော်နယ်ဒိုကတော့ မက်ဆီထက် စကေးပိုင်းအရ ပိုပြီးတော့ ပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။




ကင်မစ်ဟာ စီရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူက ပိုကောင်းလဲဆိုတဲ့ မေးခွန်းကိုတော့ ဖြေဆိုရန် ငြင်းဆန်သွားခဲ့ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ ကင်မစ်က ” မက်ဆီက dribbler သမားတစ်ယောက်ပါ၊ စီရော်နယ်ဒိုကတော့ အဆုံးသတ် ကစားသမားတစ်ယောက်ပါ၊ဒီနှစ်ယောက်ထဲမှာ ဘယ်သူက ပိုကောင်းတယ်ဆိုတာကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး၊ ဒါပေမဲ့ ဒီနှစ်ယောက်လုံးဘောလုံး ကစားတာကို ကြည့်ခွင့်ရတဲ့ အတွက် ကျွန်တော် တကယ်ပဲ ဝမ်းသာပါတယ်၊




စီရော်နယ်ဒိုလို ကစားသမားမျိုးကို တစ်သင်းလုံးက ပိတ်ဆို့ထားမှပဲ ရနိုင်ပါတယ်၊ သူက တကယ့်ကို ကောင်းမွန်တဲ့ ဂိုးတွေကို သွင်းယူလေ့ရှိတဲ့ ဂိုးသွင်းစက်တစ်ခုပါ၊ သူပြေးနေတာကို ဆက်မလုပ်နိုင်အောင် ကျွန်တော်တို့ဘက် သေချာအောင် ပြုလုပ်ရပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက နှစ်ဦးလုံး အသင်းသစ်တွေကို ပြောင်းရွှေ့ခဲ့ကြတာပါ။ မက်ဆီက ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီးနောက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပြီး၊ စီရော်နယ်ဒိုကတော့ ဂျုဗင်တပ်ထံကနေ မန်ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။




မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၁၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၅)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး လီဂူး(၁) ဖလားကိုလည်း ရရှိနိုင်ခဲ့ပါတယ်။စီရော်နယ်ဒိုကတော့ မန်ယူနိုက်တက်အတွက် သွင်းဂိုး (၂၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပေမဲ့ ဆုဖလားလက်မဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပြီး မန်ယူနိုက်တက်နဲ့ အတူ ဆိုးရွားတဲ့ ရာသီတစ်ခုကို ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။




လက်ရှိမှာတော့ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်ကနေ ထွက်ခွာပြီး ချန်ပီယံလိဂ် ကစားခွင့်ရမယ့် အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ စီစဉ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.