ချဲလ်ဆီးမှာသာ ရနိုင်တဲ့ အခွင့်အရေးမျိုး မန်ယူမှာမရနိုင်လို့ ချဲလ်ဆီးကို ပြောင်းသွားနိုင်တဲ့ ဒီဂျောင်

ဘာစီလိုနာ ကွင်းလယ် ကစားသမား ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနွေ အသည်းအသန် ကြိုးစားမှုကို ခံထားရပေမယ့် အသင်း လုံးဝ မပြောင်းဘူးလို့ ခါးခါးသီးသီး ငြင်းဆန်ထားခဲ့တာပါ။




ဒါပေမယ့် ဒီဂျောင်ကို ချယ်ဆီးကလည်း ချဉ်းကပ်လာချိန်မှာတော့ ကစားသမားရဲ့ သဘောထားက တမျိုးပြောင်းလာကြောင်း စပိန်က သတင်းတွေမှာ ဖော်ပြလာပါတယ်။

ယူနိုက်တက်ဟာ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းနဲ့ ခေါ်ဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားက နူးကမ့်မှာပဲ ဆက်နေမယ် ဆုံးဖြတ်ခဲ့တာပါ။ ဘာစီလိုနာ အနေနဲ့လည်း ကစားသမားကို ပေးစရာ လစာကြွေး ယူရို သန်း ၂၀ ရှိနေတာကြောင့် အတင်း မတိုက်တွန်းနိုင်ဘဲ ရှိနေပါတယ်။




သတင်းတွေ အရတော့ ဒီဂျောင်ရဲ့ အေးဂျင့်ဟာ သူ့ ကစားသမား အတွက် ကမ်းလှမ်းမှု တင်သွင်းဖို့ ချယ်ဆီးအား တိုက်တွန်းခဲ့တယ် လို့ သိရပါတယ်။




ဒီဂျောင် ရဲ့ အဓိက ရည်ရွယ်ရင်းက ဘာစီလိုနာမှာ ဆက်နေဖို့သာ ဖြစ်ပေမယ့် ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ကတော့ တံခါးဖွင့်ထားကြောင်း စပိန် Sport သတင်းဌာနက ဆိုပါတယ်။ ဒီဂျောင်က ချန်ပီယံလိဂ် ကစားရမှာ မဟုတ်လို့သာ မန်ချက်စတာ ယူနိုက်တက်ကို ခါးသီးစွာ ငြင်းပယ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်သာလန်သားဟာ မန်ချက်စတာ မှာ နေဖို့ စိတ်မစားခဲ့ပါဘူး။




ဒါပေမယ့် ချယ်ဆီးအသင်းမှာတော့ သေချာတဲ့ အသင်း စီမံပုံနဲ့ အားကစားရည်မှန်းချက် ကြီးစွာ ရှိနေပြီး သူ့ မျှော်မှန်းချက်တွေ ဖြည့်ဆည်းနိုင်မယ်လို့ ဒီဂျောင်က ယုံကြည်မှု ရှိတယ်လို့ သိရပါတယ်။ ချယ်ဆီးဟာ အသက် ၂၅ နှစ် အရွယ် ကွင်းလယ် သမား အတွက် တရားဝင် ကမ်းလှမ်းမှုတော့ မလုပ်ရသေးပါဘူး။




လက်ရှိမှာတော့ ဒီဂျောင်က ဘာစီလိုနာ အသင်းနဲ့ အတူ အမေရိကန် ရာသီကြို ခရီးစဉ်မှာ ရှိနေခဲ့တာပါ။ ဘာစီလိုနာဟာ ချယ်ဆီးအသင်းနဲ့ ကွီတာ၊ အလွန်ဆိုတို့ကို ခေါ်ယူရေးလည်း ဆွေးနွေးလက်စ ရှိနေပါတယ်။

crd

Leave a Reply

Your email address will not be published.