တန်ဟန်ရဲ့မန်ယူအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့်အပြင် ပရီးမီးယားလိဂ်ဖလားကိုပါ စိန်ခေါနိုင်လိမ့်မယ်ဆိုတဲ့ ဗီအဲရာ

ခရစ္စတယ် ပဲလေ့စ် အသင်းရဲ့ နည်းပြ ဖြစ်သူ ပတ်ထရစ် ဗီအဲရား က မနက်ဖြန်မှာ ရာသီကြို ပွဲစဥ် အဖြစ် နဲ့ရင်ဆိုင် ကစားရဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီသစ်မှာ အမှတ်ပေး ဖလားကို ဆွတ်ခူးဖို့ ရည်မှန်းချက်ထားလို့ရနိုင်ကြောင်း ပြောဆိုခဲ့လိုက် ပါတယ် ။




အာဆင်နယ် ဂန္တဝင် ပတ်ထရစ် ဗီအဲရား ဦးဆောင်နေခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းဟာ မနက်ဖြန် ညနေစောင််း 4:40 PM မှာတော့ သြစတြေးလျမြေ ၊ မဲလ်ဘုန်း မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ရာသီကြို ခြေစမ်းပွဲဲ ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ရာသီကြို ပွဲစဥ်အဖြစ် လီဗာပူး အသင်းနဲ့ ရင််ဆိုင်ခဲ့ရပြီး 4 – 0 နဲ့ အနိုင် ကစားထားနိုင်ခဲ့သလို မဲလ်ဘုန််း ဗစ်ထရီ အသင်းနဲ့ ကစားရာမှာလည်း 4 – 1 နဲ့ အနိုင်ယူပြီး နှစ်ပွဲ 8 ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ် ။




ဒါ့အပြင် အဆိုပါ ပွဲစဥ်တွေမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ 45 မိနစ် တစ်ခါ အသင်းပြောင်းလဲလို့ ကစားစေခဲ့ပေမဲ့ ကစားသမားတွေရဲ့ အားတက်သရော ကြိုးစား ကစားပုံက ပရိသတ်တွေ အတွက်တော့ ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ် ။




အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင််းကြောင်း အစဥ်အလာကို ​ကောင်းကောင်း သိထားပြီးသား ဖြစ်တဲ့ အာဆင်နယ် ဂန္တဝင် ဗီအဲရား က နည်းပြသစ် ဟာ ယူနိုက်တက်ကို အနည်းဆုံး ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် လုပ်နိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့လိုက် ပါတယ် ။




” နည်းပြသစ်က မန်ချက်စတာ ယူနိုက်တက် အသင်းကို သူလိုချင်တဲ့ ပုံစံမျိုးနဲ့ ကစားတတ်အောင် သိမ်းသွင်းနေခဲ့ပြီလို့ ထင်ရပါတယ် ။ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေကြတဲ့ ကစားသမား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်ပါ ”




” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဖလားကို ဆွတ်ခူးပြဖို့ ဒီလိဂ်မှာ ကစားခဲ့တဲ့ အသင်းမျိုးလေ ။ ဒီနှစ်မှာတော့ သူတို့တွေဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့ ၊ လိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားကြလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ် ” လို့ ဗီအဲရား က ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.