လီဗာပူးနဲ့ခြေစမ်းပွဲမှာ နိုင်တာတောင် လှောင်ပြောင်ခံခဲ့ရတဲ့ မက်ဂွိုင်းယားဘက်ကနေ ကာကွယ်ပြောဆိုလိုက်တဲ့ လီဗာပူးကစားသမား

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲရားကတော့ သူ့အသင်း ပရိသတ်တွေကိုယ်တိုင် ပြန် လှောင်ပြောင်တာကို အတော်ခံနေရပြီး ပဲလေ့စ်ကို ၃-၁ နဲ့ နိုင်တဲ့ ခြေစမ်းပွဲက သရဲနီ ပရိသတ်တွေရဲ့ အပြုအမူ က အတော် ဝေဖန်ပြောစရာ ဖြစ်လာခဲ့ပါတယ်။




သြစတေးလျနိုင်ငံ မဲလ်ဘုန်း မှာ ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ ပွဲမှာ ယူနိုက်တက် ပရိသတ်တွေက မက်ဂွဲရား ဘောလုံးထိတိုင်းမှာ Boo လုပ်ပြီး လှောင်ပြောင်ခဲ့ကြတာပါ။ ယူနိုက်တက်အသင်းဘက်က ဒီကိစ္စအပေါ် အတော် စိတ်ပျက်နေတယ်လို့ သိရတယ်။

သရဲနီပရိသတ်တွေက မက်ဂွဲရား တစ်ဦးတည်း အပြစ်ရှိသလို ဆက်ဆံနေကြတာဟာ မျှတတဲ့ လုပ်ရပ် မဟုတ်ကြောင်း ဘောလုံးသုံးသပ်သူတွေနဲ့ ကစားသမားဟောင်းတွေက ထောက်ပြခဲ့ကြရာ လီဗာပူး ကစားသမားဟောင်း နီကိုးလည်း ပါဝင်ခဲ့ပါတယ်။




လီဗာပူး ကစားသမားဟောင်း စတိဗ် နီကိုးက မက်ဂွဲရား အပေါ် မန်ယူနိုက်တက် ပရိသတ်တွေရဲ့ ဆက်ဆံပုံ က အတော် မမျှတကြောင်း သုံးသပ် မှတ်ချက်ပြုသွားခဲ့ပါတယ်။




” ဒီ ကမ္ဘာကြီးမှာ အသိဉာဏ် မရှိတဲ့သူတွေ ဘယ်လောက် များလိုက်သလဲဆိုတာ ပြသလိုက်တာပါပဲ။ ရိုးရိုးသားသား ပြောမယ်ဗျာ။ ကိုယ် အားပေးတဲ့အသင်းက ကိုယ့် နိုင်ငံကို ရောက်လာဖို့ကို တကူးတက စောင့်နေပြီးမှာ ကိုယ့် အသင်းသား တစ်ဦးကို လှောင်ပြောင်ကြတဲ့ ကိစ္စဗျာ။ဒါက လုံးဝကြီးကို မှားယွင်းနေပါတယ်။ လုံးဝကို လက်သင့်ခံလို့မရတဲ့ ကိစ္စတစ်ခုက ကိုယ်အားပေးတဲ့ ကိုယ့် အသင်း ကစားသမားကို လှောင်ပြောင်တာပါပဲ။




သူက အိုးထရက်ဖို့ဒ်မှာ လီဗာပူးနဲ့ ရင်ဆိုင်စဉ် ကိုယ်ဘာသာ own goal ကို hat-trick သွင်းခဲ့သူလည်း မဟုတ်ဘူး၊ သူက ယူနိုက်တက်ကို အသင်းခေါင်းဆောင် အဖြစ် ဆက်ပြီး တာဝန်ယူမယ့်သူပါ။မနှစ်က ရာသီ ခက်ခဲခဲ့ပေမယ့် ရာသီကြိုတော့ ပြီးအောင် စောင့်ကြပါဦးလာ။ ကွင်းထဲကို ဘောလုံး ပထမဆုံးထိတာနဲ့ လှောင်ပြောင်ခံရတာက အဓိပ္ပာယ် မရှိပါဘူး ” လို့ နီကိုးက မှတ်ချက်ပေးခဲ့ပါတယ်။




လတ်တလောမှာ ဗန်ဒီဘိခ်လို အသင်းဖော်တွေကတော့ မက်ဂွဲရားဘက်က ခုခံပြောဆိုပေးထားပြီး ယူနိုက်တက် အသင်းဘက် ကလည်း ကစားသမားကို ကာကွယ်ပေးမှုတွေ ပြုလုပ်ပေးနေပါတယ်။

crd

Leave a Reply

Your email address will not be published.