အသင်းကထွက်ချင်တယ်လို့ နာမည်ကြီးနေတဲ့ ရော်နယ်ဒိုရဲ့အနာဂတ်ကို နည်းပြတန်ဟန်က အတည်ပြုပေးခဲ့ပါပြီ။ရော်နယ်ဒိုဟာ ရောင်းဖို့ မဟုတ်ပဲ သူနဲ့အတူတွဲလုပ်ဖို့ အစီအစဥ်တွေပါချပြီးပြီလို့ တန်ဟန်က ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးခင်ကပဲ အသင်းပြောင်းချင်တယ်လို့ အသင်းကိုတောင်းဆိုထားကြောင်း သတင်းတွေထွက်ပေါ်ပါတယ်။အသင်းရဲ့ ညံ့ဖျင်းတဲ့အုပ်ချုပ်သူတွေနဲ့ ကစားသမားအင်အားဖြည့်တင်းမှုတွေကို အားမရဖြစ်နေတာဖြစ်ပါတယ။
ချန်ပီယံလိဂ်၀င်ခွင့်ကလည်းမရတာကြောင့် မန်ယူအသင်းကထွက်ခွာချင်နေတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ရော်နယ်ဒိုရဲ့ သတင်းထွက်ပေါ်အပြီးမှာပဲ မန်ယူအသင်းက မာလာစီယာ၊အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ကိုဆက်တိုက်ခေါ်ယူခဲ့ပါတယ်။
ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဒီဂျောင်ကတော့ ဘာစီလိုနာအသင်းကအတင်းရောင်းနေတာတောင် မထွက်ဘူးတင်းခံနေလို့ ပြဿနာတက်နေတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ကျန်ရှိနေသေးတဲ့အကြွေးတွေကို မပေးသေးတာကြောင့် အပြောင်းအရွေ့က တော်တော်လေးက်ု ကြန့်ကြာနေတာဖြစ်ပါတယ်။
“ရော်နယ်ဒိုကရောင်းဖို့ မဟုတ်ပါဘူး။သူနဲ့အတူတွဲလုပ်ဖို့ ကျွန်တော့်မှာ အစီအစဥ်တွေရှိပါတယ်။သူ့နဲ့ရှေ့ဆက်ပြီးအလုပ်တွဲလုပ်ချင်ပါတယ်။အခြေအနေတွေက အရင်အတိုင်းပါ့ပဲ။ကျွန်တော်ပြောချင်တာက သူလည်းနောက်ရာသီအတွက် ရွေးချယ်ထားမှာပါ။သတင်းထောက်က ရော်နယ်ဒိုကနောက်ရာသီအသင်းမှာပဲဆက်ရှိမှာလို့ပြောချင်တာလားလို့မေးခဲ့ပါတယ်။တန်ဟန်က ဟုတ်တယ်လို့ ပြောခဲ့ပါတယ်။”
ချဲလ်ဆီးနဲ့ ဘိုင်ယန်တို့က ရော်နယ်ဒိုကို ခေါ်ယူမှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုခဲ့ပြီးနောက် လက်ရှိမှာအသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ သတင်းထွက်နေပါတယ်။
ရော်နယ်ဒိုရဲ့ တောင်းဆိုမှုတွေကြောင့် မန်ယူအသင်းဟာ လူတွေမြန်မြန်ဆန်ဆန်ခေါ်ပေးခဲ့တာကို ကြည့်ရင်ကို မန်ယူအသင်းက ရော်နယ်ဒိုကို မထွက်စေချင်သေးတာသိသာပါတယ်။ချန်ပီယံလိဂ်ဘုရင်ကြီးကတော့ ယူရိုပါလိဂ်မှာ ဖြတ်သန်းမလား အသင်းပဲပြောင်းမလားဆ်ုတာ စိတ်၀င်စားစရာပါ့ပဲ။
HH