အမှားလေးတစ်ခုလုပ်မိတာနဲ့တင် တန်ဟန်ရဲ့ကြိမ်းမောင်းပြောဆိုခြင်းကိုခံလိုက်ရတဲ့ ဒေးဗစ်ဒီဂီယာ

ခရစ္စတယ်ပဲလေ့ကို (၃-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဟာ မန်ယူနိုက်တက်အတွက်တော့ အထင်ကြီးစရာ စြွေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တဲ့ နောက်ထပ် ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။မန်ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ရက်ဖို့ဒ်၊ မာရှယ်နဲ့ ဆန်ချိုတို့ (၃)ဦးက သွင်းယူပေးခဲ့တာ ဖြစ်ပြီးတော့ မန်ယူနိုက်တက် ပြသခဲ့တဲ့ ခြေစွမ်းက ပဲလေ့ကို အနိုင်ယူဖို့အတွက် အမှန်တကယ်ပဲ ထိုက်တန်မှု ရှိခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။




ခရစ္စတယ်ပဲလေ့ကို (၃-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဟာ မန်ယူနိုက်တက်အတွက်တော့ အထင်ကြီးစရာ စြွေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တဲ့ နောက်ထပ် ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။မန်ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ရက်ဖို့ဒ်၊ မာရှယ်နဲ့ ဆန်ချိုတို့ (၃)ဦးက သွင်းယူပေးခဲ့တာ ဖြစ်ပြီးတော့ မန်ယူနိုက်တက် ပြသခဲ့တဲ့ ခြေစွမ်းက ပဲလေ့ကို အနိုင်ယူဖို့အတွက် အမှန်တကယ်ပဲ ထိုက်တန်မှု ရှိခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

အသင်းမှာ ရှိတဲ့ ကစားသမားတွေကလည်း တန်ဟတ်ရဲ့ ဦးဆောင်မှုအောက်မှာ အကောင်းဆုံးလုပ်ဆောင်လျက် ရှိနေကြတဲ့ အလားအလာတွေကို ရာသီကြို ခြေစမ်းပွဲတွေမှာ မြင်တွေ့ခဲ့ရပြီး မာရှယ်ကတော့ အကောင်းဆုံး ဥပမာ တစ်ခု ဖြစ်ခဲ့ပါတယ်။




ပြီးခဲ့တဲ့ နည်းပြတွေနဲ့ မတူတဲ့ အချက်က တန်ဟတ်မှာ ဘယ်လို ကစားချင်တယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ကစားကွက်တစ်ခု ရှိနေတာ ဖြစ်ပါတယ်။ဆိုးလ်ရှားနဲ့ ရန်းနက်လက်ထက် ကွင်းထဲမှာ ဘယ်လိုမျိုး ကစားမယ်ဆိုတဲ့ ပြတ်သားတဲ့ ဦးတည်ချက်ကင်းမဲ့မှုတွေက တကယ်တမ်း မြက်ခင်းစိမ်းထက် ယှဉ်ပြိုင်ကစားရတဲ့ အခါမှာ ကစားသမားတွေ အတွက်လည်း လမ်းပျောက်ခဲ့ရတဲ့ အရာတစ်ခု ဖြစ်ခဲ့တာပါ။




ဒါပေမဲ့ တန်ဟတ်မှာ ရှင်းလင်းပြတ်သားတဲ့ ကစားကွက်နဲ့ ရည်ရွယ်ချက် ရှိလာခြင်းနဲ့ အတူ တန်ဟတ်တောင်းဆိုထားတဲ့ အရာတွေကို လိုက်လုပ်ဖို့ အတွက် ကစားသမားတွေ အတွက်လည်း အမြဲတမ်း လွယ်ကူတဲ့ အခြေအနေတွေကို ရင်ဆိုင်နေခဲ့ရတာတော့ မဟုတ်ခဲ့ပြန်ပါဘူး။ပြီးခဲ့တဲ့ ပဲလေ့နဲ့ ပွဲမှာ (၃-၁)နဲ့ အနိုင်ရရှိခဲ့ အချိန်မှာတောင် ဒီဂီယာရဲ့ လုပ်ရပ်ကို တန်ဟတ်တစ်ယောက် ဒေါသတကြီး အော်ဟစ်နေခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ် မီဒီယာပေါ် ပြန့်နှံ့လာခဲ့ပါတယ်။




ပွဲကစားချိန် (၈၇)မိနစ်လောက်မှာ ညာနောက်ခံလူ ဘစ်ဆာခါပြန်ပေးလိုက်တဲ့ ဘောလုံးကို ဒီဂီယာ အနေနဲ့ ခံစစ်ကစားသမား တစ်ဦးဦးကို ပြန်လည် ပေးပို့မှု ပြုလုပ်ရမယ့်အစား ဒီဂီယာက ကွင်းလယ်ကို ကန်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ဒီဂီယာရဲ့ ရည်ရွယ်ချက် မရှိတဲ့ ကန်တင်ပေးမှုကြောင့် ဘောလုံးဟာ ပဲလေ့ကစားသမားတွေဆီ ရောက်ရှိသွားပြီး အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီဂီယာရဲ့ လုပ်ရပ်ကို တန်ဟတ်က ကွင်းဘေးကနေ “ဒေးဗစ်၊ မင်းဘာတွေ သောက်တလွဲ လုပ်နေတာလဲ ” ဆိုပြီး ဒေါသတကြီးနဲ့ အော်ဟစ်နေခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ဒါဟာ ဖာဂီခေတ်လွတ် မန်ယူနိုက်တက်ရဲ့ အရင်နည်းပြတွေနဲ့ မတူညီတဲ့ တန်ဟတ်ရဲ့ ထူးခြားချက် ဖြစ်ပြီး အသင်းမှာ ဘာကောင်ကြီးပဲ ဖြစ်နေပါစေ ကွင်းထဲမှာ အမှားလုပ်မိရင်တော့ တန်ဟတ်ရဲ့ အဆူခံ၊ အဆဲခံရမယ့် အခြေအနေကနေ ပြေးလွတ်မှာ မဟုတ်ဘူးဆိုတာ ပြသခဲ့တာပဲ ဖြစ်ပါတယ်။




ဒီဂီယာဟာ တန်ဟတ်လိုချင်တဲ့ Sweeper၊ Keeper ပုံစံ ကစားသမားမျိုးမဟုတ်သော်လည်း ဘောလုံးကာကွယ်မှုအပိုင်းမှာတော့ ကမ္ဘာ့အဆင့်မှာ ရှိနေတယ်ဆိုတာကို သံသယဖြစ်ဖွယ် မရှိပါဘူး။လက်ရှိ နွေဈေးကွက်ထဲမှာ မန်ယူနိုက်တက်တို့ဟာ ဂိုးသမား သစ်ခေါ်ယူမှု အစီအစဉ်လည်း မရှိတဲ့ အတွက်ကြောင့် လာမယ့် ဘောလုံးရာသီသစ်မှာလည်း ဒီဂီယာကသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဦးစားပေးဂိုးသမား ဖြစ်လာဖို့ ရှိနေတာ သေချာနေတယ်လို့ ဆိုရမှာပါ။

crd

Leave a Reply

Your email address will not be published.