သူ့ရဲ့ ခံယူချက်၊ရည်မှန်းချက်၊အနာဂတ်တွေကို ရင်ဖွင့်လာတဲ့ လက်ရှိခြေစွမ်းအပြဆုံး လူငယ်ကြယ်ပွင့် ဇီဒန်းအစ်ခ်ဘယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး ဖြစ်တဲ့ ဇီဒန်း အစ်ခ်ဘယ် က အသင်းမှ အငှားထွက်ဖြစ်မလား ၊ ဆက်ရှိမလားဆိုတာကို ဆုံးဖြတ််ဖို့ အတွက် ဒါဟာ အချိန် အရမ်းစောနေသေးတယ်လို့ ပြောကြား သွားခဲ့လိုက် ပါတယ် ။




ဇီဒန်းဟာ ဒီနွေမှာ ယူနိုက်တက်တို့ ကစားခဲ့ကြတဲ့ လီဗာပူး ၊ မဲလ်ဘုန်း ဗစ်ထရီ အသင်းနဲ့ ပွဲစဥ်တွေမှာ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ပြသထားနိုင်ခဲ့တဲ့ အတွက် ချီိးကျူးမှုတွေ ရရှိနေခဲ့တဲ့ လူငယ်လေးပဲ ဖြစ်ပါတယ် ။

အသက် 19 နှစ်သာ ရှိနေသေးတဲ့ ယူနိုက်တက် အကယ်ဒမီိထွက် ကွင်းလယ် ကစားသမားလေးဟာ ယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် ယန်းဘွိုင်းစ် အသင်း နဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်တုန်းက စီနီယာ အသင်းအတွက် ပထမဆုံံး အကြိမ် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ် ။အခုတော့ သူဟာ အသင်းမှာ 2025 ခုနှစ်အထိ ရှိနေမယ့် စာချုပ်အပေါ် လက်မှတ်ရေးထိုးလိုက်ပြီပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ ကွင်းလယ်လူ ခေါ်ယူဖို့ လုပ်နေခဲ့တာကြောင့် သူ အသင်းမှာ ဆက်ရှိမလား ၊ အငှားထွက်မလားဆိုတာ မရေမရာ ဖြစ်နေခဲ့ပါသေးတယ် ။




အခုတော့ ကစားသမား ဖြစ်သူ ကိုယ်တိုင်က သူ့ရဲ့ အနာဂတ်် အကြောင်းကို ပြောဖို့ အချိန်စောသေးကြောင်း ၊ သူဟာ လက်ရှိ နည်းပြ အဲရစ် တန်ဟတ် ဆီက အထင်ကြီးမှုတွေ ရရှိနိုင်ဖို့ပဲ တက်နိုင်သလောက် အစွမ်းကုန် ကြိုးစားအားထုတ်နေကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။




” ကျွန်တော် သေချာပေါက်တော့ မပြောနိုင်သေးပါဘူး ။အကယ်လို့ ကမ်းလှမ်းမှု တခုခုသာ ရရှိခဲ့မယ်ဆိုရင်တော့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမှာပါပဲ ။ အခုအချိန်မှာ အဲ့ဒီ အကြောင်းတွေ ပြောဖို့ အချိန်စောနေပါသေးတယ် ။ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတာပေါ့ ”” ပွဲကစားခွင့်တွေ ရရှိနေတာကို ချစ်မြတ်နိုးမိပါတယ် ။ ကျွန်တော်က ဒီအသင်းကို ချစ်မြတ်နိုးရင်း ကြီးပြင်းလာခဲ့တာလေ ။ ကျွန်တော်ဟာ အသက် 8 နှစ် ၊ 9 နှစ်လောက် ထဲက ဒီမှာ ကစားလာခဲ့တာပါ ။ ပရိသတ် 90000 ကျော် အရှေ့မှာ ကစားလာခဲ့တာပေါ့ဗျာ ”




” ယူနိုက်တက်အတွက် ကစားပေးရတာက ကျွန်တော့်ရဲ့ အိပ်မက်ပါ ။ ဒီမှာ ကစားရတာ ၊ လီဗာပူး နဲ့ ယှဥ်ပြိုင်တာ ၊ ချန်ပီယံလိဂ် ကစားရတာတွေက ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ ။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင််လိုပါတယ် ။ သူ့တို့ရဲ့ အားပေးမှုက အံ့ဖွယ်ပါပဲ ”” ကျွန်တော်ဟာ ငယ်စဥ်ထဲက ဘောလုံး ခနခန လိုချင်ခဲ့ပါတယ် ။ ဘောလုံးကိုင် ကစားနိုင်မှ စီနီယာ အသင်းကြီးမှာ ကစားခွင့် ရနိုင်လိမ့်မယ်လို့ ကျွန်တော့်ကို ကျွန်တော် အမြဲ ပြောဖြစ်ခဲ့ပါတယ် ။ ကျွန်တော် ကွင်းထဲ ရောက်တဲ့ အခါတိုင်း လုပ်နိုင်တာ အကုန် လုပ်ဖြစ်ခဲ့တာချည်းပါပဲ ”




” ကျွန်တော် ကစားနေတဲ့ ပုံစံနဲ့ ပတ်သက်လို့ ဘယ်တော့မှ နောင်တမရပါဘူး ။ ကျွန်တော့် အသင်းအတွက် အမြဲတမ််း အကောင်းဆုံး ကြိုးစားဖို့ပဲ တွေးတောနေခဲ့သူပါ ။ ကျန်တာကတော့ ဘုရားသခင်ရဲ့ အလိုအတိုင်းပဲပေါ့ဗျာ ။ အသင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဓါတ်ခံယူချက််တွေ ရှိနေပါတယ် ”” နည်းပြသစ် ရောက်လာတယ် ၊ ကိုင်တွယ်တာ သုံးပါတ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ အချိန်တိုအတွင်း သူ့ရဲ့ idea တွေကို ချပြနိုင်ခဲ့ပြီး ရလဒ်ကောင်း နှစ်ခု ရရှိစေနိုင်ခဲ့ပါတယ် ။ လေ့ကျင့်ရေးကွင်းထဲ လူတိုင်းပျော်ရွှင်နေကြသလို 100 % အပြည့် ကြိုးစားအားထုတ်နေခဲ့ကြပါတယ် ” လို့ ဇီဒန်း က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.