အသစ်ခေါ်လိုက်တဲ့ ကစားသမားသစ်ကြောင့် ပွဲထွက်ခွင့်ပျောက်သွားနိုင်တယ်လို့ သတိပေးခံလိုက်ရတဲ့ ဖာနန်ဒတ်စ်

အဲရစ်ဆင် ရောက်ရှိလာမှုကြောင့် ဘရူနို ဖာနန်ဒက်စ်တစ်ယောက် ယူနိုက်တက်မှာ နေရာပျောက်နိုင်တယ်ဆိုပြီး တိုနီ ကတ်စ်ကာရီနိုက သတိပေးသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူကာ ၃နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။




အလားတူ ဒိန်းမတ်သားဟာ နည်းပြသစ်တန်ဟက်လက်ထက် မာလာစီယာအပြီး ယူနိုက်တက်ရဲ့ ဒုတိယမြောက်ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို တောက်လျောက် ကြိုးစားနေပေမဲ့ အဲရစ်ဆင်က လာမယ့်ရာသီ အသင်းမှာ နေရာကောင်းရနိုင်ပါတယ်။




ကတ်စ်ကာရီနိုက ဒိန်းမတ်ကွင်းလယ်လူအနေနဲ့ တန်ဟက်ရဲ့ကစားကွက်ကြောင့် ဖာနန်ဒက်စ်ထက်ပိုပြီး နေရာရနိုင်တယ်လို့ ယုံကြည်နေပါတယ်။ကတ်စ်ကာရီနိုက “အဲရစ်ဆင်က ဘောလုံးအမြဲကိုင်ချင်တဲ့ ကစားသမားဖြစ်ပြီး တည်ကန်ဘောတွေမှာ ကောင်းသလို ဘောလုံးအမြင်တွေ၊ ဘောလုံးပေးပို့မှုတွေ အတော်ကောင်းပါတယ်။ သူက ယူနိုက်တက်က ကွင်းလယ်လူတွေထဲ အကောင်းဆုံးပါပဲ”

“ဖာနန်ဒက်စ်အပေါ် ကျွန်တော် စိုးရိမ်တာက ယမန်နှစ်ရာသီက တော်တော်လေး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတာကြောင့် သူ မတူညီတဲ့ပုံစံနဲ့ ပြောင်းကစားရမလားဆိုတာ မသိပါဘူး”




“သူ ယူနိုက်တက်အတွက် ကွင်းထဲ ဘာဖန်တီးမှုတွေမှ မလုပ်နိုင်တော့တာကြောင့် နံပါတ်၁၀နေရာလိုမျိုး နေရာကောင်းရတော့မှာ မဟုတ်ပါဘူး။ ယမန်နှစ်ရာသီက တိုက်စစ်မှူးနဲ့ ကွင်းလယ်ကြား သူတစ်ယောက်ထဲ ဖြစ်နေပြီး အဲ့ဒီအပေါ် သူ စိတ်ပျက်ခဲ့တာကို သူ့ရဲ့ အမူအရာတွေမှာ မြင်တွေ့နိုင်ပါတယ်”




“အခုတော့ အဲရစ်ဆင်က ဖာနန်ဒက်စ်ထက် နေရာပိုရမယ်လို့ ခံစားရပါတယ်။ သူ မနှစ်ကရာသီက ခြေစွမ်းအပေါ် သိပ်ပြီး မသေချာပဲ တန်ဟက် ကစားချင်တဲ့ပုံစံမှာ အံဝင်မယ်လို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။




ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမားဘ၀ ၁၈လအတွင်း တောက်လျောက် ခြေစွမ်းပြကာ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ ယမန်နှစ်ရာသီကတော့ ပေါ်တူဂီသားတစ်ယောက် ယခင်က ခြေစွမ်းတွေ မရတော့ပဲ ပြိုင်ပွဲစုံ ၁၀ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။အဲရစ်ဆင်ကတော့ ဘရန့်ဖို့ဒ်နဲ့ ရာသီဝက်အတွင် အထူးခြေစွမ်းပြကာ ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.