မန်ယူကထွက်ချင်နေတဲ့ ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဖာနန်ဒတ်

ဘရူနိုဖာနန်ဒက်စ်က ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အနာဂတ်ကို ဖြေရှင်းသွားဖို့ဟာ မန်ချက်စတာယူနိုက်တက် အပေါ်မှာသာ မူတည်နေတယ်လို့ ဆိုလိုက်ပြီး သူကတော့ သူ့အသင်းဖော် ဘာတွေ တွေးနေတယ်ဆိုတာ မသိပါဘူးလို့ ပြောလိုက်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်မှု အစီအစဉ် မတိုင်မီ ရက်ပိုင်းအလိုမှာ ကလပ်ကနေ ထွက်ခွာချင်တဲ့ သူ့ရဲ့ ဆန္ဒကို အသိပေးသွားခဲ့ပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုကို ရခဲ့မယ် ဆိုရင် ထွက်ခွာခွင့်ပြုရန် ခွင့်တောင်းထားခဲ့ပါတယ်။




အဲဒီနောက် ရော်နယ်ဒိုဟာ မိသားစုကိစ္စ အကြောင်းပြချက်နဲ့ လေ့ကျင့်မှုအစီအစဉ်ကို လာရောက် မပူးပေါင်းခဲ့တဲ့ အပြင် ကလပ်ရဲ့ ထိုင်း နဲ့ သြစတေးလျ ရာသီကြို ခြေစမ်း ခရီးစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးနဲ့ သတင်းထွက်ခဲ့ပေမယ့်လည်း သောမတ်တူချယ်က ရော်နယ်ဒိုကို မခေါ်ယူရန် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နာပိုလီ အက်သလက်တီကို နဲ့ ဆော်ဒီကလပ်တစ်ခုဟာ ရော်နယ်ဒိုကို စိတ်၀င်စားမှု ပြသနေပေမယ့်လည်း ယူနိုက်တက် ဘက်ကတော့ ရော်နယ်ဒိုကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ ဆိုထားခဲ့ပါတယ်။ အဲရစ်တန်းဟတ် ကလည်း ရော်နယ်ဒိုဟာ ဒီရာသီ တင်မကဘဲ နောက်ထပ်တစ်ရာသီပါ ယူနိုက်တက်မှာ ဆက်ရှိနေနိုင်တယ်လို့ ပြောထားခဲ့ပါတယ်။ ဖာနန်ဒက် ကတော့ မန်ယူနိုက်တက် အနေနဲ့ ရော်နယ်ဒိုကို ကလပ်မှာ ဆက်လက် ထိန်းသိမ်းသွားဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။




ရော်နယ်ဒိုကို ကလပ်မှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့ မေးခွန်းကို ဖာနန်ဒက်စ်က “ကျွန်တော်လည်း မသိပါဘူး။ သိကြတဲ့အတိုင်းပဲ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ အတွက် ဂိုးတွေ အများကြီး သွင်းပေးခြ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ ကျွန်တော့် အပေါ် မမူတည်ပါဘူး။ ရွေးချယ်မှု လုပ်သွားရမှာက ကလပ် ဖြစ်ပြီး ရော်နယ်ဒို ဘက်ကလည်း သူ့ရဲ့ ကိ်ုယ်ပိုင် ရွေးချယ်မှုကို လုပ်သွားရမှာပါ။




သူ့ခေါင်းထဲမှာ ဘာရှိနေသလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူ ဒီကနေ ထွက်ခွာချင်တယ်ဆိုတဲ့ သတင်းတွေကိုတော့ ကြားနေရပါတယ်။ ကျွန်တော် ဒါနဲ့ ပက်သက်ပြီး သူ့ကို မမေးခဲ့ပါဘူး။ လေ့ကျင့်ရေးကွင်းကို သူ မလာခဲ့တဲ့ အချိန်မှာ ကျွန်တော် ခရစ်စတီယာနိုကို မေးတဲ့ တစ်ခုတည်းသော အရာကတော့ သူ့ရဲ့ မိသားစု အိုကေရဲ့လား ဆိုတာပါပဲ။ ဘာတွေ ဖြစ်နေသလဲဆိုတာ သူကျွန်တော့်ကို ပြောပြပါတယ်။ ဒါပါပဲ။ နောက်ထပ် ဘာမှ မရှိပါဘူး။”




ဆက်လက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော်တို့ အနေနဲ့ အားလုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားသွားရမှာပါ။ ခရစ်စတီယာနို ကလပ်နဲ့ မန်နေဂျာကို ဘာပြောခဲ့သလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ခေါင်းထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူ့ရဲ့ space ကို ကျွန်တော်တို့ လေးစားရမှာပါ။ ကျွန်တော်တို့ သိတာကတော့ သူ့မှာ မိသားစုပြသနာ တစ်ချို့ ရှိနေတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ သူ့ကို space တစ်ချို့ ပေးသွားရမှာပါ။ ဒါပါပဲ။” လို့ ပြောလိုက်ပါတယ်။




ဒါ့အပြင် ဖာနန်ဒက်စ်ဟာ အဲရစ်တန်းဟတ်ရဲ့ စည်းကမ်းပိုင်း တင်းကျပ်ထားမှု အပေါ် အပြည့်အ၀ ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။ဖာနန်ဒက်စ်က “ကျွန်တော်တို့ ဒါမျိုးတွေ ကာလတစ်ခုကြာ လိုအပ်နေခဲ့တယ်လို့ ထင်ပါတယ်။ စည်းကမ်းဆိုတာ အရေးကြီးတဲ့ အရာလို့ ကျွန်တော်ထင်ပါတယ်။ စည်းကမ်းပိုင်းဆိုတာ ကွင်းထဲမှာတင် မကပါဘူး။ ကွင်းပြင်ပ စည်းကမ်းတွေ လိုက်နာဖို့ကလည်း အရေးကြီးပါတယ်။ ဒါကို မလိုက်နာတဲ့သူတွေ အနေနဲ့ အပြစ်ပေးခံရသင့်ပါတယ်။ ကျွန်တော်ကတော့ အဲရစ် ဒါတွေ လုပ်တာဟာ အရမ်းကို ကောင်းတယ်လို့ မြင်မိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ အချိန်မှန်တာကို နှစ်သက်တဲ့သူ ဖြစ်နေလို့ပါ။ ဒ့ါကြောင့် စည်းကမ်းပိုင်းတွေနဲ့ ပက်သက်ပြီး ကျွန်တော့်ဘက်က ပြသနာ မရှိပါဘူး။” လို့ ပြောသွားပါတယ်။

crd

Leave a Reply

Your email address will not be published.