လှပတဲ့ကစားကွက်နဲ့ အတွဲညီလွန်းတဲ့တိုက်စစ်ကြောင့်လှပတဲ့ဂိုးတွေနဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ မန်ယူအသင်း (ပွဲပြီးသုံးသပ်ချက်)

မန်ယူအသင်းဟာ ဒီနေ့ညနေ ၄နာရီမိနစ်၄၀မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ခြေစမ်းပွဲကို ဩစတေးတီးယားနိုင်ငံမှာ ကစားခဲ့ပါတယ်။တန်ဟန်ဟာ စီနီယာကစားသမားတွေဖြစ်တဲ့ ဂိုးသမားဒီဂီယာ၊မက်ဂွိုင်းယား၊လင်ဒီလော့ဒ်၊ဒါးလော့ဒ်နဲ့မာလာစီယာတို့ကိုပွဲထုတ်ခဲ့ပါတယ်။




ကွင်းလယ်မှာတော့ ဖာနန်ဒတ်၊ဖရက်ဒ်နဲ့တော်မီနေးတို့ကို ပွဲထုတ်ခဲ့ပါတယ်။တိုက်စစ်မှာတော့ ဆန်ချို၊မာရှယ်နဲ့ရက်ဖို့ဒ်တို့ကိုပွဲထုတ်ခဲ့ပါတယ်။ပွဲစတာနဲ့မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကိုပဲ အသားပြုကစားခဲ့ပြီး တိုက်စစ်ကိုလည်းထိထိရောက်ရောက်ကိုဆင်ခဲ့ပါတယ်။




၁၇မိနစ်မှာတော့ ဒါးလော့ဒ်ရဲ့ လှပတဲ့ ဖန်တီးမှုကို မာရှယ်က သပ်သပ်ရပ်ရပ်ကိုအဆုံးသတ်ကာ မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကိုရယူသွားခဲ့ပါတယ်။တစ်ဂိုးရပြီးချိန်မှာ ခရစ္စတယ်ပဲလေ့စ်က ခြေပဂိုးရဖို့ကြိုးစားပေမယ့် ဘောလုံးကိုကိုင်ကစားနေတဲ့ မန်ယူအသင်းရဲ့ကစားကွက်ကြောင့် ဘောလုံးလိုက်လုရင်းသာ အချိန်တွေကုန်ဆုံးခဲ့ပြီး ပထမပိုင်းမှာ ၁-၀ဆိုတဲ့ရလဒ်နဲ့မန်ယူအသင်းကအနိုင်ရနေပါတယ်။




ဒုတိယပိုင်းမှာလည်း တော်မီနေးနဲ့ ဗန်ဒီဘိခ်ကိုသာ လဲလှယ်ခဲ့ပြီး ပွဲကို အားထည့်ကစားခဲ့ပါတယ်။ခရစ္စတယ်ပဲလေ့စ်ကတော့ ချေပဂိုးရဖို့ အသည်းအသန်ကို အားထည့်ကစားနေပြီး မန်ယူအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသားပေးကာ အခွင့်ကောင်းကိုစောင့်နေပါတယ်။သိပ်မကြာခင်မှာပဲ ဆန်ချို၊မာရှယ်၊ဗန်ဒီဘိခ် တို့ရဲ့ ဂိုးရှေ့မှာ သေသပ်လှပတဲ့ တွဲလုံးကနေ ရက်ဖို့ဒ်က အပိုင်ပိတ်သွင်းယူခဲ့ပါတယ်။

နောက်တစ်လုံးကတော့ ရက်ဖို့ဒ်ကကွင်းလယ်ကနေ မာရှယ်ထံပေးပို့ပြီး အကွက်မြင်တဲ့ မာရှယ်ရဲ့ ဖန်တီးမှုကြောင့် ဆန်ချိုက သွေးအေးအေးနဲ့အဆုံးသတ်ကာ တတ်မြောက်ဦးဆောင်ဂိုးက်ု ရယူသွားခဲ့ပါတယ်။နောက်ပိုင်းမှာ စီနီယာကစားသမားအများအပြားကိုထုတ်ပြီး လူငယ်ကစားသမားတွေကိုထည့်သွင်းခဲ့ပါတယ်။




လူငယ်ကစားသမားတွေကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းက ပိုမိုဖိကစားလာခဲ့ပြီး ပြစ်ဒဏ်ဘောကရတဲ့ ခေါင်းတိုက်ဘောကို ဒီဂီယာကာကွယ်ခဲ့ပေမယ့် ထောင့်ကန်ဘောကထပ်တိုက်လိုက်တဲ့ အလုံးကိုတော့ မကာကွယ်နိုင်ပဲ ခရစ္စပဲလေ့စ်အသင်းကို တစ်ဂိုးပြန်ပေးလိုက်ရပါတယ်။၇၈မိနစ်မှာတော့ ခရစ္စပဲလေ့တိုက်စစ်ကို တားစီးရင်း လူငယ်ကစားသမား ၀ီလီယံဖစ်အနီကဒ်ထိခဲ့ပါတယ်။ပွဲအပြီးမှာ ၃-၁ဆိုတဲ့ ရလဒ်နဲ့မန်ယူက အနိုင်ရခဲ့ပါတယ်။




ဒီပွဲမှာတော့ မန်ယူအသင်းဟာ အရင်နှစ်ကနဲ့ဘာမမဆိုင်ပဲ နည်းပြသစ်တန်ဟန်နဲ့အတူ လှပတဲ့ ကစားပုံ၊ယုံကြည်မှုအပြည့်နဲ့ကစားကွက်၊သွေးအေးအေးနဲ့အဆုံးသတ်နိုင်စွမ်းတွေကို ဒီပွဲမှာ ပြတ်ပြတ်သားသားကိုမြင်ခဲ့ရပါပြီ။ရာသီသစ်မှာသာ ဒီခြေစွမ်းကိုတက်ထိန်းထားရင် ချန်ပီယံလိဂ်၀င်ခွင့်ကတော့ အသာအယာရယူနိုင်ပါလိမ့်မယ်။

HH

Leave a Reply

Your email address will not be published.