တန်ဟန်ရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောကျလာတာကြောင့် မန်ယူကထွက်မယ့်အစီစဥ်ကို ပြန်စဥ်းစားလာတဲ့ ရော်နယ်ဒ်ု

မကြာသေးခင်ကပဲ ရော်နယ်ဒိုဟာ အသင်းကထွက်ခွင့်တောင်းခဲ့တယ်လို့ သတင်းအများအပြားကနေ ဖော်ပြခဲ့ပါတယ်။မန်ယူအသင်းရဲ့ လုပ်ပုံကိုင်ပုံနဲ့ ဘုတ်အဖွဲ့ရဲ့ လုပ်ရပ်တွေကိုမကျေနပ်တာဖြစ်ပြီး ချန်ပီယံလိဂ်၀င်ခွင့်လည်းမရတာကြောင့် လို့သိရပါတယ်။




အသင်းမှာ လိုအပ်ချက်တွေများနေပေမယ့် လူလည်းတစ်ယောက်မှ မခေါ်ယူနိုင်သေးတာကြောင့် အဲ့အချိန်တုန်းက ရော်နယ်ဒိုက သူအသင်းကထွက်ချင်တယ်လို့ အသံထွက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူအသင်းဟာ တန်ဟန်ရဲ့ နည်းပြလမ်းညွှန်မှုနဲ့အတူ ခြေစမ်းပွဲတွေမှာ လီဗာပူးကို ၄-၀၊မဲဘုန်းဗစ်တိုရီကို ၄-၁ နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကို ၃-၁ဆိုတဲ့ရလဒ်နဲ့ ​အနိုင်ရကာ အားရဖွယ်ကစားပုံက်ုပိုင်ဆိုင်ထားပါတယ်။




ဒါ့အပြင် ရော်နယ်ဒိုအသင်းကထွက်မယ်လို့အသံထွက်ပြီးမကြာခင်မှာ မာလာစီယာ၊အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ကို ဆက်တိုက်ဆိုသလိုခေါ်ခဲ့ပြီး လက်ရှိမှာလည်းဒီဂျောင်ဖြစ်ဖြစ် တစ်ခြားကွင်းလယ်ကစားသမားဖြစ်ဖြစ်ခေါ်ဦးမယ်လို့သိရပါတယ်။




အခုလို လူတွေကို မြန်မြန်ဆန်ဆန်ခေါ်ယူပြီး ကောင်းမွန်တဲ့ ကစားကွက်တည်ဆောက်ပုံတွေကြောင့် အသင်းကထွက်ချင်တဲ့ ရော်နယ်ဒိုက စိတ်ပြောင်းလာပြီး မန်ယူအသင်းမှာပဲဆက်နေဖို့ စဥ်းစားနေတယ်လို့သိရပါတယ်။




ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီမှာ မန်ယူအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သလို အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားသူလည်းဖြစ်ခဲ့ပါတယ်။​ေ၀ဖန်မှုတွေခံနေရပြီး ဂိုးဖန်တီးမှုတွေနည်းတဲ့ မန်ယူအသင်းရဲ့အစုအဖွဲ့ကနေတောင်




ပြိုင်ပွဲစုံ၂၄ဂိုးထိသွင်းထားနိုင်တဲ့ရော်နယ်ဒိုက လက်ရှိအစုအဖွဲ့လို ပေါက်ကွဲအားပြင်းပြင်းနဲ့ ဖန်တီးမှုသာ အများအပြားရရင်အခုထက်ပိုပြီး ဂိုးသွင်းနိုင်မှာအသေအချာပါ့ပဲ။တန်ဟန်ကိုယ်တိုင်ကလည်း ရော်နယ်ဒိုဟာ ရောင်းဖို့ မဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပြီး သူနဲ့အတူလက်တွဲလုပ်ဖို့အစီအစဥ်တွေရှိတယ်လို့လည်းပြောကြားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.