မန်ယူအသင်းကို ဘယ်တော့မှပြောင်းဖြစ်မှာ မဟုတ်တဲ့ အကြောင်းရင်းကို ပြောလာတဲ့ ကယ်လ်ဗင်ဖိလစ်

မန်ချက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ် ကစားသမားသစ် ကယ်လ်ဗင် ဖိလစ် ဟာ မနှစ်တုန်းက လိဒ်ယူနိုက်တက်နဲ့ ပြသ ခဲ့တဲ့ ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှု ကို ရရှိခဲ့ ပါတယ် ။အဲ့ဒိ အသင်းတွေ ထဲမှာ မန်ချက်စတာ မြို့ခံ ၂ သင်း ဖြစ်တဲ့ မန်ယူနိုက်တက် နဲ့ မန်စီးတီး တို့လည်း အပါအဝင် ဖြစ်ခဲ့တာပါ ။




မန်ယူနိုက်တက် ဟာ နှစ်ပေါင်း များစွာ ရှာဖွေနေတဲ့ ကွင်းလယ် အားနည်းချက်ကို ဖာထေးမယ့် ကစားသမားသစ် စာရင်းမှာ ဖိလစ် ရဲ့ အမည်ကို ထည့်သွင်းထားတယ်လို့ သတင်း ထွက်ခဲ့ဖူးပြီး မန်ချက်စတာ စီးတီး ကတော့ အသင်းကနေ ထွက်ခွာ တော့မယ့် ဝါရင့် ကွင်းလယ်ခံစစ်သမားကြီး ဖာနန်ဒင်ညို ရဲ့ နေရာ အတွက် အစားထိုးမယ့် ရည်ရွယ်ချက် နဲ့ စိတ်ဝင်စား ခဲ့တာပဲ ဖြစ်ပါတယ် ။

ရာသီကုန်ဆုံး ချိန်မှာတော့ ယူနိုက်တက် နဲ့ သတင်းတွေ တစထက် တစ အေးစက်လာခဲ့ပြီး မန်စီးတီး နဲ့ ကယ်လ်ဗင် ဖိလစ် တို့ရဲ့ သတင်းတွေသာ ကျန်ရှိ ပါတော့တယ် ။နောက်ဆုံးမှာတော့ စီးတီး ဟာ အင်္ဂလန် လက်ရွေးစင် အထိ လှမ်းတက် နိုင်ခဲ့တဲ့ ဖိလစ် ကို ပေါင် ၄၂ သန်း နဲ့ အစ်တီဟတ် ကွင်းကြီးဆီ ခေါ်ဆောင် နိုင်ခဲ့ပါတယ် ။ဖိလစ် ဟာ လက်ရှိမှာ စီးတီး အသင်းနဲ့ ရာသီကြို အမေရိက ခရီးစဉ် ကို လိုက်ပါ လေ့ကျင့်နေပြီး ရာသီသစ် ကို စတင်ဖို့ စိုင်းပြင်း နေပါပြီ ။အမေရိက မှာ ပြုလုပ် ခဲ့တဲ့ အမေးအဖြေ ကဏ္ဍ တခုမှာတော့ ဖိလစ် က သူဟာ မန်ချက်စတာ ယူနိုက်တက် ကို ဘယ်လို နည်းနဲ့မှ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ အကြောင်းကို ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။




“မန်ချက်စတာ ယူနိုက်တက် ကိုလား ၊ ဒီအခွင့်အရေးမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ လိဒ်ယူနိုက်တက် အပေါ် ကျွန်တော် ဘယ်လောက်ထိ သစ္စာ ရှိသလဲ ဆိုတာ အားလုံး သိကြပါတယ် ။ ကျွန်တော့ မိသားစု အားလုံးကလည်း လိဒ် ပရိသတ်တွေ ပါပဲ”“မန်ချက်စတာ ယူနိုက်တက် က စိတ်ဝင်စားတယ်လို့ ကြားလို့ တကယ် ဂုဏ်ယူမိ ပါတယ် ။ သူတို့က အင်္ဂလန် မှာရော ကမ္ဘာပေါ်မှာပါ အကြီးကျယ် အခမ်းနားဆုံး အသင်းတွေ ထဲက တသင်းပါ ။ ဒါပေမယ့် လိဒ် ရဲ့ သစ္စာတော်ခံ တယောက် အနေနဲ့ ကတော့ မန်ချက်စတာ ယူနိုက်တက် ကို သွားဖို့ မဖြစ်နိုင်ပါဘူး ။ အခု မန်ချက်စတာ ရဲ့ အခြားတဘက် မှာ ကျွန်တော် ရောက်လာခဲ့ပါပြီ”




“လိဒ် ဟာ ကျွန်တော့ကို အခုလို အနေအထားမျိုး ရောက်လာအောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ အသင်းပါ ။ သူတို့ အပေါ်မှာ အစဉ်အမြဲ သစ္စာ ရှိနေပါမယ်” လို့ ကယ်လ်ဗင် ဖိလစ် က ပြောဆို သွားခဲ့ ပါတယ် ။လိဒ်ယူနိုက်တက် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ခါးသီးတဲ့ အားပြိုင်မှုတွေ ရှိခဲ့ပြီး ၂ ဘက် အသင်း ပရိသတ်တွေ ကလည်း တဘက်ကို တဘက် မုန်းတီးမှုတွေ ရှိခဲ့ကြပါတယ် ။




လိဒ် နဲ့ မန်ယူနိုက်တက် တို့ အကြားမှာ ကစားသမား အပြောင်းအရွှေ့တွေ ရှိခဲ့ဖူးပြီး လိဒ် ရဲ့ အဲရစ် ကန်တိုနာ ၊ အလန်စမစ် ၊ ရီယို ဖာဒီနန် တို့ဟာ ယူနိုက်တက် နဲ့ အောင်မြင်မှုတွေ ရရှိခဲ့ဖူး ပါတယ် ။ပြီးခဲ့တဲ့ ရာသီတုန်းကလည်း မန်ယူနိုက်တက် ရဲ့ ဝေးလ် တောင်ပံ ကစားသမား ဒန်နီရယ် ဂျိမ်းစ် ဟာ လိဒ် ယူနိုက်တက် ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ် ။




ဒါပေမယ့် ပရိသတ်တွေ အကြားက အားပြိုင်မှုတွေ ကတော့ လျော့ကျမသွားခဲ့ ပါဘူး ။အချို့ ကတော့ မန်စီးတီးလို ထိပ်တန်း ကစားသမားတွေ စုဝေးနေတဲ့ အသင်းမှာ ဖိလစ် အတွက် ပုံမှန် နေရာ ရဖို့ ခက်ခဲ နိုင်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းမှာ ပါဝင်ခွင့် မရမှာကို စိတ်ပူပင်မှုတွေ ဖြစ်ခဲ့ကြ ပါတယ် ။ဒါပေမယ့် ဖိလစ် ကတော့ ဒါဟာ သူ နှစ်သက်လို့ ရွေးချယ် ခဲ့တဲ့ ရွေးချယ်မှု ဖြစ်ပြီး စီးတီး မှာ နေရာ ရရှိအောင် ကြိုးစား သွားပါမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

crd

Leave a Reply

Your email address will not be published.