အရင်နှစ်နဲ့မတူပဲ ဂိုးပြတ်နိုင်ပွဲတွေဆက်နေတဲ့ တန်ဟန်ရဲ့ကစားကွက်က အားသာချက်တွေကို ရှင်းပြလိုက်တဲ့ ဖာနန်ဒတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကွင််းလယ် တိုက်စစ်ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် ကတော့ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ ဖိအားပေးတိုက်စစ််ဆင်တဲ့ ကစားကွက်မှာ သူတို့ဟာ အရင်ထက် ပိုမိုပြီး ရန်လိုစွာ ကစားနိုင်ခဲ့ကြပြီလို့ ပြောခဲ့လိုက်ပါတယ် ။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ ညနေပိုင်းမှာတော့ သြစတြေးလျမြေမှာ ပရီးမီးယားလိဂ် ပြိုင်ဖက် ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ရာသီကြို တတိယ​မြောက် ခြေစမ်းပွဲ ကစားခဲ့ပြီး 3 – 1 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား သုံးဦး ဖြစ်ကြတဲ့ အန်သိုနီ မာရှယ် ၊ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ ဂျေဒန် ဆန်ချို တို့က တစ်ဂိုးစီ သွင်းယူပေးသွားနိုင်ခဲ့ကြပါတယ် ။ အခုတော့ ယူနိုက်တက်တို့ ရာသီကြို ပွဲစဥ် 3 ပွဲလုံး အနိုင် ကစားနိုင်ခဲ့ပါပြီ ။




အဆိုပါ ပွဲစဥ် 3 ပွဲမှာတော့ ယူနိုက်တက်တို့ဟာ 11 ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး 2 ဂိုး ပေးထားခဲ့ရပါတယ် ။ ဒါ့အပြင်် တိုက်စစ်မှူး မာရှယ် က 3 ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ရပ်ရှ်ဖို့ နဲ့ ဆန်ချို တို့က 2 ဂိုးစီ သွင်းယူထားနိုင်ခဲ့တာက ပရိိသတ်တွေ အတွက် အားတတ်စရာ ဖြစ်ခဲ့ရပါတယ် ။အဲ့ဒီထဲမှာ ထူးခြားနေတာ တစ်ခုက ယူနိုက်တက် အသင််းဆီ ရောက်လာခဲ့တဲ့နောက် အသင်းရဲ့ သွင်းဂိုးတွေနဲ့ အမြဲပါဝင် ပတ်သက်နိုင်ခဲ့တဲ့သလို ဂိုးတွေ မကြာခန သွင်းယူပေးနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ကတော့ ဂိုးမသွင်းနိုင် ၊ မဖန်တီးနိုင် ဖြစ်နေခဲ့ရပါတယ် ။




ဒါပေမဲ့ သူဟာ အသင်းရဲ့ ကစားကွက် ပိုကောင်းအောင် လုပ်ဆောင်ပေးသူ ဖြစ်နိုင်ခဲ့ပါတယ် ။ အခုတော့ ဘရူနို ဖာနန်ဒက်စ် က နည်းပြသစ် အဲရစ် တန်ဟတ် ဟာ သူတို့တွေကို ပိုပြီး ရန်လိုစွာ တွန်းတွန်းတိုက်တိုက် ဖိအားပေး ကစားတတ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပြီလို့ ထုတ်ပြော သွားခဲ့လိုက် ပါတယ် ။” အခုတော့ ကျွန်တော်တို့ဟာ အရင်ကထက် အများကြီး ပိုပြီး ရန်လိုစွာ ကစားတတ်နိုင်ခဲ့ပါပြီ ။ တိုက်စစ် ကစားတဲ့ ကစားသမား 3 ဦးဆိုရင် ဖိအားပေး တိုက်စစ်ဆင်ရတဲ့ အချိန်တိုင်းမှာ ပိုပြီး ရန်လိုစွာ ကစားပြနိုင်ခဲ့ကြတာ အားလုံံး အမြင်ပါပဲ ”




” ဒါက အသင်းကို ပိုကောင်းစေပြီး ခံစစ်ပိုင်းကိုလည်း ဖိအားနည်းစေပါတယ် ။ ကွင်းလယ်ပိုင်းလည်း အတူတူပါပဲ ။ ကျွန်တော်တို့ ဘောလုံး ပြန်လုယူပြီးတိုင်း ပြိုင်ဖက် ဂိုးပေါက်နဲ့ နီးကပ်တဲ့ နေရာအထိ ရောက်သွားလေ့ရှိတတ်ကြပါတယ် ”” ကျွန်တော်တို့ လွတ်လပ်စွာ ကစားနေခဲ့ရသလို ကွင်းလယ်် မှာလည်း နေရာလွတ် အများကြီး ရယူနိုင်ခဲ့ပြီး ဘောလုံံးကိုင် ကစားနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ခံစားချက််တွေ ကောင်းမွန်နေကြပါတယ် ။ ရလဒ်ကောင်းတွေက ခံစားချက်ကို ပိုကောင်းစေတယ်လေ ”




” ဖိအားပေး တိုက်စစ်ဆင် ကစားပုံ ကောင်းမွန်လာခြင်းက အခြားသော နေရာတွေကိုလည်း ပိုကောင်းစေပါတယ် ။ ကျွန်တော်တို့ ပိုကောင်းဖို့ အချိန်ရပါသေးတယ် ။ ရာသီသစ်ရဲ့ ပထမဆုံး ပွဲစဥ်စတင်တဲ့ အခါမှာ ကျွန်တော်တို့ အဆင််သင့် ဖြစ်နေဖို့ လိုပါတယ် ” ဘရူနိုက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.