မာရှယ်နဲ့အနာဂတ်ကိုအတည်ပြုပေးခဲ့ပြီး ရာသီသစ်မှာတိုက်စစ်ကို ဘယ်သူဦးဆောင်မလဲဆိုတာ ပြောပြခဲ့တဲ့ တန်ဟန်

တိုက်စစ်မှူး အန်တိုနီ မာရှယ်ဟာ နွေရာသီ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြ ကစားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်ရှိနေတော့မယ်လို့ သိရပါတယ်။




မာရှယ်ဟာ ဇန်နဝါရီတုန်းက ဆီဗီလာကို အငှားနဲ့ ထွက်ကစားခဲ့ပြီး ခြေစွမ်း မပြနိုင်တာကြောင့် ယူနိုက်တက် ၂၆ နှစ်သားအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ မူလကစီစဉ်ခဲ့ပါတယ်။

အန်သိုနီ မာရှယ်ဆိုတာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပုံစံကောင်း မပြသနိုင်ခဲ့မှုကြောင့် ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးပြီး ဆီဗီလားအသင်းဆီကို အငှားထွက်ခဲ့ရပါသေးတယ် ။ အဲ့ဒီမှာလည်း သူဟာ မျှော်လင့်သလို ခြေစွမ််းကောင်းမျိုး မပြသနိုင်ခဲ့ပါဘူး ။ ဒါ့ကြောင့် ဒီနွေမှာ သူဟာ ယူနိုက်တက်မှ ရောင်းထုတ်ခံရလိမ့်မယ်လို့တောင် ထင်ကြေးပေးခံခဲ့ရပါသေးတယ် ။




ဒါပေမယ့် မာရှယ်က ခရစ္စတီယာနိုရော်နယ်ဒိုမပါတဲ့ ခြေစမ်း ခရီးစဉ် တစ်လျှောက်မှာ တစ်ပွဲတစ်ဂိုးနှုန်း သွင်းခဲ့တာကြောင့်လည်း နည်းပြ အဲရစ်တန်ဟတ်က မာရှယ်ကရောင်းဖို့ မဟုတ်ဘူးဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။




အခုဆိုရင် ရော်နယ်ဒို ထရိန်နင် ပြန်ဆင်းရငတောင် မာရှယ်ကသာ လာမယ့် နှစ်ပတ် အတွင်း စတင်တော့မယ့် ရာသီသစ်ရဲ့ ယူနိုက်တက် တိုက်စစ်ကို ဦးဆောင်ဖွယ်ရှိပါတယ်။




နောက်ထပ် ဇန်နဝါရီမှာ အဲဗာတန်ကို အငှားထွက် ကစားခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်တဲ့ ဒွန်နီဗန်ဒီဘိခ်ကလည်း နည်းပြ တန်ဟတ် လက်အောက်မှာ ခြေစွမ်းတိုး တက်လာခဲ့ပြီး ရာသီသစ်မှာ နေရာရလာဖို့ ရှိနေပါတယ်။




နည်းပြ တန်ဟတ် ကိုယ်တိုင်က “ ဒွန်နီက ဘာမဆိုလုပ်နိုင်ပါတယ်၊ ကျွန်တော် သိပါတယ် ဒါပေမယ့် သူ့ကိုယ်သူ သက်သေပြဖို့လိုပါတယ် ” လို့ ပြောခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.