မန်ယူမှာ ရုန်းကန်နေရပေမယ့် အသင်းပြောင်းလာခဲ့တာ နောင်တမရဘူးလို့ ပြောကြားလိုက်တဲ့ ဗာရန်း

ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းသားဗာရာနီဟာ ပြီးခဲ့တဲ့နှစ်နွေမှာမန်ယူကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့စဉ်က အသင်းဟောင်းရီးရဲလ်မှာ ရှိသမျှဖလားအကုန်သိမ်းပိုက်နိုင်ခဲ့တာပါ။




ဖြစ်ချင်တော့ သူပြောင်းသွားတဲ့ပထမဆုံးရာသီမှာပဲ ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ ထပ်မံဗိုလ်စွဲသွားပါတယ်။သူကတော့ အတွေ့အကြုံသစ်ဆိုတဲ့အကြောင်းပြနဲ့ မန်ယူကိုပြောင်းလာပေမယ့် အသင်းသစ်က ဖလားလက်မဲ့ဖြစ်ခဲ့သလိုပရီးမီးယားလိဂ်မှာ ဆိုးဆိုးရွားရွားအဖြစ် အဆင့် ၆ နဲ့သာ အဆုံးသတ်ခဲ့တာပါ။

အဲဒီပြင်သစ်သားအတွက်ကတော့ သေချင်တဲ့ကျား တောပြောင်းသလိုဖြစ်သွားပါတယ်။ သူ့အသင်းဖော်ဟောင်းတွေက ရာသီသစ်မှာချန်ပီယံလိဂ်သရဖူကို ကာကွယ်နေချိန် ဗာရာနီကတော့ ဥရောပရဲ့ဒုတိယတန်းစားဖြစ်တဲ့ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ရမှာပါ။




ဒါပေမဲ့ ဗာရာနီကတော့ BBC သတင်းဌာနဲ့အင်တာဗျူးမှာ မန်ယူကိုပြောင်းခဲ့တဲ့အပေါ် ပျော်ရွှင်ခဲ့ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။”ဘောလုံးမှာက ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်နိုင်ရမှာဖြစ်သလို တိုးတက်ဖို့လည်းကြိုးစားရမှာပါ။ နေရာတစ်ခုတည်းမှာ ၁၀ နှစ်ကြာရှိခဲ့ပြီးနောက်နောက်ထပ်အတွေ့အကြုံတစ်ခုမှာ ကျွန်တော်နေထိုင်ချင်ပါတယ်။




ပရီးမီးယားလိဂ်ဟာ လုံးဝသိပ်ကောင်းတဲ့ပြိုင်ပွဲဖြစ်သလို မန်ယူကလည်းအသင်းကြီးတစ်သင်းလို့ ထင်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်နွေကကျွန်တော့်ဆုံးဖြတ်ချက်ကို သံသယမရှိခဲ့ပါဘူး”လို့ ဗာရာနီက ပြောခဲ့တာပါ။




တကယ်လို့ သူသာ ရီးရဲလ်မှာဆက်နေမယ်ဆို ချန်ပီယံလိဂ်ခေတ်မှာဥရောပချန်ပီယံ ၅ ကြိမ်ဖြစ်ခဲ့တဲ့ ကစားသမား ၁၁ ယောက်ထဲက ၁ ယောက်ဖြစ်မှာပါ။




ဗာရန်းဟာ ပြီးခဲ့နှစ်ကမန်ယူအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းကောင်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။လက်ရှိမှာလည်း ဒဏ်ရာပြဿနာကြောင့် ပထမဆုံးခြေစမ်းပွဲသာ ပါ၀င်ကစားခဲ့ရပါတယ်။

crd

Leave a Reply

Your email address will not be published.