သူအကြိုက်ဆုံးပြိုင်ဘက်အသင်းကွင်းတစ်ကွင်းကို ပြောပြခဲ့တဲ့ ဖာနန်ဒတ်

ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ လိဒ်ယူနိုက်တက်ရဲ့ အိမ်ကွင်း အယ်လန်ရုတ်ကွင်းကို သူ့အနေနဲ့ အကြိုက်ဆုံး အဝေးကွင်း ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ ဘရူနိုဟာ ထိုကွင်းမှာ သူ့အနေနဲ့ ကောင်းမွန်တဲ့ ဂိုးသွင်းမှတ်တမ်းလည်း ရှိထားတာပါ။




ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမားဘဝမှာ လိဒ်ယူနိုက်တက်နဲ့ လေးကြိမ်တိုင်တိုင်တွေ့ဆုံကစားထားခဲ့ပြီး သုံးကြိမ် အနိုင်ရခဲ့ကာ တစ်ကြိမ် သရေရလဒ်ထွက်ပေါ်လာခဲ့ပါတယ်။

ဘရူနိုဟာ ယူနိုက်တက်အသင်းမှာ ၂၀၂၀-၂၁ ခုနှစ်မှာ စတင်ပြီး လိဒ်ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားခဲ့ကာ အိမ်ကွင်း အိုးထရက်ဖို့မှာ ၆-၂ ဂိုးနဲ့ အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။ ထိုနှစ် ဒုတိယအကျော့မှာတော့ ယူနိုက်တက်နဲ့ လိဒ်ဟာ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။




နောက်နှစ်မှာတော့ ယူနိုက်တက်အိမ်ကွင်းမှာ လိဒ်ယူနိုက်တက်နဲ့ ကစားစဉ် ဖာနန်ဒက်စ်ဟာ ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယအကျော့ ရော့ရှိုင်းယားမှာရှိတဲ့  လိဒ်ယူနိုက်တက်ရဲ့ အယ်လန်ရုတ်ကွင်းမှာ ကစားတဲ့ အခါမှာလည်း ဖာနန်ဒက်စ်က သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါသေးတယ်။ 




ဒါကြောင့် လိဒ်အသင်းနဲ့ လေးကြိမ် တွေ့ဆုံပြီး စုစုပေါင်း ၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့တဲ့မှတ်တမ်းပိုင်ဆိုင်ထားတဲ့ ဖာနန်ဒက်စ်အနေနဲ့ အနှစ်ခြိုက်ဆုံးအဝေးကွင်းကို မေးတဲ့အခါမှာ အယ်လန်ရုတ်လို့ ဖြေဆိုခဲ့တာကလည်း အံ့ဩစရာတော့ မဟုတ်ခဲ့ပါဘူး။ 




“ကျွန်တော့်အနေနဲ့ ပရိတ်သတ်တွေအနေနဲ့လည်း ကြီးမားတဲ့အရာတစ်ခုဆိုတာကျွန်တော်သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လိဒ်အသင်းကို သွင်းဂိုးတွေ အများကြီးရယူဖူးပါတယ်။ “




လို့ ဩစတြေးလျ မဲလ်ဘုန်းမှာ ကျင်းပတဲ့ ယူနိုက်တက်အသင်းရဲ့ အဝေးကွင်း အင်္ကျီ မိတ်ဆက်တဲ့ ပွဲမှာ ဖာနန်ဒက်စ်က ဖြေကြားခဲ့ပါတယ်။ လာမယ့် ရာသီမှာ ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အသင်းဟာ လိဒ်ယူနိုက်တက်ကို ပထမအကျော့အဖြစ် စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့မှာ အိမ်ကွင်း အိုးထရက်ဖို့မှာ လက်ခံ ကစားရမှာဖြစ်ပြီဒုတိယအကျော့ကိုတော့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ အယ်လန်ရုတ်မှာ သွားရောက် ကစားရမှာပါ။

crd

Leave a Reply

Your email address will not be published.