သူနဲ့ကစားပုံနေရာတူနေတဲ့ ကစားသမားသစ် အဲရစ်ဆင်အပေါ် မှတ်ချက်ပေးရင်း နွေးထွေးစွာကြိုဆိုခဲ့တဲ့ ဖာနန်ဒတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ကတော့ အဲရစ်ဆင်နဲ့ပတ်သက်ပြီး ပထမဆုံး ဖွင့်ဟလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက ဒိန်းမတ်ကွင်းလယ်လူ ခရစ္စရှန် အဲရစ်ဆင်ကို အလွတ်ဖြင့်ခေါ်ယူခဲ့တာပါ။




အဲရစ်ဆင် ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်အသင်းရဲ့ Attacking Midfield Role မှာ အားပြိုင်မှုတွေ ရှိလာခဲ့ပါတယ်။ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာလည်း လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ Attacking Midfield မှာ အဓိက ပါဝင်ကစားနေသူ ဖြစ်ပါတယ်။ ခရစ္စရှန် အဲရစ်ဆင်ကလည်း ၎င်းနေရာမှာ အားသာတဲ့ ကစားသမားတစ်ယောက် ဖြစ်ပြီး၊ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေ ရှိလာခဲ့တာပါ။

ဘရူနိုဖာနန်ဒက်ကတော့ အသင်းဆီကို အဲရစ်ဆင် ရောက်ရှိလာခဲ့တဲ့အပေါ်”အဲရစ်ဆင် က ကျနော်တို့အတွက်တော့ တကယ်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ အတိတ်မှာတင်ကောင်းခဲ့တာမျိုးမဟုတ်ဘဲ ပြီးခဲ့တဲ့ရာသီ ဘရန့်ဖို့ဒ်မှာကစားခဲ့တုန်းကလည်း ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ် ကျနော်နဲ့ကစားတဲ့နေရာတူတဲ့ ကစားသမားတွေဆီကနေ ကျနော်အမြဲသင်ယူပါတယ်။




“ကျွန်တော့်အနေနဲ့ အဲရစ်ဆင်ဆီကနေ သင်ယူစရာတွေကို အကောင်းဆုံး သင်ယူသွားဖို့ မျှော်လင့်ထားပါတယ်”“အကောင်းဆုံး ကစားသမားတွေက ကိုယ့်ကို ကစားပုံတွေ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” “ကျွန်တော့်ဘက်ကလည်း ကျွန်တော်တတ်နိုင်တဲ့ ဘယ်နည်းလမ်းနဲ့မဆို အစွမ်းကုန် ကူညီသွားမှာပါ”




ယူနိုက်တက် ပရိတ်သတ်တွေကြားမှာတော့ အဲရစ်ဆင် ရောက်ရှိလာခြင်းက ဘရူနိုရဲ့ ပွဲထွက်ခွင့်ကို ပျောက်ဆုံးစေမှာလည်း ဆိုပြီး စိုးရိမ်နေကြပါတယ်။ သို့ပေမယ့်လည်း တန်ဟန့်ကတော့ အဲရစ်ဆင် ရောက်ရှိလာခြင်းဟာ ဘရူနိုဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပိုမိုမြင်တွေ့ရမယ်လို့ မျှော်လင့်ထားပါတယ်။ တန်ဟရ်လက်အောက်က သူ့ရဲ့အခန်း ကဏ္ဍနှင့် ပတ်သက်ပြီး ဖာနန်ဒက်စ် က အခုလိုပြောကြားခဲ့ပါတယ်။




တန်ဟက်က ကစားသမားတွေကို အရမ်းတောင်းဆိုမှု လုပ်တက်တဲ့ နည်း​ပြမျိုးပါ။ ဒီကိစ္စကို ကျွန်တော်တို့ ဘက်ကလည်း သိသလို အကယ်လို့ ကျွန်တော်တို့က သူ တောင်းဆိုတဲ့အတိုင်း မလုပ်ပေးနိုင်ရင် အသင်းကနေ ဖယ်ရှားတာတို့ ဘာတို့ လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့လည်း ဒီအရာက ကောင်းတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ တန်ဟက်က ကျွန်တော့်ကို ဖန်တီးမှုတော်တော်များ များလုပ်ပေးဖို့ အလိုရှိနေတယ်။ ဒါကြောင့်ကျွန်တော် ကြိုးစားရပါမယ်။ ကျွန်တော့်ဘက်က ဘောလုံးထိန်းသိမ်းချိန်ရောက်လို့ ထိန်းသိမ်းရမယ်ဆိုရင် ထိန်းသိမ်းသွားပါမယ်။ ဘောလုံးပေးပို့ရမယ့်အချိန်မျိုး ရောက်ရင်းလည်း ဒါမျိုးပေးပို့သွားမယ်။




ခင်ဗျာက No.10 နေရာမှာ ကစားနေရတဲ့အချိန်ဆို တွေးထားရမယ့်ကိစ္စက ဘောလုံးကို ထိန်းချုပ်နိုင်ဖို့ နဲ့ ပေးဖို့နေရမယ်။ဒါကြောင့်မို့ဘောလုံးရလာရင် စဥ်းစားရမယ့် အချိန်တွေအများကြီး မရှိဘူး။ကျွန်တော် အသင်းကို စရောက်တဲ့အချိန်တွေတုန်းကတော့ ကျွန်တော့်ဘက်က ဘောလုံးအပျက်များပေမယ့် (28)ဂိုးတော့သွင်းယူနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် မနှစ်တုန်းကတော့(10)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါက လုံလောက်မှုမရှိတာမို့ လူတွေကတော့ ခင်ဗျာကို အပြစ်ဆိုကြမှာပဲ။ ကျွန်တော်ကတော့ အမြဲတမ်း အကောင်းဆုံးပဲ ကစားပေးပါတယ်။ အသင်း ဖော်တွေကို အမြဲတမ်းကူညီနေဖို့ပဲ တွေးထားတယ်။ ကျွန်တော်ကလည်း နည်းပြခိုင်းတဲ့အတိုင်းပဲ ကစားတက် တဲ့ ကစားသမားမျိုးပါ။”သေချာပါတယ် နည်းပြက ကျွန်တော့်ဆီက တောင်းဆိုတာကို ကျွန်တော်လုပ်ပေးမှာပါ၊ သူက အသင်းအတွက် အကောင်းဆုံးလို့ ထင်တဲ့အတွက် တောင်းဆိုမှာ ဖြစ်သလို ကျွန်တော့်အတွက်အရေးကြီးဆုံးကလည်း အသင်းပါပဲလို့ ဘရူနို ဖာနန်ဒက်စ် က ပြောကြားသွားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.