မန်ယူအသင်းမှာ ဆက်နေဖို့ ရော်နယ်ဒိုကို ပြောဖို့ ကြိုးစားခဲ့ပြီး ရော်နယ်ဒို ဘယ်လိုတုန့်ပြန်ခဲ့လဲဆိုတာ ပြောပြလာတဲ့ နာနီ

မန်ယူအသင်းရဲ့ ကစားသမားဟောင်းလူး၀စ်နာနီကတော့ သူ့အနေနဲ့ ရော်နယ်ဒိုကို မန်ယူအသင်းမှာပဲ ဆက်ရှိလိုတယ်လို့ ပြောကြားခဲ့ပါတယ်။ဒါကြောင့် ရော်နယ်ဒိုစီကို ဖုန်းဆက်ပြောကြားခဲ့ပေမယ့် သူကမအားသေးဘူးလို့ ပြောခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။




“ ကျွန်တော် ခရစ်စတီယာနိုရော်နယ်ဒို ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ သူဟာပြောင်းလဲမှုတွေ အမြဲတမ်း ပြုလုပ်ပေးပြီး အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ။

ကျွန်တော်သူ့နဲ့ စကားပြောဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် သူအပန်းဖြေခရီးကို ရောက်နေပြီး ဖုန်းမကိုင်ပါဘူး။ သူက ကျွန်တော့်ကို ပြောပါတယ်။ သူအရမ်းအလုပ်ရှုပ်နေတယ်တဲ့။ ငါတို့နောက်မှ စကားပြောကြရအောင်တဲ့ “




နာနီကတော့ ရော်နယ်ဒိုနဲ့အတူ မန်ယူအသင်းနဲ့ပေါ်တူဂီအသင်းမှာပါ အတူတူတွဲကစားခဲ့တဲ့ ကစားသမားဖြစ်ပြီး ဖာဂူဆန်လက်ထက်မှာ တောင်ပံတစ်လျောက်ခြေစွမ်းပြခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။




ရော်နယ်ဒိုရဲ့ခြေရာကို ​နင်းနိုင်မယ်လို့ ခန့်မှန်းထားကြပေမယ့် ဖာဂူဆန်ရဲ့ နည်းပြလောကကနေ အနားယူသွားမှုနဲ့အတူ နေရာပျောက်ကာ အခုအခါမှာတော့ဩစတေးရီးယားအသင်း မဲဘုန်းဗစ်တိုရီအသင်းမှာ ကစားနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်၀င်ခွင့်မရတဲ့ မန်ယူအသင်းရဲ့ အင်အားဖြည့်တင်းမှုတွေဟာ နှောင့်နှေးနေတဲ့အပြင် အသင်းရဲ့တာ၀န်ရှိသူတွေကို သိပ်သဘောမကျတာကြောင့်အသင်းကနေထွက်မယ်လို့ အသံတွေထွက်နေပါတယ်။




လက်ရှိမှာတော့ ဘိုင်ယန်နဲ့ချဲလ်ဆီးအသင်းတို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ရော်နယ်ဒိုကတော့ လက်ရှိမှာ မန်ယူအသင်းနဲ့အတူ မပူးပေါင်းသေးပဲ အိမ်မှာပဲ အနားယူပြီး မိသားစုကိစ္စကြောင့်မလာသေးဘူးလို့ မန်ယူအသင်းထံအကြောင်းကြားထားပါတယ်။

crd

Leave a Reply

Your email address will not be published.