ရော်နယ်ဒို၊ဒီဂီယာနဲ့ဆန်ချိုတို့ဟအများဆုံးဖြစ်နေတဲ့ မန်ယူအသင်းကစားသမားများရဲ့ လစာများ

မန်ယူအသင်းဟာ ကစားသမားတွေကို လစာအမြောက်အများနဲ့ ကမ်းလှမ်းလေ့ရှိပြီး အသင်းမှာဆက်ထိန်းထားဖို့ကိုလည်း လစာပိုပိုတိုးပေးလေ့ရှိပါတယ်။ဒီအချက်ကြောင့်ပဲ အသင်းမှာ ငွေချစ်တဲ့ကစားသမားတွေများခဲ့ပြီး အသင်းအတွက်ပေးဆပ်ကစားလိုတဲ့ကစားသမားနည်းခဲ့ပါတယ်။




ဖာဂူဆန်ထွက်ပြီးနောက်ပိုင်းမှာ နည်းပြနဲ့ကစားသမားတွေပြဿနာတက်ပြီး ရလဒ်တွေ ယိမ်းယိုင်လာတိုင်း နည်းပြကိုသာ ထုတ်ပယ်ခဲ့ပြီး ကစားသမားတွေဘက်မှာသာ မန်ယူဘုတ်အဖွဲ့ကရပ်တည်ခဲ့ပါတယ်။




ရလဒ်ကတော့ နည်းပြကိုအာခံချင်တဲ့ကစားသမားတွေများလာပြီး အသင်းမှာ လစာတွေတနင့်တပိုပေးကာ ကစားသမားတွေထိန်းထားရလေ့ရှိပါတယ်။အသင်းနဲ့နည်းပြက ကစားသမားတွေလာရောက်ကစားဖို့ ဆွဲဆောင်မှုတွေနည်းပါးလာပြီး ခုလိုချန်ပီယံလိဂ်၀င်ခွင့်မရတဲ့အချိန်မှာ ကစားသမားခေါ်ဖို့က နည်းနည်းခက်ခဲလာပါတယ်။




လက်ရှ်မှာတော့ မန်ယူအသင်းမှာ လစာအများဆုံးရနေတာက ရော်နယ်ဒိုဖြစ်ပြီး တစ်ပတ်က်ု ၄သိန်း၈သောင်းပေးရတာဖြစ်ပါတယ်။ဒုတိယကတော့ မန်ယူအသင်းရဲ့ သက်တော်ရှည်ကစားသမားဒီဂီယာဖြစ်ပြီး တစ်ပတ်ကို ၃သိန်း၇သောင်း၅ထောင်ပေးရပါတယ်။

နောက်မှာတော့ ဆန်ချိုက ၃သိန်းခွဲ၊ဗာရိန်းက၃သိန်း၄သောင်း၊ဖာနန်ဒတ်က ၂သိန်း၄သောင်း၊ရက်ဖို့ဒ်က ၂သိန်း၊မက်ဂွိုင်းယားက ၁သိန်း၉သောင်း၊ကစားသမားသစ် အဲရစ်ဆင်က ၁သိန်းခွဲ၊လုခ်ရှောက၁သိန်းခွဲ၊




ကစားသမားသစ် မာတီနက်ဇ်က ၁သိန်း၂သောင်း၊ဖရက်ဒ်က ၁သိန်း၂သောင်း၊လင်ဒီလော့ဒ်က ၁သိန်း၂သောင်း၊တဲလက်စ်က ၉သောင်း၃ထောင်၊ဘစ်ဆာကာက ၉သောင်း၊ဘိုင်လေက ၈သောင်း၊ဖီးဂျုံးက ၇သောင်းခွဲ၊တွန်ဟိတန်က ၆သောင်း၊ဒါးလော့ဒ်က ၂သောင်းခွဲနဲ့ တော်မီနေးက ၂သောင်း တို့ဖြစ်ပါတယ်။




လက်ရှ်မှာတော့ နည်းပြသစ်တန်ဟန်က အချိုးမပြေတဲ့ကစားသမားဆို ရောင်းသင့်ရောင်း၊အရန်ခုံ ပို့သင့်ပို့မှာဖြစ်ပြီး ဘယ်သူမှ အသင်းထက်မှာ မရှိစေရဘူးလို့ ကြုံး၀ါးထားပါတယ်။ကစားသမားတွေကိုလည်း အကောင်းဆုံးဖြစ်အောင် အပြင်းအထန်လေ့ကျင့်ခန်းတွေလုပ်ခိုင်းနေပြီး အသင်းသားတွေကလည်း ညဥ်းညူပေမယ့် နည်းပြခိုင်းတဲ့အတိုင်းလုပ်ကာ အသင်းအတွက်အစွမ်းကုန်ကြိုးစားပေနေတာမို့ လီဗာပူး၊မဲဘုန်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲမှာ တိုးတက်လာတဲ့ ကစားဟန်နဲ့ အတွဲအဖက်မိလာတဲ့ အသင်းသားတွေ၊ယုံကြည်မှုပြည့်၀လာတဲ့ အသင်းသားတွေကို တွေ့နိုင်ပါတယ်။

HH

Leave a Reply

Your email address will not be published.