မကြာခင်မှာပဲ မန်ယူအသင်းရဲ့ ကစားသမားသစ်ဖြစ်လာတော့မယ့် တိုက်စစ်မှူးအန်တိုနီ

မန်ယူအသင်းဟာ ဒီနွေရာသီမှာ မာလာစီယာ၊မာတီနက်ဇ်နဲ့ အဲရစ်ဆင်တို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ယိုယွင်းနေတဲ့ ခံစစ်နဲ့ ဖန်တီးမှုအားနည်းနေတဲ့ ကွင်းလယ်ကိုအားဖြည့်ထားပေမယ့်




ရော်နယ်ဒိုထွက်မယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်အတွက်တော့ ခုချိန်ထိဘယ်သူမှမခေါ်ရသေးပါဘူး။ဒါပေမယ့်ခုချိန်မှာတော့ အေဂျက်အသင်းရဲ့တိုက်စစ်မှူး အန်တိုနီကို ခေါ်ယူဖို့ ပထမဆုံးကြိမ်စတင်ကမ်းလှမ်းတော့မယ်လို့သိရပါတယ်။

အန်တိုနီဟာ မနှစ်က အေဂျက်နဲ့အတူ ခြေစွမ်းပြခဲ့ပြီး လက်ရှိမန်ယူနည်းပြ တန်ဟန်နဲ့လည်း ကောင်းကောင်းတွဲလုပ်ဖူးတာကြောင့် အကြောင်းသိဆရာတပည့်တွေဖြစ်ပါတယ်။




တိုက်စစ်မှူး အန်တိုနီရဲ့ ကိုယ်စားလှယ်အဖွဲ့ထဲက ဂျူနီယာ ပတ်ရိုစိုဟာ မန်ချက်စတာကို ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့်ပဲ မန်ယူအသင်းကို ရောက်ရှိဖို့ အလွန်နီးစပ်တဲ့အနေအထားက်ုရောက်နေပါပြီ။




မန်ယူအသင်းကတော့ တိုက်စစ်မှူးအန်တိုနီအတွက် ၆၈သန်းနဲ့ စတင်ကမ်းလှမ်းဖွယ်ရှိပါတယ်။ဒါဟာအေဂျက်လိုချင်နေတဲ့ စျေးနဲ့လည်းအလွန်နီးစပ်နေတာကြောင့် အပြောင်းရွေ့ဟာ သိပ်မကြာခင်မှာပဲ ပေါ်ပေါက်လာဖွယ်ရှိပါတယ်။




တိုက်စစ်မှားအန်တိုနီကိုယ်တိုင်ကလည်း ဆရာဟောင်းနဲ့မန်ယူမှာလာကစားလိုစိတ်ရှိနေတာကြောင့် အပြောင်းအရွေ့ဟာ မြန်မြန်ဆန်ဆန်ပဲပြီးဆုံးဖွယ်ရှိပါတယ်။




ဒါဆိုရင်တော့ မန်ယူအသင်းရဲ့တိုက်စစ်ဟာ ပိုမြိုင်လာမှာဖြစ်ပြီး အန်တိုနီရဲ့ တစ်ကိုယ်တော်အတိုးအလှုပ်တွေနဲ့ ဖြတ်ကျော်မှုတွေက အသင်းအတွက် ဘယ်လောက်ထိအကျိုးရှိမလဲဆိုတာ စိတ်၀င်စားစရာပါ့ပဲ။

HH

Leave a Reply

Your email address will not be published.