ဘာစီမှာပဲ အတင်းတွယ်ကပ်နေတဲ့ ဒီဂျောင်ကို မေ့ပြီး တန်ဟန်ခေါ်သင့်တဲ့ အကောင်းဆုံးကစားသမား ၂ဦး

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ်က အသင်းဟောင်းအနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူမယ့်အစား အခြားကစားသမားနှစ်ဦးကို ခေါ်ယူသင့်ကြောင်း အကြံပေးပြောဆိုလိုက်ပါတယ်။ယူနိုက်တက်က ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ကာလရှည်ကြိုးစားနေခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ဆိုင်ရာသဘောတူညီမှုတစ်ခု ရရှိခဲ့ပါတယ်။




သို့သော်လည်းပဲ ယူနိုက်တက်နဲ့ တန်ဟက်တို့က နူးကမ့်မှာဆက်နေချင်နေတဲ့ အသက်-၂၅ နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ကစားသမားကို အိုးထရက်ဖို့ဒ်ဆီ အရောက်ခေါ်ယူနိုင်ဖို့ သိမ်းသွင်းစည်းရုံးရဦးမှာ ဖြစ်ပါတယ်။

တိုက်စစ်မှူးဟောင်းအနေနဲ့ ဒီဂျောင်ကို ခေါ်ယူမှုက ယူနိုက်တက်အတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှု တစ်ခုရှိစေမယ်လို့ မယူဆထားသလို ယူနိုက်တက်အနေနဲ့ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်း(သို့မဟုတ်) ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်တို့ကို ငွေလုံးငွေရင်းကြီးကြီးမားမားအသုံးပြုပြီး ခေါ်ယူသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။




ယူနိုက်တက်တို့က အင်္ဂလန်ဟီးရိုး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသလို ယူနိုက်တက်နည်းပြ အဆက်ဆက်ကလည်း ဒီကလန်ရိုက်ကို အိုးထရက်ဖို့ဒ်ကလပ်ဆီ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။




“ဒီဂျောင်က နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်ပေမယ့် ယူနိုက်တက်မှာတော့ တောက်ပလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါမျိုးပြောလို့ ကျွန်တော့်ဆီ ဝက်စ်ဟမ်းနဲ့ တော့တင်ဟမ်ဖန်တွေက ရန်လုပ်ဖို့ လာနေပြီဆိုတာ သိပေမယ့် တကယ်လို့သာ ယူနိုက်တက်က ငွေလုံးငွေရင်းကြီးကြီးမားမားအသုံးပြုပြီး ဒီကလန်ရိုက် ဒါမှမဟုတ် ဟယ်ရီကိန်းတို့ကို ခေါ်မယ်ဆိုရင် ကမ္ဘာ့ဘောလုံးလောကကို ကြေညာချက်တစ်ခုနဲ့ ကိုင်လှုပ်နိုင်မှာပါ။ တန်ဟက်ကတော့ တကယ့်အလုပ်တစ်ခုကို လုပ်ရတော့မှာပါ။




အဲ့ဒီအလုပ်က အသင်းရဲ့အဝတ်လဲခန်းထဲမှာ တည်ငြိမ်မှုရှာဖွေဖို့အပြင် မန်ချက်စတာယူနိုက်တက်အသိုင်းအဝိုင်းတစ်ခုလုံးကို အပြောင်းအလဲဖြစ်သွားစေမယ့်  လက်မှတ်ရေးထိုးခေါ်ယူမှုတွေ လုပ်သွားဖို့ပါပဲ။ အခုချိန်အထိ သူတို့ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကတော့ အိုကေနေပါတယ်။ ဒါကပဲ ပရိသတ်တွေ မြင်ချင်နေတဲ့ အရာပါ” လို့ တက်ဒီရှရင်ဂမ်က Daily Mail သတင်းစာသို့ ပြောဆိုခဲ့ပါတယ်။ဒီနှစ်နွေရာသီအပြောင်းအရွှေ့ အခုအချိန်အထိ မန်ချက်စတာယူနိုက်တက်က မာလာစီယာ၊ အဲရစ်ဆင်တို့ကို ခေါ်ယူခဲ့နိုင်ခဲ့သလို အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။




။လက်ရှိအချိန်အထိ ဒီဂျောင်ရဲ့ရပ်တည်ချက်က မပြောင်းလဲသေးပေမယ့် ယူနိုက်တက်ကတော့ သူရဲ့ စွမ်းဆောင်ရည်တွေ အတွက် ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းဝန်းကျင်အထိ သုံးစွဲဖို့ အသင့်ရှိနေပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်ဂန္တဝင်ကစားသမားဟောင်း ရှရင်ဂမ်ကတော့ ဒီအပြောင်းအရွှေ့အပေါ် သံသယတွေ ရှိနေခဲ့တာပါ။

crd

Leave a Reply

Your email address will not be published.