အသင်းဖော်တိုင်းကချစ်ကြသလို လူတိုင်းကချီးကျူးနေပေမယ့် သူ့ရဲ့ နှိမ့်ကျပြောဆိုတတ်တဲ့အတိုင်း ရင်ဖွင့်သွားတဲ့ ဗန်ဒီဘိခ်

မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ခြေစမ်းပွဲမှာတော့ ယူနိုက်တက်က ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ တန်ဟက်ဂျ်လက်ထက်မှာ ၃ ပွဲဆက်တိုက်အနိုင်ရရှိခဲ့တာဖြစ်ပြီး ၃ ပွဲစလုံးကို အနည်းဆုံး ၃ ဂိုးစီ သွင်းယူနိုင်ခဲ့ကာ အသင်းကစားဟန်နဲ့ကစားသမားတွေရဲ့ ခြေစွမ်းက ယူနိုက်တက်ပရိသတ်တွေကို စိတ်ကျေနပ်စရာတွေ အပြည့်အ၀ပေးနိုင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။




အထူးသဖြင့် မနေ့ကပွဲမှာတော့ ယူနိုက်တက်တိုက်စစ်ပိုင်းက ကစားသမားတွေကြားမှာ အချိတ်အဆက်မိမိကစားနိုင်ခဲ့ပြီး မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကြားမှာ နားလည်မှုပြည့်၀နေကာ သူတို့ရဲ့လျင်မြန်မှု၊ တိကျမှုတွေန​ဲ့ ယူနိုက်တက်တို့ ဂိုးတွေရရှိခဲ့ပါတယ်။

သူတို့ သုံးယောက်စလုံးဂိုးတွေသွင်းယူနိုင်ခဲ့ကြပြီး ဒီထဲမှာ ထူးခြားမှုတခုကတော့ ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးအတွက် ဖန်တီးပေးခဲ့တဲ့ ဗန်ဒီဘိခ်ကို အသင်းဖော်တွေက ဝိုင်းဝန်းဂုဏ်ပြုမှုပဲဖြစ်ပါတယ်။လျင်မြန်တဲ့တွဲလုံးတွေ၊ နားလည်မှုပြည့်၀နေတဲ့ ချိတ်ဆက်မှုကတဆင့် ယူနိုက်တက်တို့ တိုက်စစ်ဆင်လာခဲ့ပြီး ဧရိယာထဲမှာ တချက်ထိအမြန်ပေးပုံစံနဲ့ ဗန်ဒီဘိခ်က ရက်ရှ်ဖို့ဒ်ဂိုးသွင်းနိုင်အောင် အတိအကျဖန်တီးပေးနိုင်ခဲ့တာပါ။




ဒီဂီယာ တိုက်ရိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဘရူနိုရဲ့ အံ့အားသင့်ဖွယ် Long Pass ကနေတဆင့် မာရှယ်-ဆန်ချို-ဗန်ဒီဘိခ်တို့ရဲ့ တွဲလုံးဖြင့် မားကပ်က အဆုံးသတ်ပေးခဲ့တာပါ။ကစားသမား(၆)ယောက် ထိချက်(၉)ချက်ဖြင့် အလှပဆုံး အသင်းလိုက် စုဖွဲ့မှုကို အသုံးချပြီး၊ ထိပ်တန်းသွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူပရိသတ်တွေဟာ ပဲလေ့စ်နဲ့ပွဲက ရက်ရှ်ဖို့ဒ်သွင်းခဲ့တဲ့ဒုတိယဂိုးနဲ့ပတ်သက်လို့အားပါးတရရှိနေကြပြီး ချီးကျူးမှုတွေလုပ်နေကြပါတယ်။




အထူးသဖြင့် Ten Hag Ballရောက်လာပြီလို့ ဆိုနေကြပြီး ညက်ညောတဲ့ကစားပုံနဲ့ ဂိုးသွင်းတာကို ဆိုလိုကြတာပါ။ဒီဂိုးသွင်းပြီးနောက်မှာ ဖန်တိးရှင်ဗန်ဒီဘိခ်ကို ရက်ရှ်ဖို့ဒ်က လက်ဝါးချင်းရိုက်ဂုဏ်ပြုခဲ့သလို လင်ဒီလော့ခ်ကလည်း ဦးခေါင်းကို နမ်းရှုပ်ဂုဏ်ပြုခဲ့ပါတယ်။ ဆန်ချို၊ မာလာစီယာတို့ကလည်း ဗန်ဒီဘိခ်ကို စိတ်ပါလက်ပါနဲ့ ဂုဏ်ပြုခဲ့ကြတာကို တွေ့ခဲ့ရပြီး ယူနိုက်တက်အသင်းရဲ့ တရားဝင်လူမှုကွန်ယက်ကလည်း အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို ခံယူခဲ့တဲ့ ဗန်ဒီဘိခ်လို့ရေးသားကာ ဓာတ်ပုံတွေကို ဖော်ပြခဲ့တဲ့အထိပါပဲ။ ဗန်ဒီဘိခ်ရဲ့ တကိုယ်ကောင်းမဆန်မှု၊ အသင်းဖော်နေရာလွတ်ယူထားတာကို မြင်တွေ့ခဲ့တဲ့ စွမ်းရည်၊ တိကျတဲ့ ပေးပို့မှုတွေကလည်း တကယ်ချီးကျူးချင်စရာကောင်းခဲ့ပါတယ်။




သို့သော်လည်း ကွင်းလယ်ကစားသမား Donny van de Beek သည် အိုးထရက်ဖို့ဒ်တွင် Erik ten Hag နှင့် ပြန်လည်ဆုံတွေ့ခဲ့ရခြင်းကြောင့် ၎င်း၏မန်ချက်စတာယူနိုက်တက်ကစားသမားဘဝ ပြန်လည်ရှင်သန်လာမည်ကို လက်ခံရန် ငြင်းဆို သွားခဲ့ပါတယ် ။ “ကျွန်တော်က Ajax မှာ သူနဲ့ တွဲလုပ်ဖူးတာကြောင့် လူတိုင်းကပြောနေကြပေမယ့် နောက်ဆုံးမှာတော့ သင်ကိုယ်တိုင်က ကောင်းကောင်းကစားရမှာဖြစ်ပြီး နည်းပြက ဘယ်သူလဲဆိုတာ အဓိပ္ပါယ်မရှိဘူး” လို့ Van de Beek က ပြောကြားခဲ့ပါတယ်။ ” အသင်းမှာမင်းရဲ့ အခန်းကဏ္ဍကို ရှာရမယ် ၊ သူက ငါ့ကို ကစားသမား တစ်ယောက်အနေနဲ့ သိတယ် ၊ ဒါပေမယ့် ဒါက ဘာမှ အဓိပ္ပါယ် မရှိဘူး ။ ငါကိုယ်တိုင်ပြရမယ်။ အသင်းတွက် မင်းကောင်းကောင်းမကစားရရင် နည်းပြကမင်းကိုမသုံးတာ သဘာဝပါဘဲ။ နည်းပြတန်ဟတ်အနေနဲ့ အသေးစိတ်ကအစတန်ဖိုးထားတဲ့သူတယောက်ပါ။




ဒီလိုဘဲ ကစားသမားတယောက်ဆီကိုလဲ သူအများကြီးမျော်လင့်တတ်ပါတယ်။ ဒါကိုကျနော်တို့ဖက်ကလုပ်ပေးနိုင်ရပါမယ်။ ကျနော်ယူနိုက်တက်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်ရှိလဲသူတို့သိပါတယ်။ အခွင့်ရေးရတာနဲ့သူတို့အတွက် ကြီးမားတဲ့အောင်မြင်မူတခုရအောင် အသင်းကိုကူညီသွားပါမယ်။ ကစားသမားတစ်ယောက်အနေနဲ့ ဘယ်တော့မှ မပြောင်းလဲပါဘူး၊ ကစားသမားတိုင်းမှာ သူ့နဲ့လိုက်ဖက်တဲ့ အရည်အချင်းတွေ ရှိပါတယ် ။ ကျွန်တော့်မှာလည်း ဒီလိုအရည်ချင်းမျိုးရှိနေပါတယ်။ ”

crd

Leave a Reply

Your email address will not be published.