စပို့စ်တင်းကို အငှားထွက်ကစားမယ်ဆိုတဲ့ သတင်းတွေအပေါ် ကိုယ်တိုင်ထွက်ဖြေရှင်းလာတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်ဟောင်းစပို့တင်းလစ္စဘွန်းသို့အငှားဖြင့်ပြန်လည်ပြောင်းရွှေ့ရန်ဆွေးနွေးနကြောင်းသတင်းထွက်ပေါ်နေမှုအပေါ်တုံ့ပြန်လာပါတယ်။




ပေါ်တူဂီရုပ်သံသတင်းဌာန Sport TV ကခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်ဟောင်းစပို့တင်းလစ္စဘွန်းသို့အငှားဖြင့်ပြောင်းရန်ဆွေးနွေးနေကြောင်းဖော်ပြလာပါတယ်။

ဒါ့အပြင် Sport TV ဟာ စပို့တင်းလစ္စဘွန်းရဲ့အိမ်ကွင်း stádio José Alvalade ကားပါကင်တွင်ရပ်တန့်ထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကားဓာတ်ပုံကိုလည်းဖော်ပြခဲ့ပါတယ်။




ဒါကြောင့်လည်းအသက်၃၇နှစ်ရှိစူပါစတားဟာပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝစတင်ခဲ့တဲ့စပို့တင်းလစ္စဘွန်းသို့ပြန်လည်ပြောင်းရွှေ့မယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်လာပါတယ်။




ဒါပေမဲ့လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာ Sport TV ရဲ့ပို့စ်အောက်တွင် Fake ဆိုတဲ့ Comment ရေးသားကာအထက်ပါသတင်းမှာ သတင်းမှားမျှသာဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။




ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုလအစောပိုင်းတုန်းကချန်ပီယံလိဂ်ကစားခွင့်ရလိုမှုကြောင့်သင့်တော်တဲ့ကမ်းလှမ်းမှုရရှိလျှင်လက်ခံရန်ယူနိုက်တက်တာဝန်ရှိသူများကိုအကြောင်းကြားခဲ့ပါတယ်။ဒါပေမဲ့ယူနိုက်တက်နှင့်နည်းပြအဲရစ်တန်ဟက်ကတော့ခရစ္စတီယာနိုရော်နယ်ဒိုကိုရောင်းချရန်ငြင်းဆိုနေကြပါတယ်။




သူဟာယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခြင်းမရှိသေးပါဘူး။သူဟာဘယ်အချိန်တွင်မှယူနိုက်တက်နှင့်ပူးပေါင်းလာမလဲဆိုတာကိုလည်းကလပ်တာဝန်ရှိသူများမသိရသေးပါဘူး။

crd

Leave a Reply

Your email address will not be published.