အဲရစ်ဆင်ကို ခေါ်လိုက်လို့ အသင်းအတွက် ဘာတွေအကျိုးရှိလာမလဲဆိုတာ ရှင်းပြလာတဲ့ တန်ဟန်

တန်ဟန်ကတော့ အဲရစ်ဆင်ကို ခေါ်ယူပြီးချိန်မှာ အဲရစ်ဆင်ရဲ့ လိဂ်ပေါင်းစုံကအတွေ့အကြုံတွေကြောင့် ဖန်တီးမှုကောင်းကောင်းလုပ်နိုင်တာဖြစ်လို့ မန်ယူတိုက်စစ်မှူးတွေပျော်ရွှင်ရမှာပါလို့ ပြောလာပါတယ်။




” အဲရစ်ဆင်ဆိုတာ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ နယ်သာလန်၊ အီတလီ၊ အင်္ဂလန် အစရှိတဲ့ နယ်တွေထဲက ကလပ်အသင်းကြီးတွေမှာ အချိန်ကြာမြင့်စွာ ကစားခဲ့တဲ့သူပါ။

ဒါကြောင့်မို့လိုလည်း သူဟာ ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူ ရှိနေတာက အသင်းအတွက် ကောင်းကျိုးပြုမှာပါ။




သူက ဘောလုံးနဲ့ဆို အံ့သြဖွယ်ကစားနိုင်တဲ့ ကစားသမား လို့ ကျွန်တော်ယူဆပါတယ်။ နောက်ပြီး ပရိသတ်တွေက လည်း သူ့ခြေစွမ်းကြည့်ပြီး နှစ်သက်ကြမယ်လို့လည်း ထင်ပါတယ်။




အကြောင်းကတော့ သူ့ရဲ့ဖန်တီးမှုတွေ ကြောင့်ပေါ့။ ကျွန်တော်တို့ တိုက်စစ်မှူးတွေက သူရောက် လာတာကို ပျော်ရွှင်ကြမယ်လို့ ထင်ပါတယ်။




ကျွန်တော်တို့က ကစားသမားခေါ်တဲ့နေရာမှာ ရွေးချယ်မှု တွေကို ပြုလုပ်ကြပါတယ်။ ပန်းတိုင်က ကစားသမားတွေ ခေါ်နေဖို့ပဲ မဟုတ်ဘူး။




ဒါပေမယ့် ကစားသမားခေါ်ရင် မှန်ကန်တဲ့ ကစားသမားကိုပဲ ခေါ်ယူရပါမယ်။ ဘာပဲပြော ပြော အဲရစ်ဆင်ကို အောင်မြင်စွာခေါ်ယူနိုင်လို့ ကျွန်တော် တို့အမှန်တကယ်ပဲ ပျော်မိပါတယ်။

crd

Leave a Reply

Your email address will not be published.